မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၈၁

“ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”

“ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”

(လုကာ ၁၇:၅)

၁။ ကျွန်ုပ်တို့မစုံလင်၍၊ အို ယေဟောဝါ၊

စိတ်နှလုံး အကြံအစည်သည် ဆိုး၏။

ကျွန်ုပ်တို့ ကျော့မိလွယ်သော အပြစ်ရှိပါ—

သက်ရှင်ဘုရားကို မယုံခြင်းဖြစ်၏။

(ထပ်ကျော့ပိုဒ်)

ယုံကြည်ခြင်း တိုးစေတော်မူပါ၊ ယေဟောဝါ။

လိုအပ်သည့်အတိုင်း စောင်မပေးတော်မူပါ။

ကရုဏာဖြင့် ယုံကြည်ခြင်းမြှင့်တင်ပေးပါ၊

အပြောအလုပ်ဖြင့် ဂုဏ်တော်ချီးမွမ်းရန်။

၂။ ယုံကြည်ခြင်းမရှိလျှင် စိတ်တော်မတွေ့နိုင်။

ယုံခြင်းအကျိုးရမည်ကို ယုံရမည်။

ယုံကြည်ခြင်းသည် ဒိုင်းသဖွယ် ခိုလှုံရာဖြစ်။

မကြောက်ရွံ့ဘဲ အနာဂတ် ရင်ဆိုင်မည်။

(ထပ်ကျော့ပိုဒ်)

ယုံကြည်ခြင်း တိုးစေတော်မူပါ၊ ယေဟောဝါ။

လိုအပ်သည့်အတိုင်း စောင်မပေးတော်မူပါ။

ကရုဏာဖြင့် ယုံကြည်ခြင်းမြှင့်တင်ပေးပါ၊

အပြောအလုပ်ဖြင့် ဂုဏ်တော်ချီးမွမ်းရန်။

(က. ၈:၂၁; ဟေဗြဲ ၁၁:၆; ၁၂:၁ တို့ကိုလည်းကြည့်ပါ။)