မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၂၇

နာမတော်တည်သောနေရာ

နာမတော်တည်သောနေရာ

(၁ ရာဇဝင်ချုပ် ၂၉:၁၆)

၁။ ကြီးမြတ်ခွင့်ထူးပါ ရှင်ယေဟောဝါ၊

တည်ဆောက်ရ နာမအတွက်နေရာ။

ဂုဏ်တော်၊ ဘုန်းတော် ပျံ့နှံ့စေရေးအတွက်

ယခု ဝမ်းမြောက်လျက် ပေးကာဆက်။

ကျွန်ုပ်တို့ပေးဆက်ရာ အားလုံး၏

မူလပိုင်ရှင်မှာ ကိုယ်တော်ပါ။

ကျွန်ုပ်တို့ လုပ်အား၊ ကျွမ်းကျင်မှု၊ ဥစ္စာ၊

လှိုက်လှဲဝမ်းမြောက်စွာ ဆက်သမှာ။

(ထပ်ကျော့ပိုဒ်)

ဤနေရာကို ဆက်သပါ၏၊

နာမတော်မြတ် ကျော်စောပါစေ။

ဤနေရာကို ဆက်ကပ်ပါ၏၊

လက်ခံတော်မူပါ အဖ။

၂။ အဖဘုရားအား ချီးမြှောက်ပါရစေ၊

ချီးမွမ်းခြင်း ပြည့်စေ ဤနေရာ။

ကိုယ်တော့်နည်းလမ်း လေ့ကျက်သူတိုး၍

ကိုယ်တော့်ဘုန်းတော် တိုးမြင့်ပါစေ။

ဝတ်ပြုရေးအတွက် ဤနေရာအပ်နှံ၊

စိတ်အားထက်သန်စွာ စောင့်ရှောက်မှာ။

သက်သေအဖြစ် ရေရှည်တည်တံ့ရေး၊

ဟောပြောသောသတင်း ထောက်ပံ့ပေး။

(ထပ်ကျော့ပိုဒ်)

ဤနေရာကို ဆက်သပါ၏၊

နာမတော်မြတ် ကျော်စောပါစေ။

ဤနေရာကို ဆက်ကပ်ပါ၏၊

လက်ခံတော်မူပါ အဖ။

(၃ ရာ. ၈:၁၈၊ ၂၇; ၅ ရာ. ၂၉:၁၁-၁၄; တ. ၂၀:၂၄ တို့ကိုလည်းကြည့်ပါ။)