မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇၄

ယေဟောဝါ၏ ဝမ်းမြောက်ခြင်း

ယေဟောဝါ၏ ဝမ်းမြောက်ခြင်း

(နေဟမိ ၈:၁၀)

၁။ ခေတ်ကာလနိမိတ်များ နိုင်ငံတော်ကြေညာ။

အားလုံးကြားအောင် သတင်းကောင်းဟော။

ခေါင်းကိုကြွ၍ ကယ်တင်ခြင်းကို ကြည့်ရှုလော့၊

ကယ်နုတ်သောအချိန် နီးလာပြီ။

(ထပ်ကျော့ပိုဒ်)

ယေဟောဝါ၏ ဝမ်းမြောက်ခြင်း တို့ရဲတိုက်။

ဝမ်းမြောက်စွာ သံကုန်ကြွေးကြော်ကြ။

မျှော်လင့်လျက်ဝမ်းမြောက်၊ ကျေးဇူးတင်ကြောင်းဖော်ပြ၊

ကောင်းကင်ဘုံဘုရားကို ချီးမွမ်းကြ။

ယေဟောဝါ၏ ဝမ်းမြောက်ခြင်း တို့ရဲတိုက်။

နာမတော် လူတိုင်းသိရမည်။

တို့ဘုရား–ဘုရင်အား အစဉ်ဆည်းကပ်မည်၊

အမှုတော်တွင် အမြဲဝမ်းမြောက်မည်။

၂။ ယေဟောဝါ ချစ်သူတို့၊ ဘုရားမျှော်ကိုးကြ။

ကြောက်ရန်မလို၊ ခွန်အားကြီး၏။

မတ်တတ်ရပ်၍ မိုးချုန်းသံနှယ် ကြွေးကြော်ကြ၊

ဝမ်းမြောက်သီချင်းဆို ဘုရားအား။

(ထပ်ကျော့ပိုဒ်)

ယေဟောဝါ၏ ဝမ်းမြောက်ခြင်း တို့ရဲတိုက်။

ဝမ်းမြောက်စွာ သံကုန်ကြွေးကြော်ကြ။

မျှော်လင့်လျက်ဝမ်းမြောက်၊ ကျေးဇူးတင်ကြောင်းဖော်ပြ၊

ကောင်းကင်ဘုံဘုရားကို ချီးမွမ်းကြ။

ယေဟောဝါ၏ ဝမ်းမြောက်ခြင်း တို့ရဲတိုက်။

နာမတော် လူတိုင်းသိရမည်။

တို့ဘုရား–ဘုရင်အား အစဉ်ဆည်းကပ်မည်၊

အမှုတော်တွင် အမြဲဝမ်းမြောက်မည်။