မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၆၆

ယေဟောဝါအား တစ်သက်တာလုံး ဝတ်ပြုခြင်း

ယေဟောဝါအား တစ်သက်တာလုံး ဝတ်ပြုခြင်း

(မဿဲ ၂၂:၃၇)

၁။ အို ယေဟောဝါ၊ ချုပ်ခြာမင်းမြတ်၊

ကျွန်ုပ်ချစ်၍နာခံ ကိုယ်တော်သာ။

အကြွင်းမဲ့ဝတ်ပြု ခံထိုက်သူ၊

ကျွန်ုပ်အားစိတ်ချမှု မြဲစေမှာ။

အမိန့်တော်များကို သစ္စာရှိလိုက်နာ၊

ဝမ်းမြောက်ခြင်းဖြင့် အလိုဆောင်မှာ။

(ထပ်ကျော့ပိုဒ်)

အို ယေဟောဝါ၊ ထိုက်တော်မူသော

တစ်သက်လုံးဝတ် ကျွန်ုပ်ဆက်ပါသည်။

၂။ အမှုတော်များ ကိုယ်တော်ကိုချီးမြှောက်၊

ကမ္ဘာ၊ ကြယ်၊ လတို့ ဘုန်းတော်ကြေညာ။

ဝတ်ပြုရန် အသက်တာပေးဆက်၊

နာမထင်ရှားရန် ကြိုးစားမည်သာ။

အကြွင်းမဲ့အပ်နှံ ကတိနှင့်အညီ၊

သက်ရှင်ဖို့ရာ ကြိုးစားပါမည်။

(ထပ်ကျော့ပိုဒ်)

အို ယေဟောဝါ၊ ထိုက်တော်မူသော

တစ်သက်လုံးဝတ် ကျွန်ုပ်ဆက်ပါသည်။