မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၂၁

အချင်းချင်း အားပေးကြ

အချင်းချင်း အားပေးကြ

(ဟေဗြဲ ၁၀:၂၄၊ ၂၅)

၁။ စဉ်မြဲ ယေဟောဝါ့အမှုဆောင်ရန်၊

အချင်းချင်းကို တို့တိုက်တွန်းသောအခါ

ချစ်ခြင်းမေတ္တာနှောင်ကြိုး မြဲခိုင်လာ။

အလုပ်မွန် စည်းလုံးငြိမ်သက်စေ။

ဘုရားလူမျိုး၌တွေ့သောမေတ္တာ

ယောက်တိုင်း ခံရပ်ဖို့ရဲရင့်စေ။

အသင်းတော်သည် ခိုလှုံဖို့နေရာ၊

တို့စိတ်ချ၊ ဘေးကင်းလုံခြုံရာ။

၂။ တော်သင့်သောအချိန် ဆိုသောစကား

နှစ်သက် နာပျော်ဖွယ်လွန်ကောင်းလှ။

လွန်သစ္စာရှိ မိတ်ဆွေများထံမှ

နှစ်သိမ့်စကား တို့အစဉ်ကြား။

မျှော်လင့်ချက်ပန်းတိုင်တူသူများနှင့်

လက်တွဲလုပ်ခွင့်ရခြင်း ကောင်းလှ။

အချင်းချင်း မြဲမြံခိုင်ခံ့စေကာ

ဝိုင်းထမ်းကူ လေးသောဝန်ထုပ်များ။

၃။ ယေဟောဝါ့နေ့တော်ကြီး နီးကြောင်းကို

တို့ယုံကြည်ခြင်းမျက်စိဖြင့်တွေ့၊

ကိုယ်တော့်နည်းလမ်းတော်ဖြင့် သက်ရှင်ရန်

တို့ပေါင်းစု စည်းဝေးရန်လိုပေ။

ယေဟောဝါ၏ ကျေးကျွန်များနှင့်အတူ

အမြဲ တို့ဝတ်ပြုသွားလိုကြ။

ထိုကြောင့် တို့သမာဓိမြဲခိုင်ရန်

အချင်းချင်း တို့အားပေးနေမှာပါ။