သီချင်း ၁၀၄
ငါနှင့်အတူ ဂျားကိုချီးမွမ်းကြ
၁။ ဂျား အတူချီးမွမ်း၊
ကျယ်လောင်ပါစေ။
ဇီဝအသက်၊ ကောင်းရာများပေးရှင်ဖြစ်။
နေ့ညအစဉ်
နာမချီးမွမ်း။
အနန္တတန်ခိုး ပြည့်ဝမေတ္တာ ခြုံလွှမ်း။
သီဆိုချီးမွမ်း၊ နာမတော် တို့ဝန်ခံ။
၂။ ဂျား အတူချီးမွမ်း၊
တောင်းဆုနားညောင်း၊
ကျေနပ်အားရစွာ လိုအပ်ရာဖြည့်ပေး။
အားနည်းသူအား
လက်ရုံးဖြင့်ထူ၊
စွမ်းအားတော်ဖြင့် နှိမ့်ချသူအားထောက်မ။
နာမ တို့ချီးမွမ်း၊ တန်ခိုးတော် ပြောကြား။
၃။ ဂျား အတူချီးမွမ်း၊
တရားသောအရှင်၊
နှစ်သိမ့်ခြင်းဘုရား၊ တို့အားကိုးယုံကြည်။
အမှားကိုပြုပြင်၊
နှလုံးငြိမ်းစေ။
နိုင်ငံတော်ကောင်းချီး အားလုံးခံစားအံ့။
လာကြ၊ ဝမ်းမြောက်ထက်သန်စွာ ချီးမွမ်းကြ။
(ဆာ. ၉၄:၁၈၊ ၁၉; ၁၄၅:၂၁; ၁၄၇:၁; ၁၅၀:၂ တို့ကိုလည်းကြည့်ပါ။)