မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၃၂

အောင်ပွဲခံသီချင်း

အောင်ပွဲခံသီချင်း

(ထွက်မြောက်ရာ ၁၅:၁)

၁။ ဧကျူး ယေဟောဝါ။ နာမမြတ် လွန်ကဲ ချီးမြှင့်ခံရ။

အီဂျစ် ရန်သူများကို ပင်လယ်ထဲသို့ ချပစ်ပြီ။

ဂျားကိုချီးမွမ်းကြ၊ ကိုယ်တော်မှတစ်ပါး အခြားမရှိ။

အောင်ပွဲခံသောဘုရား၊ နာမတော်ကား ယေဟောဝါ။

(ထပ်ကျော့ပိုဒ်)

ယေဟောဝါရှင်၊ အမြင့်ဆုံးဘုရား၊

ကာလအစဉ်အဆက် မပြောင်းလဲပါ၊

မကြာမီ ရန်သူတို့ကို ဆုံးစေ၍

နာမမြတ်ကို သန့်ရှင်းစေအံ့။

၂။ ယခု လူမျိုးအားလုံး ဆန့်ကျင်နေ၊ ဘုရင်ယေဟောဝါအား။

ဖာရောထက် တန်ခိုးကြီးကြလည်း အရှက်ကွဲကြရမှာ။

မုချပျက်စီးအံ့၊ အာမေဂဒုန်ကပ် မကျော်ကြပါ။

နာမတော် ယေဟောဝါ၊ လူတိုင်း မကြာ သိရအံ့။

(ထပ်ကျော့ပိုဒ်)

ယေဟောဝါရှင်၊ အမြင့်ဆုံးဘုရား၊

ကာလအစဉ်အဆက် မပြောင်းလဲပါ၊

မကြာမီ ရန်သူတို့ကို ဆုံးစေ၍

နာမမြတ်ကို သန့်ရှင်းစေအံ့။

(ဆာ.၂:၂၊ ၉; ၉၂:၈; မာလ. ၃:၆; ဗျာ. ၁၆:၁၆ တို့ကိုလည်းကြည့်ပါ။)