မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၉၄

ဘုရား၏ ကောင်းမြတ်သောဆုကျေးဇူးများနှင့် ရောင့်ရဲလော့

ဘုရား၏ ကောင်းမြတ်သောဆုကျေးဇူးများနှင့် ရောင့်ရဲလော့

(ယာကုပ် ၁:၁၇)

၁။ ကောင်းမြတ်စုံလင် နှစ်သက်ဖွယ်ရာ

ဆုကျေးဇူးမှန်သမျှ၊

အသက်တွက် အမှန်ဖိုးထိုက်ရာ၊

ဘုရားထံတော်မှလာ။

ကိုယ်တော်သည် ပြောင်းလဲ၊ ယိမ်းယိုင်ခြင်း

အနည်းငယ်မျှပင်မရှိ။

ယေဟောဝါ အသက်၊ အလင်း ရင်းမြစ်၊

ထောက်ပံ့ရှင်ဖြစ်ပေ၏။

၂။ နေ့စဉ်အတွက် တို့လိုအပ်ရာများ

စိုးရိမ်စရာမလို၊

စာငှက်ကျွေးမွေးရှင်၊ မေတ္တာဖြင့်

စောင့်ရှောက်မည် တို့သိထား။

အချည်းနှီးအရာတွက် နေရာမပေး၊

ခိုက်ရန်တွက် အချိန်မပေး။

ဘုရားထောက်ပံ့ရာနှင့် ရောင့်ရဲလျက်၊

ရိုးရှင်းဘဝ သက်ရှင်။

၃။ လူ့အမြင်တွင် အထင်ကြီးစရာ၊

ဘုရားရှေ့ အချည်းနှီးသာ။

ခုသက်ရှင်ရာ နေ့ရက်များကို

တည်မြဲရာတွက်သုံးစို့။

ဘုရားထံ၌ စုထားဥစ္စာ၊

လူသေသော်လည်း လုံခြုံ။

ရောင့်ရဲမှုပေးဆုကို တန်ဖိုးထား၊

မျက်စိ ရိုးရှင်းစေမည်။

(ယေ. ၄၅:၅; မ. ၆:၂၅-၃၄; ၁ တိ. ၆:၈; ဟေဗြဲ ၁၃:၅ တို့ကိုလည်းကြည့်ပါ။)