မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၂၃

သိုးထိန်းများ—လူ့အသွင်ဆုများ

သိုးထိန်းများ—လူ့အသွင်ဆုများ

(ဧဖက် ၄:၈)

၁။ ကူညီမှုအတွက် ယေဟောဝါစီမံ၊

ထိန်းကျောင်းရန် သိုးထိန်းများ။

ကျင့်ကြံပြုမူ နေထိုင်ပုံအတွက်၊

စံနမူနာဖြင့်ပြ။

(ထပ်ကျော့ပိုဒ်)

ယုံကြည်စိတ်ချရသူ၊ သစ္စာရှိ၊

ဖြောင့်မှန်သူများ ဘုရားပေး။

သိုးတော်စုအတွက် သူတို့ကြောင့်ကြပေး၊

ထိုကြောင့် သူတို့အားချစ်ကြ။

၂။ မေတ္တာရှိသိုးထိန်းများ စာနာ၍၊

နူးညံ့စွာ လမ်းပြပေး။

အနာတရဖြစ်လျှင် ကုသ၍၊

ကြင်နာစွာ နှစ်သိမ့်ပေး။

(ထပ်ကျော့ပိုဒ်)

ယုံကြည်စိတ်ချရသူ၊ သစ္စာရှိ၊

ဖြောင့်မှန်သူများ ဘုရားပေး။

သိုးတော်စုအတွက် သူတို့ကြောင့်ကြပေး၊

ထိုကြောင့် သူတို့အားချစ်ကြ။

၃။ တို့အားဆုံးမ၊ ပေးကမ်း အကြံဉာဏ်၊

တို့လမ်းမလွဲစေရန်။

ဘုရားနည်းအတိုင်း သက်ရှင်၍၊ နေ့စဉ်

ဝတ်ပြုနိုင်ရန် ကူပေး။

(ထပ်ကျော့ပိုဒ်)

ယုံကြည်စိတ်ချရသူ၊ သစ္စာရှိ၊

ဖြောင့်မှန်သူများ ဘုရားပေး။

သိုးတော်စုအတွက် သူတို့ကြောင့်ကြပေး၊

ထိုကြောင့် သူတို့အားချစ်ကြ။