မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၉၆

ထိုက်တန်သူတို့ကို ရှာဖွေပါ

ထိုက်တန်သူတို့ကို ရှာဖွေပါ

(မဿဲ ၁၀:၁၁-၁၅)

၁။ နိုင်ငံတော်သတင်း ဟောရာတွင် တို့သခင်

တို့အား လမ်းပြနည်းပေး၊ ညွှန်ကြား–

‘ဘုရားအားမှီခိုဖို့လိုကြောင်း သိသူများ

သင်တို့ ရောက်လေရာ၌ ကြိုးစားရှာ။

ငြိမ်သက်စေဟု အိမ်ရှင်အား နှုတ်ဆက်ခြင်းဖြင့်

ထိုက်တန်သူတို့အား ငြိမ်သက်ခြင်းပေး။

သင်တို့အား လူတွေ ပစ်ပစ်ခါ ငြင်းပယ်လျှင်

ဖဝါးမြေမှုန့်များခါ၍ ထွက်သွားပါ။’

၂။ သင်တို့ကိုလက်ခံလျှင် သခင်ကိုလည်းလက်ခံ။

သူတို့နှလုံး ဘုရားဖွင့်ပေး။

ထာဝရအသက် လိုလား သူတို့စိတ်သဘောက

သင်တို့နှင့်ဝတ်ပြုရန် စေ့ဆော်မည်။

ပြောဆိုရန်စကားတွက် စိုးရိမ်ဖို့မလို၊

ရှင်ယေဟောဝါ ကူညီထောက်မမှာ။

စကား ဆားပါသလို နှစ်လိုဖွယ်ကောင်းပါက

နှိမ့်ချနူးညံ့သူ စိတ်တိမ်းညွှတ်မည်။

(တ. ၁၃:၄၈; ၁၆:၁၄; ကော. ၄:၆ တိုကိုလည်းကြည့်ပါ။)