မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၅၇

ကျွန်ုပ်၏ နှလုံးအကြံအစည်

ကျွန်ုပ်၏ နှလုံးအကြံအစည်

(ဆာလံ ၁၉:၁၄)

၁။ ကျွန်ုပ်အကြံအစည် စိတ်ကူးများ၊

တွေးတောဆင်ခြင်မှု တစ်နေ့တာ—

နှစ်သက်တော်မူရာ ဖြစ်စေပါ၊

မကွာစေ ကိုယ်တော့်နည်းလမ်းမှာ။

စိတ်စိုးရိမ်မှုဖြင့် ဝန်လေးကာ

ငြိမ်သက်မှု မဲ့သောညများမှာ၊

ကိုယ်တော်အကြောင်းနှင့် ဖြောင့်မတ်ရာ

တွေးတောဆင်ခြင် နေနိုင်ပါရစေ။

၂။ သန့်ရှင်း၊ မှန်ကန်ရာရှိသမျှ၊

ကောင်းမြတ်၍ အသရေရှိရာ၊

ကျွန်ုပ်ဆင်ခြင်၍ နှလုံးမှာ

ငြိမ်သက်ခြင်း လွှမ်းမိုးပြည့်စေပါ။

အဖိုးထိုက်ပေ အကြံတော်များမှာ

ရေတွက်မကုန်နိုင် မြောက်မြားလှ။

ထို့ကြောင့် ကိုယ်တော့်တရားများကို

လေ့ကျက်ဆင်ခြင် နေနိုင်ပါရစေ။