မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၃၀

အသက်၏ အံ့ဖွယ်ရာ

အသက်၏ အံ့ဖွယ်ရာ

(ဆာလံ ၃၆:၉)

၁။ မွေးကင်းစကလေး၊ ရွာကျသည့်မိုးစက်၊

ဖြာကျနေလင်းရောင်းတန်းတွေ၊ ကောက်သီးနှံတွေ—

ဘုရားလက်ဆောင်များ၊ နည်းလမ်းတော်ဖော်ပြ။

အံ့သြဖွယ်အမှုတော်များဖြင့် နေ့စဉ်ထောက်ပံ့နေ။

(ထပ်ကျော့ပိုဒ်)

အဖိုးထိုက် ဤလက်ဆောင်ကို လက်ဆောင်ရှင်အား တို့

အရေးစိုက်၍ ချစ်ကြောင်းပြဖို့ တို့သုံးသွားကြပါစို့။

လက်ဆောင်ရဖို့ တို့ဘာမျှ လုပ်ယူ၍မရ။

အသက်၏အံ့သြဖွယ် လက်ဆောင်သည် လက်ဆောင်သာ။

၂။ အချို့အရှုံးပေး၊ ကျိုးစားလိုစိတ်မဲ့၊

‘ဘုရားကျိန်ပြီး သေတော့’ ဆို၊ ယောဘကတော်လို။

သူတို့လိုမဟုတ်၊ ဘုရားချီးမွမ်းမည်၊

အဖိုးထိုက် အသက်ရှင်ခွင့်အတွက် တို့ကျေးဇူးတင်။

(ထပ်ကျော့ပိုဒ်)

အဖိုးထိုက်ဤလက်ဆောင်ကို တို့လိုလူသားချင်း

အရေးစိုက်၍ ချစ်ကြောင်းပြဖို့ တို့သုံးသွားကြပါစို့။

လက်ဆောင်ရဖို့ တို့ဘာမျှ လုပ်ယူ၍မရ။

အသက်၏အံ့သြဖွယ် လက်ဆောင်သည် လက်ဆောင်သာ။