မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ၏သတင်းစကား—ခြုံငုံသုံးသပ်ချက်

သမ္မာကျမ်းစာ၏သတင်းစကား—ခြုံငုံသုံးသပ်ချက်
  1. ယေဟောဝါသည် အာဒံနှင့်ဧဝကိုဖန်ဆင်း၍ ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်သည့်အလားအလာကို ပေးထားသည်။ စာတန်သည် ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့ရှုတ်ချ၍ ကိုယ်တော်၏အုပ်ချုပ်ပိုင်ခွင့်ကို စောဒကတက်သည်။ အာဒံနှင့်ဧဝသည် စာတန်၏ပုန်ကန်မှုတွင်ပါဝင်ရာ သူတို့ ကိုယ်တိုင်နှင့် သူတို့၏သားစဉ်မြေးဆက်များအပေါ် အပြစ်နှင့်သေခြင်း ကျရောက်လာသည်

  2. ယေဟောဝါသည် ပုန်ကန်သူများကို စီရင်ချက်ချပြီးနောက် စာတန်ကိုချေမှုန်းမည့်၊ ပုန်ကန်မှုနှင့်အပြစ်၏ဆိုးကျိုးအားလုံးကို ဖယ်ရှားမည့် ကယ်နုတ်ရှင် သို့မဟုတ် အမျိုးအနွယ်ကို ပေါ်ထွန်းစေမည်ဟု ကတိပေးသည်

  3. အာဗြဟံနှင့်ဒါဝိဒ်သည် ဘုရင်အဖြစ်ထာဝစဉ်အုပ်စိုးမည့် အမျိုးအနွယ် သို့မဟုတ် မေရှိယ၏ ဘိုးဘေးများဖြစ်လာမည်ဟု ယေဟောဝါကတိပြုသည်

  4. မေရှိယသည် အပြစ်နှင့်သေခြင်းမှ ကယ်နုတ်ပေးမည်ဖြစ်ကြောင်း ကြိုဟောရန် ပရောဖက်များကို ယေဟောဝါလမ်းညွှန်သည်။ မေရှိယသည် တွဲဖက်အုပ်စိုးသူများနှင့်အတူ ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် အုပ်စိုးကာ စစ်မှုများ၊ အဖျားအနာနှင့်သေခြင်းကိုပင် အဆုံးတိုင်စေလိမ့်မည်

  5. ယေဟောဝါသည် သားတော်ကို မြေကြီးသို့စေလွှတ်သည်။ ယေရှုသည် မေရှိယဖြစ်ကြောင်း ယေဟောဝါဖော်ပြသည်။ ယေရှုသည် ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြော၍ မိမိ၏အသက်ကို ပူဇော်သကာအဖြစ် ပေးဆက်သည်။ ထို့နောက် ယေဟောဝါသည် ယေရှုကို နာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ထမြောက်စေသည်

  6. ယေဟောဝါသည် သားတော်ကို ကောင်းကင်ဘုရင်အဖြစ်နန်းတင်ပြီး ဤလောကစနစ်နောက်ဆုံးနေ့ရက်များ၏အစကို အချက်ပေးဖော်ပြသည်။ ယေရှုသည် မြေကြီး ပေါ်ရှိ မိမိနောက်လိုက်များ ကမ္ဘာတစ်ခွင်တွင် ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောနေသည်ကို လမ်းညွှန် ပေးသည်

  7. ယေဟောဝါသည် မြေကြီးပေါ်တွင် မိမိနိုင်ငံတော် အုပ်ချုပ်မှုစတင်ရန် သားတော်ကိုညွှန်ကြားသည်။ ဘုရားသခင့်နိုင်ငံတော်သည် ဆိုးသွမ်းသောအုပ်ချုပ်မှုအားလုံးကို ချေမှုန်းပြီးနောက် ပရဒိသုကိုတည်ထောင်ပေးသည်၊ သစ္စာရှိ လူသားများကို စုံလင်သည့်အဖြစ်ရရှိစေသည်။ ယေဟောဝါ၏အုပ်ချုပ်ပိုင်ခွင့်သည် သံသယကင်းရှင်းပြီး ကိုယ်တော်၏နာမတော်သည် ထာဝစဉ်သန့်ရှင်းမြင့်မြတ်သွားသည်