မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း

ရေလွှမ်းမိုးဘေးမှတ်တမ်းကနေ ဘာသင်ယူသိရှိသလဲ

ရေလွှမ်းမိုးဘေးမှတ်တမ်းကနေ ဘာသင်ယူသိရှိသလဲ

ဘုရားသခင်က လူဆိုးတွေကို ဖျက်ဆီးပြီး လူကောင်းတွေကို ကယ်တင်တယ်။ ကမ္ဘာဦး ၇:၁၁၊ ၁၂၊ ၂၃

ရက်ပေါင်း ၄၀၊ နေ့ရောညပါ မိုးရွာပြီးနောက် ကမ္ဘာတစ်ခုလုံး ရေဖုံးလွှမ်းသွားတယ်။ လူဆိုးတွေ သေသွားကြတယ်။

ပုန်ကန်တဲ့ ကောင်းကင်တမန်တွေဟာ လူ့ခန္ဓာကို စွန့်ပြီး နာမ်ဝိညာဉ်ဆိုးတွေ ဖြစ်သွားကြတယ်။

သင်္ဘောထဲမှာရှိသူတွေ အသက်ဘေးကနေ လွတ်ခဲ့တယ်။ နောဧနဲ့ မိသားစု နောက်ဆုံးမှာ သေသွားကြပေမဲ့ သူတို့ကို ဘုရားသခင် ထာဝစဉ် ပြန်အသက်ရှင်စေမယ်။

လူဆိုးတွေကို ဘုရားသခင် ဖျက်ဆီးဦးမယ်။ လူကောင်းတွေကို ကယ်တင်ဦးမယ်။ မဿဲ ၂၄:၃၇-၃၉

စာတန်နဲ့ နတ်ဆိုးတွေက လူတွေကို ဆက်လှည့်စားနေကြတယ်။

ဒီနေ့လည်း နောဧခေတ်တုန်းကလိုပဲ လူအများစုက ယေဟောဝါရဲ့ မေတ္တာပါလမ်းညွှန်ချက်ကို နားမထောင်ကြဘူး။ မကြာခင် လူဆိုးအားလုံးကို ယေဟောဝါ ဖျက်ဆီးတော့မယ်။—၂ ပေတရု ၂:၅၊ ၆

လူတချို့ကတော့ နောဧလိုပဲ ဘုရားသခင့်စကား နားထောင်ပြီး ဘုရားပြောတဲ့အတိုင်း လုပ်ကြတယ်။ သူတို့တွေကတော့ ယေဟောဝါသက်သေတွေပါပဲ