မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၈

ယေရှုရဲ့သေခြင်းက သင့်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ

ယေရှုရဲ့သေခြင်းက သင့်အတွက် ဘာအဓိပ္ပာယ် ရှိသလဲ

ကျွန်တော်တို့ အသက်ရဖို့ ယေရှု အသေခံခဲ့တယ်။ ယောဟန် ၃:၁၆

ယေရှု သေဆုံးပြီး သုံးရက်အကြာမှာ အမျိုးသမီးတချို့ သင်္ချိုင်းကို သွားတော့ အုတ်ဂူထဲမှာ ဘာမှ မရှိတာကို တွေ့ခဲ့ရတယ်။ ယေရှုကို သေရာကနေ ပြန်ရှင်အောင် ယေဟောဝါ လုပ်ပေးခဲ့တယ်။

အဲဒီနောက် ယေရှုက တမန်တော်တွေရှေ့မှာ ကိုယ်ယောင်ပြခဲ့တယ်။

ယေဟောဝါက ယေရှုကို သွေးသားခန္ဓာနဲ့ မဟုတ်ဘဲ မမြင်ရတဲ့ ကောင်းကင်တမန်တွေရဲ့ ခန္ဓာမျိုးနဲ့ ပြန်ရှင်စေခဲ့တယ်။ ယေရှု ကောင်းကင် တက်သွားတာကို တပည့်တွေ မြင်တွေ့ ခဲ့ရတယ်။

ဘုရားသခင်က ယေရှုကို အသက်ပြန်ရှင်စေပြီး ဘုရားသခင့်နိုင်ငံတော် ဘုရင်အဖြစ် ခန့်အပ်ခဲ့တယ်။—ဒံယေလ ၇:၁၃၊ ၁၄

လူသားတွေကို ရွေးဖို့ ယေရှု အသက်စွန့်ခဲ့တယ်။ (မဿဲ ၂၀:၂၈) ဒီရွေးဖိုးကြောင့် ဘုရားသခင်က ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်စေတယ်။

မြေကြီးကို အုပ်ချုပ်ဖို့ ယေရှုကို ဘုရင်အဖြစ် ယေဟောဝါ ခန့်အပ်ခဲ့တယ်။ ယေရှုနဲ့အတူ ကောင်းကင်မှာ အုပ်ချုပ်ဖို့ မြေကြီးကနေ ဘုရားသခင့်စကား နားထောင်တဲ့သူ ၁၄၄,၀၀၀ ကို ရွေးချယ်တယ်၊ သူတို့ဟာ မြေကြီးပေါ်မှာ သေဆုံးပြီး ကောင်းကင်ကို ရှင်ပြန်ထမြောက်သွားကြမယ်။—ဗျာဒိတ် ၁၄:၁-၃

ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကို သာယာလှပတဲ့ ဥယျာဉ်ကြီးဖြစ်အောင် လုပ်ပေးမယ်။ စစ်၊ ရာဇဝတ်မှု၊ ဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ်မှုတို့ ရှိတော့မှာ မဟုတ်ဘူး။ လူတွေ တကယ် ပျော်ရွှင်လာကြမယ်။—ဆာလံ ၁၄၅:၁၆