မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၀မ်းနည်းနေတာကို ငါဘယ်လိုဖြေသိမ့် ရမလဲ

၀မ်းနည်းနေတာကို ငါဘယ်လိုဖြေသိမ့် ရမလဲ

အခန်း ၁၃

၀မ်းနည်းနေတာကို ငါဘယ်လိုဖြေသိမ့် ရမလဲ

“သူငယ်ချင်းတွေ အခက်အခဲကြုံတိုင်း သူတို့ပြဿနာတွေကို ကျွန်မ ကူညီဖြေရှင်းပေးတယ်၊ နှစ်သိမ့်ပေးတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်တဲ့အခါ အခန်းထဲမှာငိုနေတာကိုတော့ သိတဲ့သူသိပ်မရှိဘူး။”—ကယ်လီ။

“ကျွန်တော်၀မ်းနည်းနေတဲ့အချိန်ဆို တစ်ယောက်တည်းပဲနေတယ်။ အပြင်သွားဖို့ခေါ်ရင်လည်း အကြောင်းပြပြီး မလိုက်ဘူး။ ၀မ်းနည်းနေတာကို မိသားစုမသိအောင် ဖုံးဖိထားနိုင်တော့ ကျွန်တော်ဘာမှမဖြစ်ဘူးလို့ပဲ သူတို့ထင်ကြတယ်။”—ရစ်ခ်။

သင်ရော ကယ်လီနဲ့ရစ်ခ်တို့လို ခံစားနေရသလား။ ခံစားနေရတယ်ဆိုရင် ငါတော့ တစ်ခုခုမှားနေပြီလို့ အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့။ တကယ်တော့ လူတိုင်းက တစ်ချိန်ချိန်မှာ ၀မ်းနည်းစရာနဲ့ ကြုံတွေ့ရစမြဲပဲ။ ကျမ်းစာထဲမှာပါတဲ့ သစ္စာရှိအမျိုးသား၊ အမျိုးသမီးတွေတောင် ၀မ်းနည်းစရာ ကြုံခဲ့ရတယ်။—၁ ဓမ္မရာဇဝင် ၁:၆-၈; ဆာလံ ၃၅:၁၄

ကိစ္စတချို့မှာ ဘာကြောင့်ဝမ်းနည်းရတယ်ဆိုတာ သိပေမဲ့ ကိစ္စတချို့မှာတော့ မသိဘူး။ “ဆိုးဝါးတဲ့ပြဿနာရှိမှ ဝမ်းနည်းတာမဟုတ်ဘူး။ ဘာပြဿနာမှ မရှိရင်လည်း ၀မ်းနည်းတဲ့ခံစားချက် ဝင်လာတတ်တယ်။ အဓိပ္ပာယ်တော့မရှိဘူး။ ဒါပေမဲ့ အဲဒီလိုဖြစ်နေတော့ ဘယ်လိုလုပ်မလဲ” ဆိုပြီး ၁၉ နှစ်အရွယ် အန်နာပြောပြတယ်။

အကြောင်းရှိလို့ဖြစ်ဖြစ်၊ မရှိလို့ဖြစ်ဖြစ် ဝမ်းနည်းနေတယ်ဆိုရင် သင် ဘာလုပ်နိုင်သလဲ။ အောက်ပါအချက်တွေကို စမ်းလုပ်ကြည့်ပါ–

၁။ ခံစားချက်အကြောင်း ရင်ဖွင့်ပြောပြပါ။ ကျမ်းစာမှာပါတဲ့ သစ္စာရှိအမျိုးသားယောဘဟာ စိတ်သောကရောက်နေချိန်မှာ ‘ခါးသီးနာကြည်းစိတ်နဲ့ ပြောတော့မယ်’ လို့ရင်ဖွင့်ခဲ့တယ်။—ယောဘ ၁၀:၁ကဘ။

ကယ်လီ– “တစ်ယောက်ယောက်ကို ရင်ဖွင့်ပြောပြလိုက်တဲ့အခါ ရင်ထဲမှာပေါ့သွားတယ်။ အနည်းဆုံးတော့ တစ်ယောက်ယောက်က ကျွန်မဘာဖြစ်နေတယ်ဆိုတာ သိသွားတယ်။ ဒီအခါ သူတို့က ဝမ်းနည်းမှုတွင်းနက်ထဲကျနေတဲ့ ကျွန်မအတွက် ကြိုးချပေးပြီး အပေါ်ဆွဲတင်ပေးနိုင်တာပေါ့။ နောက်ဆုံးမှာ စိတ်သက်သာရာရသွားတယ်။”

အကြံပြုချက်– ဝမ်းနည်းလာတဲ့အခါ ကိုယ့်ခံစားချက်ကို ရင်ဖွင့်နိုင်မယ့် သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်ကိုရေးပါ။

․․․․․

၂။ ခံစားချက်အကြောင်း ရေးချပါ။ သင့်ဘဝမှာ ၀မ်းနည်းစရာတွေ ဖိစီးလာပြီဆိုရင် အဲဒီခံစားချက်တွေကို စာရွက်ပေါ်မှာ ရေးချပါ။ ကျမ်းစာမှာပါတဲ့ ဘုရင်ဒါဝိဒ်က သူအကြီးအကျယ်ဝမ်းနည်းနေတဲ့အကြောင်း ဆာလံကျမ်းမှာ ဖော်ပြခဲ့တယ်။ (ဆာလံ ၆:၆) သင့်ခံစားချက်တွေကို ရေးချလိုက်တာက ‘လက်တွေ့ကျဉာဏ်ပညာနဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းကို ကာကွယ်စောင့်ရှောက်’ ဖို့ ထောက်ကူပေးတယ်။—သုတ္တံ ၃:၂၁ကဘ။

ဟယ်သာ– “ဝမ်းနည်းနေတဲ့အခါ အတွေးတွေကို စုစည်းလို့မရဘူး။ ဒါပေမဲ့ ခံစားချက်ကို ရေးချလိုက်တော့ ကိုယ့်အတွေးတွေကို စုစည်းလို့ရသွားတယ်။ အဲဒီအခါ ဘာကြောင့်၀မ်းနည်းနေလဲဆိုတာ နားလည်သွားတာမို့ ရင်ထဲမှာပေါ့သွားတာပဲ။”

အကြံပြုချက်– စိတ်သက်သာမှုရဖို့  စာမျက်နှာ ၉၃ မှာပါတဲ့ ဇယားကို အသုံးပြုပါ။ အဲဒါက ၀မ်းနည်းနေတာကို ဖြေသိမ့်နိုင်ဖို့ ထောက်ကူပေးပါတယ်။

၃။ ခံစားချက်အကြောင်း ဆုတောင်းပါ။ စိုးရိမ်ပူပန်မှုတွေနဲ့ပတ်သက်ပြီး ဆုတောင်းမယ်ဆိုရင် “စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်” လို့ ကျမ်းစာပြောတယ်။—ဖိလိပ္ပိ ၄:၆၊ ၇

အက်စတာ– “ဘာလို့ ဒီလောက်၀မ်းနည်းနေရတာလဲလို့ စဉ်းစားကြည့်ပေမဲ့ အဖြေထွက်မလာဘူး။ ဒါနဲ့ ပျော်ရွှင်လာဖို့ ကူညီပေးပါဆိုပြီး ယေဟောဝါဘုရားဆီ ဆုတောင်းလိုက်တယ်။ အကြောင်းမရှိဘဲ ဝမ်းနည်းနေတော့ ကိုယ့်ကိုယ်ကိုယ်အားမရဘူး။ နောက်ဆုံးတော့ ၀မ်းနည်းတဲ့ခံစားချက်ကို ဖြေသိမ့်နိုင်ခဲ့တယ်။ ဆုတောင်းခြင်းရဲ့အစွမ်းကတော့ အံ့မခန်းပါပဲ။”

အကြံပြုချက်– ယေဟောဝါနဲ့နှစ်ကိုယ်ကြား ဆုတောင်းတဲ့အခါ ဆာလံ ၁၃၉:၂၃၊ ၂၄ ကို နမူနာအဖြစ်သုံးပါ။ ကိုယ့်ခံစားချက်ကို ရင်ဖွင့်ပြောပြပါ။ ဝမ်းနည်းရတဲ့အကြောင်းရင်းကို သိအောင်ကူညီပေးပါလို့ ဆုတောင်းနိုင်တယ်။

အဖိုးတန်တဲ့အကူအညီ နောက်တစ်ခုကတော့ ဘုရားသခင့်စကားတော် သမ္မာကျမ်းစာပါပဲ။ ကျမ်းစာမှတ်တမ်းတွေထဲက အားရှိစရာအကြောင်းအရာတွေကို စိတ်နှလုံးထဲမှာ ဖြည့်ထားမယ်ဆိုရင် စိတ်သက်သာမှုရနိုင်တယ်။ (ဆာလံ ၁:၁-၃) ဒီစာအုပ်မှာပါတဲ့ “စံထားအပ်သူ” တွေအကြောင်းကို ကျမ်းစာမှာဖတ်ကြည့်ဖို့ အကြံပြုပါတယ်။

၀မ်းနည်းနေတာကို မဖြေသိမ့်နိုင်တဲ့အခါ

ရိုင်ယန်က “အိပ်ရာထပြီး အဓိပ္ပာယ်မရှိတဲ့တစ်ရက်တာကို ဖြတ်သန်းမယ့်အစား အိပ်နေတာပဲ ကောင်းတယ်လို့ တစ်ခါတလေ ကျွန်တော်ခံစားမိတယ်” ဆိုပြီးပြောပြတယ်။ အဲဒီလိုစိတ်ကျရောဂါကို ရိုင်ယန်တစ်ယောက်ပဲ ခံစားနေရတာမဟုတ်ပါဘူး။ လေ့လာချက်တွေအရ လူငယ် ၄ ယောက်မှာ ၁ ယောက်ဟာ လူကြီးဘဝမရောက်ခင် အဲဒီရောဂါမျိုးခံစားနေရတယ်။

စိတ်ကျရောဂါရှိနေတယ်ဆိုတာကို သင် ဘယ်လိုသိနိုင်သလဲ။ စိတ်ကျရောဂါရဲ့ လက္ခဏာတချို့ကတော့ ခံစားချက်နဲ့အပြုအမူ လုံးဝပြောင်းလဲသွားတာ၊ လူတွေနဲ့မပေါင်းတော့ဘဲ တစ်ယောက်တည်းနေတာ၊ ဘယ်အလုပ်ကိုမှ စိတ်မ၀င်စားတော့တာ၊ စားချိန်အိပ်ချိန် သိသိသာသာပြောင်းလဲတာ၊ ငါအသုံးမကျဘူး ဒါမှမဟုတ် ငါ့မှာအပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်၀င်လာတာ ဖြစ်တယ်။

လူတိုင်းလိုလို တစ်ချိန်မဟုတ်တစ်ချိန်မှာ အဲဒီလက္ခဏာတွေ ခံစားရတတ်တယ်။ ဒါပေမဲ့ အပတ်တော်တော်ကြာတဲ့အထိ အဲဒီလိုဆက်ဖြစ်နေမယ်ဆိုရင်တော့ မိဘတွေနဲ့တိုင်ပင်ပြီး ဆရာဝန်ပြပါ။ သင့်ရဲ့ဝမ်းနည်းစိတ်ကို ဆေးကုသဖို့လိုမလိုဆိုတာ ဆရာဝန်က ကူညီပေးနိုင်ပါတယ်။ *

သင်က စိတ်ကျရောဂါ ခံစားနေရတယ်ဆိုရင်တောင် ရှက်စရာမဟုတ်ပါဘူး။ စိတ်ကျရောဂါခံစားရသူ အတော်များများက ဆေးကုသမှုခံယူလိုက်တဲ့အခါ သက်သာလာကြတယ်။ သင်ခံစားနေရတဲ့ ဝမ်းနည်းမှုက စိတ်ကျရောဂါကြောင့်ဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ဖြစ်ဖြစ် ဆာလံ ၃၄:၁၈ (ကဘ) မှာပါတဲ့ အားရှိစရာစကားတွေကို သတိရပါ– ‘ယေဟောဝါက စိတ်ကြေကွဲနေသူတွေနဲ့ တရင်းတနှီးရှိတယ်။ စိတ်ထောင်းကိုယ်ကြေဖြစ်နေသူတွေကို ကယ်တင်တယ်။’

နောက်အခန်းမှာဖတ်ကြည့်ပါ

ဝမ်းနည်းနေတဲ့ခံစားချက် ပြင်းထန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ စဉ်းစားတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 22 လူငယ်တချို့က စိတ်ကျရောဂါ ရေရှည်ခံစားရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ စဉ်းစားတယ်။ သင့်မှာ အဲဒီလိုအတွေးဝင်လာရင် ယုံကြည်ရတဲ့ လူကြီးတစ်ယောက်ကို ချက်ချင်းပြောပြပါ။—ထပ်သိချင်ရင် ဒီစာအုပ်ရဲ့ အခန်း ၁၄  ကိုကြည့်ပါ။

အဓိကကျမ်းချက်

‘ယေဟောဝါက စိတ်ကြေကွဲနေသူတွေနဲ့ တရင်းတနှီးရှိတယ်။ စိတ်ထောင်းကိုယ်ကြေဖြစ်နေသူတွေကို ကယ်တင်တယ်။’—ဆာလံ ၃၄:၁၈ကဘ။

အကြံပြုချက်

ဝမ်းနည်းနေတဲ့အခါ ဘယ်လိုခံစားရသလဲ၊ ဝမ်းနည်းရတဲ့အကြောင်းရင်းက ဘာလဲဆိုတာ ရေးပါ။ တစ်လအကြာမှာ ရေးခဲ့တာကို ပြန်ဖတ်ကြည့်ပါ။ အခု သင့်ခံစားချက် ပြောင်းလဲသွားပြီလား။ ပြောင်းလဲသွားပြီဆိုရင် သင့်ကို ဘာက အကူအညီပေးခဲ့တယ်ဆိုတာ ရေးချပါ။

သင်သိပါသလား . . . ?

သင်က ယောက်ျားလေးဖြစ်ရင်တောင် ငိုစရာရှိတဲ့အခါ ငိုချလိုက်ပါ။ တစ်ချိန်မှာ ဘုရင်ဒါဝိဒ်က “ညဘက်မှာ ကျွန်တော့်အိပ်ရာနဲ့ခေါင်းအုံးတွေ မျက်ရည်စိုရွှဲနေပြီ” လို့ ဖွင့်ပြောခဲ့တယ်။—ဆာလံ ၆:၆Contemporary English Version.

လက်တွေ့လုပ်ကြည့်ပါ

ခံစားချက်ပိုကောင်းလာဖို့ ငါလုပ်ဆောင်နိုင်တဲ့အချက်တွေကတော့ ․․․․․

ငါခံစားနေရတဲ့ဝမ်းနည်းမှုကို နှစ်သိမ့်ပေးမယ့် သူငယ်ချင်းတွေကတော့ ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● ငိုချလိုက်တာက ဘာကောင်းကျိုးတွေရသလဲ။

● သင့်ဝမ်းနည်းမှုကို ဖြေသိမ့်နိုင်ဖို့ လူတွေနဲ့ပေါင်းသင်းတာက ဘယ်လိုအကူအညီပေးသလဲ။

[စာမျက်နှာ ၉၆ ပါ အကျဉ်းဖော်ပြချက်]

‘‘ကျွန်မ၀မ်းနည်းနေတဲ့အချိန်ဆို တစ်ယောက်တည်းပဲနေချင်တယ်။ ဒီအခါ ကျွန်မဘာတွေခံစားနေရတယ်ဆိုတာ စဉ်းစားလို့ရပြီး စိတ်ကြိုက်ငိုလို့လည်းရတယ်။ အဲဒီနောက်မှာတော့ ဝမ်းနည်းစေတဲ့ ဘယ်အကြောင်းကိုမှ မစဉ်းစားဖြစ်အောင် လူတွေနဲ့ပေါင်းသင်းဖို့ လိုတယ်ဆိုတာ ကျွန်မသိတယ်။’’—ခရစ္စတင်း

[စာမျက်နှာ ၉၃ ပါ ဇယား/ ရုပ်ပုံ]

 လေ့ကျင့်ခန်းစာရွက်

ဝမ်းနည်းနေတာကို ဖြေသိမ့်နိုင်ပုံ

ဇယားကွက်မှာ ဖြည့်စွက်ပါ

ဖြစ်ရပ်

ဆရာက ငါအသုံးမကျဘူးလို့ ခံစားရအောင်လုပ်တယ်

မကောင်းတဲ့တုံ့ပြန်ပုံ

အတန်းထဲမှာ စာမကြိုးစားချင်တော့ဘူး

ကောင်းတဲ့တုံ့ပြန်ပုံ

သဲလွန်စ– ဒီစာအုပ်ရဲ့ အခန်း ၂၀ ကိုကြည့်ပါ

ဖြစ်ရပ်

သူငယ်ချင်းက ငါ့ကိုအပေါင်းအသင်းမလုပ်ဘူး

မကောင်းတဲ့တုံ့ပြန်ပုံ

သူ့မကောင်းကြောင်းတွေကို လျှောက်ပြောပစ်မယ်

ကောင်းတဲ့တုံ့ပြန်ပုံ

သဲလွန်စ– ဒုတိယတွဲ (အင်္ဂလိပ်) ရဲ့ အခန်း ၁၀ ကို ကြည့်ပါ

ဖြစ်ရပ်

မိဘတွေ ကွာရှင်းလိုက်ပြီ

မကောင်းတဲ့တုံ့ပြန်ပုံ

တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးကို စိတ်ဆိုးနာကြည်းလိုက်မယ်

ကောင်းတဲ့တုံ့ပြန်ပုံ

သဲလွန်စ– ဒီစာအုပ်ရဲ့ အခန်း ၄ ကို ကြည့်ပါ

ဖြစ်ရပ်

․․․․․

မကောင်းတဲ့တုံ့ပြန်ပုံ

․․․․․

ကောင်းတဲ့တုံ့ပြန်ပုံ

․․․․․

ဖြစ်ရပ်

․․․․․

မကောင်းတဲ့တုံ့ပြန်ပုံ

․․․․․

ကောင်းတဲ့တုံ့ပြန်ပုံ

․․․․․

[စာမျက်နှာ ၉၅ ပါ ရုပ်ပုံ]

တခြားသူတွေရဲ့ အကူအညီယူမယ်၊ ကိုယ်တိုင်လည်း ကြိုးစားအားထုတ်မယ်ဆိုရင် ဝမ်းနည်းမှုဆိုတဲ့ တွင်းနက်ကြီးထဲကနေ လွတ်မြောက်နိုင်ပါတယ်