မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စံထားအပ်သူ —ယာကုပ်

စံထားအပ်သူ —ယာကုပ်

စံထားအပ်သူ —ယာကုပ်

ယာကုပ်နဲ့ သူ့အစ်ကိုဧသောတို့ စကားမပြောတာ နှစ်နဲ့ချီနေပြီ။ တကယ်ဆိုရင် ဧသောက ယာကုပ်ကို မုန်းနေတာ။ ယာကုပ်က အမှားလုပ်ထားတာမဟုတ်ပေမဲ့ ပြဿနာဖြေရှင်းဖို့ သူ့ဘက်ကနေ စလုပ်ဆောင်ခဲ့တယ်။ အလျှော့ပေးခဲ့တယ်။ သူ့ရည်ရွယ်ချက်က အနိုင်ရချင်တာ မဟုတ်ဘူး။ အစ်ကို့မေတ္တာကိုရချင်တာ၊ သင့်မြတ်အောင်လုပ်ချင်တာ။ ဒါပေမဲ့ အမှားအမှန်နဲ့ပတ်သက်တဲ့ သူ့စံနှုန်းတွေကို အလျှော့မပေးခဲ့ဘူး။ တစ်ချိန်တည်းမှာ သူကမှန်တဲ့အတွက် သူ့ကိုတောင်းပန်ရမယ်လို့လည်း အတင်းမတောင်းဆိုခဲ့ဘူး။—ကမ္ဘာဦး ၂၅:၂၇-၃၄; ၂၇:၃၀-၄၁; ၃၂:၃-၂၂; ၃၃:၁-၉

သင်ကော မိသားစုဝင်တွေနဲ့ ပြဿနာဖြစ်တဲ့အခါ ဘယ်လိုဖြေရှင်းသလဲ။ ကိစ္စတချို့မှာ သင်က လုံးဝမှန်တယ်၊ မောင်နှမ ဒါမှမဟုတ် မိဘက လုံးဝမှားတယ်လို့ ခံစားမိနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ တစ်ဖက်က စလုပ်ဆောင်ဖို့ သင်စောင့်နေသလား။ ဒါမှမဟုတ် ယာကုပ်လို ကိုယ့်ဘက်ကနေ စလုပ်သလား။ ကျမ်းစာဥပဒေတွေနဲ့ မငြိစွန်းဘူးဆိုရင် သင့်မြတ်ပြေလည်ဖို့အတွက် အလျှော့ပေးချင်စိတ်ရှိသလား။ (၁ ပေတရု ၃:၈၊ ၉) မာနစိတ်ကြောင့် မိသားစုပြိုကွဲသွားမယ့်အဖြစ်မျိုး ယာကုပ် အရောက်မခံခဲ့ဘူး။ သူ့ကိုယ်သူနှိမ့်ချပြီး အစ်ကိုနဲ့ပြန်သင့်မြတ်အောင် လုပ်ဆောင်ခဲ့တယ်။ သင်ကော အဲဒီလိုလုပ်မလား။