မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စံထားအပ်သူ​—ယောဘ

စံထားအပ်သူ​—ယောဘ

စံထားအပ်သူ​—ယောဘ

ယောဘရဲ့ဘဝ ကပြောင်းကပြန် ဖြစ်ကုန်တယ်။ ဦးဆုံး၊ အသက်မွေးဝမ်းကျောင်းအလုပ်တွေ ဆုံးရှုံးသွားတယ်။ ဒုတိယ၊ သားသမီးတွေကို ဆုံးရှုံးလိုက်ရပြီး နောက်ဆုံး သူ့ကျန်းမာရေးပါ ထိခိုက်ခဲ့တယ်။ အဲဒီအဖြစ်အပျက်အားလုံးက လျှပ်တစ်ပြက်အတွင်း မမျှော်လင့်ဘဲ ဖြစ်ပျက်ခဲ့တာ။ ယောဘက စိတ်ပျက်လက်ပျက်နဲ့ ‘အသက်ရှင်ရတာကို ရွံမုန်းလှပြီ’ လို့ပြောခဲ့တယ်။ ‘သိက္ခာကျပြီး ဒုက္ခရောက်နေ’ ပြီလို့လည်း ပြောတယ်။ (ယောဘ ၁၀:၁၊ ၁၅ကဘ) ဒီလိုဆင်းရဲဒုက္ခတွေ ကြုံနေရတာတောင် ယောဘဟာ ဘုရားသခင်ကို မပြစ်မှားခဲ့ဘူး။ (ယောဘ ၂:၁၀) ဘဝအခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း သူ့သဘောထားကတော့ မပြောင်းလဲဘူး။ ဒါကြောင့် ယောဘရဲ့ခံနိုင်ရည်ကို အတုယူထိုက်ပါတယ်။

သင်လည်း ဆင်းရဲဒုက္ခတွေ ကြုံရတဲ့အခါ ‘အသက်ရှင်ရတာကို ရွံမုန်းလှပြီ’ လို့တွေးမိမှာပဲ။ ဒါပေမဲ့ ယောဘလိုပဲ၊ ဘဝအခြေအနေတွေ ဘယ်လိုပြောင်းပြောင်း သင့်သဘောထားမပြောင်းလဲဘူး ဆိုတာပြနိုင်ပါတယ်။ ယေဟောဝါဘုရားကို ဝတ်ပြုမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် မယိမ်းယိုင်စေပါနဲ့။ ဒါနဲ့ပတ်သက်ပြီး ကျမ်းရေးသူယာကုပ်က “ခံနိုင်ရည်ရှိသူတို့ကို ပျော်ရွှင်သူများဟု ငါတို့ခေါ်ဆိုကြပြီ။ ယောဘ၏ခံနိုင်ရည်အကြောင်းကို သင်တို့ကြားကြပြီ။ ယေဟောဝါဘုရား ပေးသနားတော်မူသောရလဒ်ကို သင်တို့သိမြင်ကြပြီ။ သို့ဖြင့် ယေဟောဝါဘုရားသည် အလွန်ချစ်ခင်စုံမက်၍ သနားကြင်နာမှုရှိတော်မူကြောင်းကိုလည်း သင်တို့သိမြင်ကြပြီ” လို့ရေးခဲ့တယ်။ (ယာကုပ် ၅:၁၁) ယေဟောဝါဘုရားက ယောဘကို ဂရုစိုက်ခဲ့သလို သင့်ကိုလည်း ဂရုစိုက်ပါတယ်။