မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စံထားအပ်သူ —ရုသ

စံထားအပ်သူ —ရုသ

စံထားအပ်သူ​—ရုသ

မုဆိုးမ ရုသဟာ သစ္စာစောင့်သိသူဖြစ်တယ်။ ကိုယ့်ဇာတိမြေကိုပြန်သွားပြီး အေးအေးဆေးဆေးနေလို့ရပေမဲ့ အသက်ကြီးတဲ့ယောက္ခမဖြစ်သူ နောမိနဲ့နေဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒါကြောင့် နောက်အိမ်ထောင်ပြုဖို့ အခွင့်အလမ်းနည်းသွားပေမဲ့ သူ့ကိုယ်ကျိုးထက် တခြားအရာတွေကို ပိုဦးစားထားခဲ့တယ်။ နောက်အိမ်ထောင်ပြုဖို့ကိုပဲ အာရုံမစိုက်ခဲ့ဘူး။ နောမိကိုချစ်တဲ့မေတ္တာအပြင် ယေဟောဝါဘုရားရဲ့လူမျိုးနဲ့ အတူနေချင်တဲ့ဆန္ဒ ပိုပြင်းပြခဲ့တယ်။—ရုသ ၁:၈-၁၇

သင်လည်း အိမ်ထောင်ပြုဖို့ စဉ်းစားနေတယ်ဆိုရင် ရုသကို အတုယူပါ။ ကိုယ့်ခံစားချက်တွေကိုပဲ အာရုံမစိုက်ပါနဲ့။ အိမ်ထောင်ဖက်လောင်းအတွက် အကူအညီဖြစ်စေမယ့် ဘယ်လိုအရည်အချင်းကောင်းတွေ ငါ့မှာရှိထားသင့်သလဲလို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။ ဥပမာအနေနဲ့၊ သင်ဟာ သစ္စာစောင့်သိသူလား၊ ကိုယ်ကျိုးစွန့်တတ်သူလား။ ကိုယ့်ဆန္ဒထက် ဘုရားရဲ့တောင်းဆိုချက်တွေကို ဦးစားပေး လုပ်ဆောင်တတ်သူလား။ ရုသဟာ အိမ်ထောင်ပြုဖို့ပဲ အာရုံမစိုက်ခဲ့ဘူး။ ဒါပေမဲ့ ဘုရားသခင်ကိုချစ်ပြီး တခြားအရည်အချင်းကောင်းတွေလည်းရှိတဲ့ အိမ်ထောင်ဖက်နဲ့ ဆုံဆည်းခွင့်ရခဲ့တယ်။ သင်လည်း အဲဒီလိုမဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။