မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အတွင်းမျက်နှာဖုံး

အတွင်းမျက်နှာဖုံး

အတွင်းမျက်နှာဖုံး

ချစ်ရတဲ့ လူငယ်မောင်မယ်တို့၊

ကောင်းကင်ဖခင် ယေဟောဝါဘုရားက သင်တို့ကို သိပ်ချစ်ပြီး ပျော်ရွှင်စေချင်တယ်။ ‘ဒါပေမဲ့ ဒီလိုခေတ်ကြီးမှာ ပျော်ရွှင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား’ လို့တွေးမိမှာပဲ။ အဲဒီလိုတွေးတာ သဘာဝကျပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ဘဝမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရလို့ပဲ။ နေ့စဉ်ရက်ဆက် ကြုံနေရတဲ့ အခက်အခဲဒုက္ခတွေက ပျော်ရွှင်မှုကို လုယူသွားသလိုပဲ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ မေတ္တာရှင်ကောင်းကင်ဖခင်က ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။ လှိုင်းလေထန်တဲ့ ဘဝပင်လယ်ပြင်မှာ လမ်းကြောင်းမှန်ရှာတွေ့နိုင်ဖို့ လိုအပ်တဲ့လမ်းညွှန်ချက်ကို ကျမ်းစာမှာ ဖော်ပြပေးထားတယ်။ ကျမ်းစာကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရေးသားခဲ့တာဖြစ်ပေမဲ့ ကျမ်းစာထဲမှာပါတဲ့ ဆုံးမစကားတွေဟာ ဒီနေ့အထိ လက်တွေ့ကျနေဆဲပါပဲ။—ဆာလံ ၁၁၉:၉၈၊ ၉၉; ၂ တိမောသေ ၃:၁၆၊ ၁၇

သင်တို့ကိုချစ်လို့ ဒီစာအုပ်ကို ပြင်ဆင်ပေးလိုက်ပါတယ်။ သင်တို့ကို ပျော်ရွှင်စေချင်တယ်၊ ဘဝမှာ အကောင်းဆုံးအရာတွေကို ပိုင်ဆိုင်စေချင်တယ်။ ဒါကြောင့် ဒီစာအုပ်ကို အစအဆုံးဖတ်ရုံသာမက ပြဿနာကြုံတိုင်း စာအုပ်မှာပါတဲ့အကြံဉာဏ်တွေကို လိုက်လျှောက်ဖို့ အားပေးချင်ပါတယ်။ ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်တစ်ခုက သင်တို့နဲ့မိဘတွေစပ်ကြား ပြောဆိုဆက်သွယ်မှု ပိုကောင်းလာစေဖို့ပါ။ ဒါကြောင့် မိဘတွေနဲ့အတူ ဖတ်ရှုလေ့လာမယ်လို့ မျှော်လင့်ပါတယ်။ မိဘတွေရဲ့ ဉာဏ်ပညာနဲ့အတွေ့အကြုံကနေ အကျိုးရယူကြပါ။

ဆန္ဒမွန်များစွာဖြင့်၊

ယေဟောဝါသက်သေများရဲ့အုပ်ချုပ်ရေးအဖွဲ့