ဘုရားသခင့်အလိုတော်က ဘာလဲ

ဘုရားသခင့်အလိုတော်က ဘာလဲ

ဘုရားသခင်က ကျွန်တော်တို့ကို ငြိမ်းချမ်းသာယာတဲ့ မြေကြီးပရဒိသုမှာ ထာဝစဉ် ပျော်ရွှင်စွာ အသက်ရှင်စေချင်တယ်။

‘ဒီလို ဘယ်တော့မှ ဖြစ်လာနိုင်မှာမဟုတ်ဘူး’ လို့ သင်စဉ်းစားမိနိုင်တယ်။ ဘုရားသခင့်နိုင်ငံတော်က အဲဒီလိုဖြစ်အောင် လုပ်ဆောင်ပေးနိုင်ကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဘုရားသခင့်နိုင်ငံတော်အကြောင်း၊ လူတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရွယ်ချက်အကြောင်း လူအားလုံး လေ့လာဖို့ ဘုရားသခင် အလိုတော်ရှိတယ်။—ဆာလံ ၃၇:၁၁၊ ၂၉; ဟေရှာယ ၉:၇

ဘုရားသခင်က ကျွန်တော်တို့ကို အကျိုးရယူခံစားစေချင်တယ်။

မေတ္တာပြည့်ဝတဲ့ဖခင်ဟာ ကိုယ့်ကလေးတွေအတွက် အကောင်းဆုံးဖြစ်စေချင်သလို ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံစံဖခင် ယေဟောဝါကလည်း ကျွန်တော်တို့ကို ထာဝစဉ် ပျော်ရွှင်စေချင်တယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) “ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်တဲ့သူကတော့ အမြဲတည်တယ်” ဆိုပြီး ကိုယ်တော်ကတိပြုထားတယ်။—၁ ယောဟန် ၂:၁၇

ဘုရားသခင့် လမ်းစဉ်အတိုင်း ကျွန်တော်တို့ကို လျှောက်လှမ်းစေချင်တယ်။

ဖန်ဆင်းရှင်က ကျွန်တော်တို့ကို ‘ဘုရားရဲ့လမ်းစဉ်အတိုင်း လျှောက်လှမ်း’ နိုင်ဖို့ “နည်းလမ်းတော်တွေ သွန်သင်ပေး” ချင်တယ်ဆိုတဲ့အကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟေရှာယ ၂:၂၊ ၃) ဘုရားသခင်က ‘နာမတော်အတွက် လူတွေကို’ ဖွဲ့စည်းခဲ့တယ်။ သူတို့တွေက ဘုရားအလိုတော်ကို ကမ္ဘာတစ်ဝန်း သိရှိအောင် လုပ်ဆောင်ကြတယ်။—တမန်တော် ၁၅:၁၄

ဘုရားသခင်က ကျွန်တော်တို့ကို ဝတ်ပြုရေးမှာ စည်းလုံးစေချင်တယ်။

ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်းက လူတွေကို စိတ်ဝမ်းကွဲပြားစေမယ့်အစား စစ်မှန်တဲ့မေတ္တာ ဖြစ်ပေါ်လာစေပြီး စည်းလုံးစေတယ်။ (ယောဟန် ၁၃:၃၅) နေရာတိုင်းမှာရှိတဲ့ အမျိုးသား/သမီးတွေ ဘုရားသခင်ကို တစ်စည်းတစ်လုံး ဝတ်ပြုကိုးကွယ်နိုင်ပုံအကြောင်း ဒီနေ့ ဘယ်သူတွေ သွန်သင်ပေးနေသလဲ။ ဒီဘရိုရှာကိုသုံးပြီး အဖြေရှာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။