မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁

ယေဟောဝါသက်သေတွေက ဘယ်လို လူတွေလဲ

ယေဟောဝါသက်သေတွေက ဘယ်လို လူတွေလဲ

ဒိန်းမတ်

ထိုင်ဝမ်

ဗင်နီဇွဲလား

အိန္ဒိယ

ယေဟောဝါသက်သေ ဘယ်နှစ်ယောက်ကို သင်သိပါသလဲ။ ကျွန်တော်တို့ထဲကတချို့ဟာ သင့်ရဲ့အိမ်နီးနားချင်း၊ အလုပ်ဖော်၊ ကျောင်းနေဖက်၊ သင်နဲ့ ကျမ်းစာအကြောင်း ဆွေးနွေးနေတဲ့သူတွေဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဘယ်သူတွေလဲ။ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေအကြောင်း ဘာကြောင့် တခြားသူတွေကို ပြောပြနေကြတာလဲ။

ကျွန်တော်တို့က သာမန်လူတွေပါ။ နောက်ခံ၊ လူနေမှုအဆင့်အတန်းအမျိုးမျိုးက ဖြစ်ပါတယ်။ ကျွန်တော်တို့ထဲကတချို့ဟာ အရင်တုန်းက တခြားဝတ်ပြုရေးကဖြစ်ပြီး တချို့ကျတော့ ဘုရားသခင်ရှိတယ်ဆိုတာကို မယုံကြည်ခဲ့ကြသူတွေပါ။ ဒါပေမဲ့၊ ယေဟောဝါသက်သေ မဖြစ်ခင်မှာ အားလုံး ကျမ်းစာသွန်သင်ချက်တွေကို အသေအချာ ဆန်းစစ်လေ့လာဖို့ အချိန်ယူခဲ့ကြတယ်။ (တမန်တော် ၁၇:၁၁) သိရှိလာတဲ့အရာကို လက်ခံပြီးတော့မှ ယေဟောဝါကို ဝတ်ပြုဖို့အတွက် စိတ်လိုကိုယ်လျောက် ကိုယ်တိုင်ရွေးချယ်ခဲ့ကြတယ်။

ကျမ်းစာလေ့လာခြင်းကနေ ကျွန်တော်တို့ အကျိုးရရှိကြတယ်။ တခြားသူတွေလိုပါပဲ ကျွန်တော်တို့လည်း ပြဿနာတွေ၊ ကိုယ့်အားနည်းချက်တွေကို ရင်ဆိုင်ဖြေရှင်းနေရတယ်။ ဒါပေမဲ့ ကျမ်းစာမူတွေကို နေ့စဉ်ဘဝမှာ ကြိုးစားကျင့်သုံးတဲ့အခါ ကျွန်တော်တို့ရဲ့ဘဝတွေက သိသိသာသာ တိုးတက်လာတယ်။ (ဆာလံ ၁၂၈:၁၊ ၂) ဒါကြောင့် ကျမ်းစာကနေသိရှိလာတဲ့ ကောင်းတဲ့အရာတွေကို တခြားသူတွေလည်း သိလာအောင် လိုက်ပြောပြကြတယ်။

ဘုရားသခင် ချမှတ်ပေးတဲ့စံနှုန်းတွေနဲ့အညီ ကျွန်တော်တို့ နေထိုင်ကြတယ်။ သမ္မာကျမ်းစာမှာ တွေ့ရတဲ့ စံနှုန်းတွေက ကျွန်တော်တို့ကို ပိုပြီးပျော်ရွှင်စေတယ်၊ တခြားသူတွေကို လေးစားဖို့ အားပေးတဲ့အပြင် ရိုးသားမှု၊ ကြင်နာမှု စတဲ့အရည်အသွေးတွေကိုလည်း ဖြစ်ပေါ်စေတယ်။ ကျမ်းစာအခြေခံမူတွေက စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းတဲ့သူတွေ၊ လူ့အဖွဲ့အစည်းကို အကျိုးပြုတဲ့သူတွေ ဖြစ်လာစေတယ်။ မိသားစုကို စည်းလုံးစေပြီး ကိုယ်ကျင့်တရား ကောင်းမွန်စေတယ်။ “ဘုရားသခင် မျက်နှာမလိုက်” ဘူးဆိုတဲ့အချက်ကို အခိုင်အမာ ယုံကြည်စိတ်ချတဲ့အတွက် ကျွန်တော်တို့ကိုယ်ကိုယ် ဝတ်ပြုရေးမှာ စည်းလုံးနေတဲ့ ကမ္ဘာချီ မိသားစုဝင်အဖြစ် ရှုမြင်ကြတယ်။ လူမျိုးရေး၊ နိုင်ငံရေးအတားအဆီးမရှိဘူး။ ကျွန်တော်တို့ဟာ သာမန်လူတွေ ဖြစ်ပေမဲ့ ထူးခြားတဲ့ လူမျိုးတစ်မျိုးအဖြစ် ပေါင်းစပ်ဖွဲ့စည်းထားကြတယ်။ —တမန်တော် ၄:၁၃။ ၁၀:၃၄၊ ၃၅

  • ယေဟောဝါသက်သေတွေမှာ တခြားသူတွေနဲ့ ဘာတူညီချက် ရှိသလဲ။

  • သက်သေခံတွေက ဘယ်စံနှုန်းတွေကို ကျမ်းစာကနေ လေ့လာခဲ့ကြသလဲ။