အခန်း ၆

ခရစ်ယာန်ချင်းတွေနဲ့ ပေါင်းသင်းခြင်းက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ

ခရစ်ယာန်ချင်းတွေနဲ့ ပေါင်းသင်းခြင်းက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ

မာဒါဂက်စကာ

နော်ဝေ

လက်ဘနွန်

အီတလီ

ထူထပ်တဲ့တောကို ဖြတ်လျှောက်ရတာပဲဖြစ်ဖြစ်၊ ရာသီဥတုဆိုးရွားတဲ့ကြား သွားလာရတာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ အစည်းအဝေးတွေကို ပုံမှန်တက်ရောက်ကြတယ်။ ဘဝအခက်အခဲတွေကြား၊ တစ်နေ့တာအလုပ်တွေအပြီး ပင်ပန်းနွမ်းနယ်နေတဲ့ကြားက ယေဟောဝါသက်သေတွေဟာ ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်းဖို့ ဘာကြောင့် ကြိုးစားကြသလဲ။

ဘဝပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ထောက်ကူတယ်။ အသင်းတော်မှာ တွေ့ဆုံပေါင်းသင်းမှုအကြောင်း ပြောတဲ့အခါ ပေါလုက “အချင်းချင်း ထောက်ထားစာနာကြစို့” ဆိုပြီး ပြောခဲ့တယ်။ (ဟီဘရူး ၁၀:၂၄) အဲဒီစကားက တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းလာအောင် လုပ်ရမယ် ဆိုတဲ့အဓိပ္ပာယ်လည်း သက်ရောက်တယ်။ ဒါကြောင့် ပေါလုရဲ့စကားတွေက တခြားသူတွေအကြောင်း စိတ်ဝင်စားဖို့ အားပေးနေတာဖြစ်တယ်။ တခြားသူတွေအကြောင်း သိလာတဲ့အခါ သူတို့ထဲကတချို့ဟာ ကျွန်တော်တို့ကြုံနေရတဲ့အခက်အခဲမျိုးကို အောင်မြင်ကျော်လွှားခဲ့ကြကြောင်း၊ ကျွန်တော်တို့ကိုလည်း အောင်မြင်အောင် ကူညီပေးနိုင်ကြောင်း သိရှိကြတယ်။

ရင်းနှီးခိုင်မြဲတဲ့ မိတ်ဆွေတွေကို ရရှိစေတယ်။ အစည်းအဝေးတွေမှာ အတူစုဝေးသူတွေဟာ အသိတွေလောက်သာ မဟုတ်ဘူး၊ ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်ကြတယ်။ တစ်ခါတလေအကျိုးပြုတဲ့အပန်းဖြေမှုမှာ အတူတကွ အချိန်အသုံးပြုကြတယ်။ အဲဒီလို ပေါင်းသင်းခြင်းက ဘာအကျိုး ဖြစ်ထွန်းစေသလဲ။ တစ်ဦးကိုတစ်ဦး ပိုတန်ဖိုးထားတတ်လာပြီး မေတ္တာနှောင်ကြိုးလည်း ပိုခိုင်မြဲလာတယ်။ ဒီလို ရင်းနှီးခိုင်မြဲတဲ့မိတ်ဆွေတွေ ဖြစ်လာတာကြောင့် အခက်အခဲကြုံလာတဲ့အခါ ညီအစ်ကို၊ ညီအစ်မတွေကိုကူညီပေးဖို့ အသင့်ရှိကြတယ်။ (ပညာ ၁၇:၁၇) အသင်းတော်မှာရှိသူအားလုံးနဲ့ ပေါင်းသင်းခြင်းအားဖြင့် “အပြန်အလှန် ဂရုစိုက်” ကြတယ်။—၁ ကောရိန္သု ၁၂:၂၅၊ ၂၆

ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်နေသူတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ သင့်ကို အားပေးပါတယ်။ အဲဒီလိုမိတ်ဆွေမျိုးကို ယေဟောဝါသက်သေတွေအလယ်မှာ ရှာတွေ့နိုင်ပါတယ်။ ကျွန်တော်တို့နဲ့ ပေါင်းသင်းရမှာကို မတွန့်ဆုတ်ပါနဲ့။

  • အစည်းအဝေးတွေမှာ အတူတကွပေါင်းသင်းတာက ကျွန်တော်တို့ကို ဘယ်လိုအကျိုးပြုသလဲ။

  • ကျွန်တော်တို့ရဲ့ အစည်းအဝေးကို သင် ဘယ်တော့လာတက်မလဲ။