မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀

မိသားစုဝတ်ပြုမှုဆိုတာ ဘာလဲ

မိသားစုဝတ်ပြုမှုဆိုတာ ဘာလဲ

တောင်ကိုရီးယား

ဘရာဇီး

ဩစတြေးလျ

ဂီနီ

ယေဟောဝါဘုရားသခင်က မိသားစုတိုင်းကို အတူတူ အချိန်အသုံးပြုစေချင်တာ ရှေးအချိန် ကတည်းကပါပဲ။ အဲဒါက ဘုရားသခင်နဲ့ ရင်းနှီးလာစေတဲ့အပြင် အချင်းချင်းကိုလည်း ပိုရင်းနှီးစေလို့ပါပဲ။ (တရားဟောရာ ၆:၆၊ ၇) ဒါကြောင့် ယေဟောဝါသက်သေတွေက တစ်ပတ်တာရဲ့ အချိန်တစ်ချိန်ချိန်ကို မိသားစုလိုက် အတူတကွ ဝတ်ပြုချိန်အဖြစ် သတ်မှတ်ထားကြတယ်။ အဲဒီအချိန်မှာ သူတို့အတွက်လိုအပ်တဲ့ ကျမ်းစာအကြောင်းအရာတွေကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဆွေးနွေးကြတယ်။ သင်ဟာ တစ်ကိုယ်ရေတစ်ကာယသမား ဖြစ်မယ်ဆိုရင် ဒီလိုအချိန်မျိုးမှာ ကျမ်းစာအကြောင်းအရာတစ်ခုခုကို လေ့လာခြင်းအားဖြင့် ဘုရားသခင်နဲ့ ပိုရင်းနှီးလာအောင် လုပ်နိုင်ပါတယ်။

ဘုရားသခင်နဲ့ ပိုရင်းနှီးလာစေတဲ့ အချိန်ဖြစ်တယ်။ “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။” (ယာကုပ် ၄:၈) သမ္မာကျမ်းစာမှာပါတဲ့ ယေဟောဝါဘုရားရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်မှု အသေးစိတ်ကို လေ့လာတဲ့အခါ ဘုရားသခင်အကြောင်း ပိုသိလာမယ်။ မိသားစုဝတ်ပြုမှုကို စတင်နိုင်တဲ့ လွယ်ကူတဲ့နည်းလမ်းတစ်ခုကတော့ အတူတူ ကျမ်းစာဖတ်ခြင်းပါပဲ။ ခရစ်ယာန်​အသက်တာ​နဲ့ အမှုဆောင်လုပ်ငန်းအတွက် ပေးထားတဲ့ ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်းဇယားအတိုင်း ဖတ်နိုင်တယ်။ မိသားစုဝင်တွေကို ဖတ်ရမယ့်ကျမ်းပိုဒ်တွေ ခွဲပေးနိုင်ပြီး ဖတ်သွားတဲ့ ကျမ်းချက်ကနေ ဘာသင်ခန်းစာရသလဲဆိုတာ အားလုံး ပါဝင်ဆွေးနွေးနိုင်တယ်။

မိသားစုဝင်အချင်းချင်း ပိုရင်းနှီးလာစေတဲ့ အချိန်ဖြစ်တယ်။ မိသားစုလိုက် ကျမ်းစာ လေ့လာတဲ့အခါ ခင်ပွန်းနဲ့ ဇနီး၊ မိဘနဲ့ သားသမီးနှောင်ကြိုး ပိုခိုင်မြဲလာတယ်။ ဒီအချိန်ကို ပျော်ရွှင်စရာ၊ စိတ်အေးချမ်းစရာအချိန်၊ တစ်ပတ်တာအတွင်း မိသားစုဝင်တိုင်း စောင့်မျှော်နေတဲ့အချိန် ဖြစ်စေသင့်တယ်။ မိဘတွေအနေနဲ့ လေ့လာမယ့်အကြောင်းအရာတွေကို ကလေးတွေရဲ့ အသက်အရွယ်အလိုက် ရွေးချယ်နိုင်တယ်ကင်းမျှော်စင်၊ နိုးလော့! ဒါမှမဟုတ် jw.org ဝက်ဘ်​ဆိုက်​မှာ​ပါတဲ့ အကြောင်း​အရာတွေ​ကို အသုံး​ပြု​နိုင်​တယ်။ ကျောင်းမှာ ကလေး​တွေ​ကြုံ​ရ​တဲ့ ​ပြဿနာ​တွေ၊ ဘယ်​လို​ဖြေရှင်း​နိုင်​မလဲ​ဆို​တာ​တွေ​ကို ပြော​ဆို​ဆွေး​နွေး​နိုင်​တယ်။ JW ရုပ်သံ အစီအစဉ် (tv.pr418.com) ကို ကြည့်ပြီး ဆွေးနွေးနိုင်တယ်။ အစည်းအဝေးမှာ သီဆိုမယ့် သီချင်းတွေကို လေ့ကျင့်နိုင်တယ်။ ဝတ်ပြုမှုပြီးတဲ့အခါ တစ်ခုခုစားသောက်နိုင်ပါတယ်။

ယေဟောဝါကို အတူတကွဝတ်ပြုတဲ့ ဒီပတ်စဉ်အထူးအချိန်အခါက မိသားစုဝင်အားလုံးကို သမ္မာကျမ်းစာလေ့လာမှုမှာ ပျော်မွေ့လာစေမယ်။ သင့်ရဲ့ကြိုးစားအားထုတ်မှုကို ဘုရားသခင် ကြွယ်ဝစွာ ကောင်းချီးပေးပါလိမ့်မယ်။—ဆာလံ ၁:၁-၃

  • မိသားစုဝတ်ပြုမှုအတွက် ကျွန်တော်တို့ ဘာကြောင့် အချိန်သတ်မှတ်ထားကြသလဲ။

  • မိသားစုဝင်တိုင်းအတွက် ဒီအချိန်အခါဟာ ပျော်စရာကောင်းတဲ့အချိန်ဖြစ်ဖို့ မိဘတွေအနေနဲ့ ဘာလုပ်နိုင်သလဲ။