မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၆

အသင်းတော်အမှုထမ်းတွေက ဘာတာဝန်တွေ ထမ်းဆောင်ကြသလဲ

အသင်းတော်အမှုထမ်းတွေက ဘာတာဝန်တွေ ထမ်းဆောင်ကြသလဲ

မြန်မာ

အစည်းအဝေး​ အစီ​အစဉ်

လယ်ကွင်း​အုပ်စု

ဝတ်ပြုရာခန်းမ​ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း

အသင်း​တော်​တာဝန်တွေ ထမ်းဆောင်ကြ​တဲ့ ခရစ်ယာန်​အမျိုးသား​တွေကို “ကြီးကြပ်မှူး​တွေ၊ အသင်း​တော်​အမှု​ထမ်းတွေ” ဆိုပြီး အုပ်စု​နှစ်စု​အနေနဲ့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဖိလိပ္ပိ ၁:၁) အများ​အားဖြင့် အသင်း​တော်​တိုင်းမှာ အကြီးအကဲ​တွေ၊ အသင်း​တော်​အမှု​ထမ်းတွေ ရှိကြ​တယ်။ အသင်း​တော်​အမှု​ထမ်းတွေ​က ကျွန်တော်တို့​အကျိုး​အတွက်​ ဘာတွေ လုပ်ဆောင်ကြ​သလဲ။

အကြီးအကဲအဖွဲ့​ကို ကူညီ​​ပေးကြတယ်။ အသင်း​တော်​အမှု​ထမ်း ညီအစ်ကို​တွေဟာ ယေဟော​ဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး​ရှိသူ၊ ယုံကြည်​စိတ်ချ​ရသူ၊ ဝတ္တရား​ကျေပွန်သူ​တွေ ဖြစ်ပြီး အသက်အရွယ်​ကြီးသူ​ရော၊ အသက်ငယ်​သူတွေ​ပါ ရှိ​ကြ​တယ်။ သူတို့က အသင်း​တော်​နဲ့ ဝတ်ပြုရာခန်းမ​မှာ လိုအပ်​တဲ့​အရာ​တွေကို လုပ်ဆောင်​ပေး​ကြတဲ့​အတွက်​ အကြီးအကဲ​တွေဟာ သွန်သင်ခြင်း​နဲ့ သိုးထိန်းခြင်း​မှာ အာရုံစိုက်​နိုင်ကြ​တယ်။

လိုအပ်​တဲ့ လုပ်ဆောင်မှု​တွေကို လုပ်ပေး​ကြ​တယ်။ တချို့​​အသင်း​တော်​အမှု​ထမ်းတွေ​က အစည်းအဝေး​ တက်ရောက်​လာ​သူ​အားလုံး​ကို ကြိုဆို​တဲ့​တာဝန် ရကြ​တယ်။ တချို့က​တော့ အသံချဲ့စက်၊ အသင်း​တော် စာရင်းအင်း၊ စာအုပ်စာတမ်း ဖြန့်ဝေ​တဲ့၊ အမှု​ဆောင်​ရပ်ကွက်​ကို ကြီးကြပ်ပေး​ရတဲ့ တာဝန်တွေ ရကြ​တယ်။ ဝတ်ပြုရာခန်းမ​ကို ပြုပြင်​ထိန်းသိမ်း​တဲ့​နေရာမှာ​လည်း ကူညီ​​ကြ​တယ်။ သက်ကြီးရွယ်အို​တွေကို ကူညီ​ပေးဖို့​လည်း အကြီးအကဲ​တွေ​က သူတို့ကို တောင်းဆို​နိုင်တယ်။ အသင်း​တော်​အမှု​ထမ်းတွေ​ဟာ ဘယ်​တာဝန်ပဲ​ရ​ပါစေ လိုလိုလားလား လုပ်ဆောင်ကြ​တဲ့အတွက်​ သူတို့ရဲ့ ကြိုးစားလုပ်ဆောင်မှု​နဲ့ တလိုတလား စိတ်ဓာတ်​ကို အသင်း​တော်​အနေနဲ့ လေးစား​​ကြ​တယ်။ —၁ တိမောသေ ၃:၁၃

ခရစ်ယာန်​အမျိုးသား​တွေအဖြစ်​ စံနမူနာကောင်း ပြ​ကြ​တယ်။ ခရစ်ယာန်​ အရည်အသွေးကောင်း ရှိတဲ့​သူတွေ​ကို အသင်း​တော်​အမှု​ထမ်း​အဖြစ်​ ရွေးချယ်​တယ်။ သူတို့​တစ်​တွေ အသင်း​တော်​အစည်းအဝေး​တွေမှာ ပါဝင်​တင်ဆက်​ကြ​တဲ့အခါ​ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း​ကို ခိုင်ခံ့​စေ​ကြ​တယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ ဦးဆောင်​ခြင်းအားဖြင့် ကျွန်တော်တို့ကို စိတ်အားထက်သန်​အောင် လှုံ့ဆော်ပေး​ကြ​တယ်။ သူတို့ရဲ့ ပူးပေါင်းလုပ်ဆောင်​တတ်တဲ့ စိတ်ဓာတ်​က ပျော်ရွှင်မှု၊ စည်းလုံးမှုကို တိုးများ​စေတယ်။ (ဧဖက် ၄:၁၆) နောက်ပိုင်းမှာ​ သူတို့​လည်း အကြီးအကဲ​အဖြစ်​ ထမ်းဆောင်ဖို့ အရည်အချင်း ပြည့်မီ​လာနိုင်တယ်။

  • အသင်း​တော်​အမှု​ထမ်းတွေ​က ဘယ်လို လူမျိုး​တွေလဲ။

  • အသင်း​တော်​လုပ်ငန်း​တွေ အဆင်ပြေပြေ လည်ပတ်​နိုင်​ဖို့ အသင်း​တော်​အမှု​ထမ်းတွေ ဘယ်လို ကူညီ​​ကြ​သလဲ။