မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၇

တိုက်နယ်ကြီးကြပ်မှူးတွေက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးကြသလဲ

တိုက်နယ်ကြီးကြပ်မှူးတွေက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးကြသလဲ

မာလာဝီ

အမှု​ဆောင်​အုပ်စု

အမှု​ဆောင်လုပ်ငန်း

အကြီးအကဲ အစည်းအဝေး

ခရစ်ယာန်​ဂရိကျမ်းစောင်​တွေမှာ ဗာနဗ​နဲ့ တမန်တော်​ပေါလု​​အကြောင်း မကြာခဏ ဖော်ပြတယ်။ သူတို့ဟာ နယ်လှည့်ကြီးကြပ်မှူး​တွေအဖြစ်​ အမှု​ဆောင်​ပြီး အစောပိုင်း အသင်း​တော်​တွေဆီ လည်ပတ်​ခဲ့ကြတယ်။ ဘာကြောင့်လဲ။ ခရစ်ယာန်​ညီအစ်ကို/မတွေ​ရဲ့ အကျိုး​ကို တကယ်​စိတ်ဝင်စား​လို့​ပါပဲ။ ညီအစ်ကို/မတွေ​ရဲ့ အခြေအနေကို သိ​ဖို့ “ပြန်သွား​ပြီး လည်ပတ်​ကြစို့” ဆိုပြီး ပေါလု​ ပြောခဲ့တယ်။ သူတို့ကို အားပေးဖို့​အတွက်​ မိုင်​ရာနဲ့ချီ​တဲ့​ခရီး​ကို သွား​လို​စိတ် ရှိခဲ့တယ်။ (တမန်တော် ၁၅:၃၆) ယနေ့ ကျွန်တော်တို့ရဲ့ တိုက်နယ် ကြီးကြပ်မှူး​တွေလည်း အဲ့​ဒီ​စိတ်သဘောထား​မျိုး ရှိ​ကြ​တယ်။

ကျွန်တော်တို့ကို လာ​အားပေး​တယ်။ တိုက်နယ်ကြီးကြပ်မှူး​တိုင်း​က အသင်း​တော် ၂၀ ဝန်းကျင်​လောက်​ကို တစ်နှစ်​မှာ နှစ်ကြိမ် လည်ပတ်​ပြီး အသင်း​တော်​တစ်ခုမှာ တစ်ပတ်​နေတယ်။ အဲဒီ​​ညီအစ်ကို​တွေနဲ့ အိမ်ထောင်သည်​ဖြစ်မယ်ဆိုရင် သူတို့​ဇနီး​တွေရဲ့ အတွေ့အကြုံ​တွေကနေ ကျွန်တော်တို့ အကျိုး​များစွာ ရ​နိုင်တယ်။ လူကြီးလူငယ်​မရွေး​ကို သိကျွမ်း​အောင် ကြိုးစား​ကြ​တယ်။ သူတို့ဟာ အမှု​ဆောင်လုပ်ငန်းမှာ ကျွန်တော်တို့​နဲ့အတူ ပါဝင်​လို​ကြပြီး ကျွန်တော်တို့ရဲ့ ကျမ်းစာသင်အံမှု​တွေကို လိုက်​လို​ကြ​တယ်။ အကြီးအကဲ​တွေနဲ့​အတူ သိုးထိန်း​လည်ပတ်မှု လုပ်ကြတယ်။ အစည်းအဝေး​​နဲ့ စည်းဝေးပွဲ​တွေမှာ ဟောပြောချက်တွေ ပေးခြင်း​အားဖြင့် ကျွန်တော်တို့ကို အားရှိ​စေ​ကြ​တယ်။—တမန်တော် ၁၅:၃၅

အားလုံး​ကို စိတ်ဝင်စားမှု ပြ​ကြ​တယ်။ တိုက်နယ်ကြီးကြပ်မှူး​တွေ​က အသင်း​တော်ရဲ့ အခြေ​အနေကို အထူး​စိတ်ဝင်စား​ကြ​တယ်။ အသင်း​တော်ရဲ့ တိုးတက်မှု အခြေအနေ​တွေကို ပြန်သုံးသပ်ဖို့ အကြီးအကဲ​နဲ့ အသင်း​တော်​အမှု​ထမ်း​တွေကို တွေ့ဆုံ​ကြ​တယ်။ တာဝန်တွေ ဘယ်လို​ထမ်းဆောင်​ရ​မ​လဲ​ဆိုတဲ့ လက်တွေ့ကျ​အကြံဉာဏ်​တွေ ပေးကြတယ်။ ရှေ့ဆောင်​တွေကို လယ်ကွင်း​မှာ အောင်မြင်မှု​ရ​အောင် ကူညီ​ပေးတယ်။ လူသစ်တွေနဲ့​သိအောင်​ကြိုးစားပြီး အမှန်တရား​မှာ ဘယ်လို​တိုးတက်​ခဲ့တယ်​ဆိုတာ​ကို သူတို့​ကြား​ချင်​ကြ​တယ်။ အဲဒီ​​ညီအစ်ကို​တစ်ဦးစီ​က ကျွန်တော်တို့​အကျိုး​အတွက်​ ကိုယ့်ကိုယ်ကိုယ် ပေးဆက်​နေကြ​တဲ့ “လုပ်ဖော်ဆောင်ဖက်” တွေ ဖြစ်တယ်။ (၂ ကောရိန္သု ၈:၂၃) သူတို့ရဲ့ ယုံကြည်ခြင်း၊ ဘုရား​​သခင်​​အပေါ် စိတ်နှလုံး အကြွင်းမဲ့ ပေးဆက်ခြင်း​တို့​ကို ကျွန်တော်တို့ အတုယူ​သင့်တယ်။—ဟီဘရူး ၁၃:၇

  • တိုက်နယ်ကြီးကြပ်မှူး​တွေ​က အသင်း​တော်​တွေကို ဘာ​ရည်ရွယ်ချက်​အတွက်​ လည်ပတ်​ကြ​သလဲ။

  • သူတို့ရဲ့ လည်ပတ်မှု​က​နေ ဘယ်လို​အကျိုး​ရနိုင်မလဲ။