မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၉

သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်ဟာ ဘယ်သူလဲ

သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်ဟာ ဘယ်သူလဲ

ကျမ်းစာ​အခြေခံ​အကြောင်းအရာ​ကနေ ကျွန်တော်တို့​အားလုံး အကျိုးရရှိကြ

ယေရှု​ဟာ မ​သေဆုံး​ခင် ရက်ပိုင်းအလိုမှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ​တို့​နဲ့ သီးသန့် စကား​ပြော​ခဲ့တယ်။ နောက်ဆုံး​ကာလ​အတွင်း မိမိ​​ရောက်ရှိနေခြင်း​ရဲ့ နိမိတ်​ကို ကြိုပြော​ချိန်မှာ အရေး​ကြီးတဲ့ ဒီမေးခွန်း မေးခဲ့တယ်– “သစ္စာ​နဲ့​သတိ​ပညာ​ရှိတဲ့ ကျွန်​ဟာ တကယ်တော့ ဘယ်သူ​လဲ။ အိမ်သူအိမ်သား​တွေကို အချိန်​တန်​ရင် အစားအစာ ဝေပေး​ဖို့ သူ့ကို သခင်​ ခန့်အပ်​ထားတယ်။” (မဿဲ ၂၄:၃၊ ၄၅။ မာကု ၁၃:၃၊ ၄) ဒီမေးခွန်း​မှာ ယေရှု​​က ပကတိ​အစာ​အကြောင်း ပြော​နေတာ မဟုတ်​ဘဲ ကျမ်းစာ​အခြေခံ အကြောင်းအရာကို အစားအစာ​နဲ့ နှိုင်းယှဉ်​နေတာ​ဖြစ်တယ်။ “သခင်​” ဖြစ်တဲ့ ယေရှု​​က နောက်လိုက်​တွေကို ဒီ​ဆုံးခန်းကာလ​အတွင်း ကျမ်းစာ​အခြေခံ အကြောင်းအရာတွေ မပြတ် ပြင်ဆင်​ပံ့​ပေးမယ်​ဆိုတာ စိတ်ချ​စေခဲ့တယ်။ ဒီကျွန်​က ဘယ်သူ​လဲ။

ယေရှု​ရဲ့​နောက်လိုက် ကောင်းကင်​အတန်းအစား အုပ်စုငယ်​လေး ဖြစ်ကြ​တယ်။ “ကျွန်” ဆိုတာ ယေဟော​ဝါ​သက်သေ​တွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ ဖြစ်တယ်။ ဒီ​အဖွဲ့​က ယေဟော​ဝါ​ကို ဝတ်ပြု​နေ​သူ​ချင်း​တွေကို အချိန်​တန် ကျမ်းစာ​အကြောင်းအရာ ပြင်ဆင်​ပေးဖို့ ထက်ထက်သန်သန် လုပ်ဆောင်​နေကြ​ပါတယ်။ ကျွန်တော်တို့ဟာ “အချိန်​တန်​ရင် အစားအစာ” ရရှိ​ဖို့ ဒီသစ္စာ​ရှိကျွန်​အပေါ် မှီခို​နေရတယ်။—လုကာ ၁၂:၄၂

ကျွန်​က ဘုရား​သခင့်​အိမ်ထောင်စု​ကို ကြီးကြပ်​ပေးတယ်။ (၁ တိမောသေ ၃:၁၅) ယေရှု​​က ကျွန်​ကို ယေဟော​ဝါ​အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို စီမံခန့်ခွဲ​ရမယ့် ကြီးလေး​တဲ့​တာဝန် ပေးအပ်ခဲ့​တယ်။ အဲဒီ​​ထဲမှာ ရုပ်ပိုင်း​ဆိုင်ရာ​ပစ္စည်း​တွေကို ကြည့်ရှုစောင့်ရှောက်​ပေးခြင်း၊ ဟောပြောခြင်း​လုပ်ငန်းကို ညွှန်ကြား​ပေးခြင်း၊ အသင်း​တော်​ကတစ်ဆင့် သွန်သင်ပေးခြင်း​တို့ ပါဝင်တယ်။ ကျွန်တော်တို့ လိုအပ်​တဲ့​အရာ​ကို လိုအပ်​တဲ့​အချိန်​​မှာ ထောက်ပံ့​ပေးဖို့ “သစ္စာ​နဲ့​သတိ​ပညာ​ရှိတဲ့​ကျွန်” က စာအုပ်​စာပေ​​တွေ​ကတစ်ဆင့်၊ အသင်း​တော် အစည်းအဝေး​​တွေနဲ့ အစည်းအဝေး​ကြီး​တွေ​ကတစ်ဆင့် ကျမ်းစာ​အခြေခံ​အကြောင်းအရာတွေ ဖြန့်ဝေပေး​နေပါတယ်။

ကျွန်​က သမ္မာကျမ်းစာ​အမှန်တရား​နဲ့ ရရှိထားတဲ့ သတင်းကောင်း ဟောပြောခြင်း​တာဝန်​အပေါ်​မှာ သစ္စာရှိ​ပြီး အပ်နှင်း​ထားတဲ့ မြေကြီး​ပေါ် ရှိ ခရစ်တော်ရဲ့ ပိုင်ဆိုင်ရာ​အားလုံး​ကို ကြည့်ရှုစောင့်ရှောက်​ရာမှာ သတိ​ပညာရှိ​ကြ​တယ်။ (တမန်တော် ၁၀:၄၂) ယေဟော​ဝါ​က လူများစွာ​ကို မိမိ​ရဲ့​သက်သေ​အဖြစ်​ ခေါ်ဆောင်​နေ​ပြီး ကျမ်းစာ​အခြေခံ​အကြောင်းအရာတွေ ကြွယ်ဝ​စွာ ပြင်ဆင်ပေး​နိုင်အောင် သစ္စာ​နဲ့ သတိ​ပညာ​ရှိတဲ့​ကျွန်​ကို ကူညီ​ပေး​နေပါတယ်။—ဟေရှာယ ၆၀:၂၂။ ၆၅:၁၃

  • ယေရှု​​က မိမိ​​တပည့်​တွေကို ကျမ်းစာ​အခြေခံ​အကြောင်းအရာတွေ ပြင်ဆင်​ပေးဖို့ ဘယ်သူ့​ကို ခန့်အပ်​ခဲ့​သလဲ။

  • ကျွန်​ဟာ ဘယ်လိုနည်းတွေနဲ့ သစ္စာ​နဲ့ သတိ​ပညာရှိ​သလဲ။