မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၀

ယနေ့အချိန်မှာ အုပ်ချုပ်ရေးအဖွဲ့က ဘာလုပ်ဆောင်နေပါသလဲ

ယနေ့အချိန်မှာ အုပ်ချုပ်ရေးအဖွဲ့က ဘာလုပ်ဆောင်နေပါသလဲ

ပထမ​ရာစု အုပ်ချုပ်ရေးအဖွဲ့

အုပ်ချုပ်ရေးအဖွဲ့ရဲ့စာကို ဖတ်နေစဉ်

ပထမ​ရာစု​မှာ “ဂျေရု​ဆလင်​မြို့​မှာရှိတဲ့ တမန်တော်​တွေ၊ အကြီးအကဲ​တွေ” ပါဝင်တဲ့ အုပ်စု​လေး​ဟာ အုပ်ချုပ်ရေးအဖွဲ့​အဖြစ်​ အမှု​ဆောင်​ပြီး အစောပိုင်း ခရစ်ယာန် အသင်း​တော်​တစ်ခုလုံး​အတွက်​ အရေး​ကြီးတဲ့ ဆုံးဖြတ်ချက်​တွေကို ချ​ပေး​ခဲ့တယ်။ (တမန်တော် ၁၅:၂) သူတို့ဟာ သမ္မာကျမ်းစာ ဘာပြောသလဲ​ဆိုတာ သိအောင် ဆွေးနွေး​ပြီး ဘုရား​သခင့်​စွမ်းအား​တော် လမ်းညွှန်မှု​ကို လိုက်နာ​တဲ့အတွက်​ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချ​နိုင်ခဲ့​ကြ​တယ်။ (တမန်တော် ၁၅:၂၅) ယနေ့​အချိန်​​မှာလည်း အဲဒီ​​နည်း​အတိုင်း လုပ်ဆောင်​နေကြ​ပါတယ်။

ဘုရား​သခင့် အသုံးတော်ခံ​အနေနဲ့ ဘုရား​သခင့်​အလိုတော် ဆောင်​နေကြတယ်။ အုပ်ချုပ်ရေး​အဖွဲ့မှာ အမှု​ဆောင်​နေတဲ့ ကောင်းကင်​အတန်းအစား ညီအစ်ကို​တွေ​က သမ္မာကျမ်းစာ​ကို လေးလေးနက်နက် စိတ်ဝင်စား​ကြပြီး လုပ်ငန်း​ပိုင်းဆိုင်ရာ​နဲ့ ကျမ်းစာ​မေးခွန်း​တွေကို ကိုင်တွယ်​ရာမှာ အတွေ့အကြုံ​များစွာ ရှိ​သူတွေ ဖြစ်ကြ​တယ်။ ကမ္ဘာချီ ညီအစ်ကို​အသင်း​အပင်း​ရဲ့ လိုအပ်ရာ​ကို သုံးသပ်​ဖို့ ပတ်​စဉ် စုဝေး​ကြ​တယ်။ ပထမ​ရာစု​တုန်းက​လိုပဲ၊ ကျမ်းစာအခြေပြု ညွှန်ကြားချက်​တွေကို စာတွေအားဖြင့် ဒါမှမဟုတ်​ နယ်လှည့်ကြီးကြပ်မှူး​တွေနဲ့ တခြား​​သူတွေ​အားဖြင့် ပေးပို့​ကြ​တယ်။ ဒီလို​လုပ်​တဲ့အတွက်​ ဘုရား​သခင့်​လူမျိုးဟာ တညီတညွတ်တည်း တွေးတော လုပ်ဆောင်​နိုင်ကြ​တယ်။ (တမန်တော် ၁၆:၄၊ ၅) အုပ်ချုပ်ရေးအဖွဲ့​က ပုံဆောင်အစာ ပြင်ဆင်ပေးမှု​တွေကို ကြီးကြပ်​ပေးတယ်၊ ဟောပြောခြင်း​လုပ်ငန်းကို ဦးစားထား​လုပ်ဆောင်​ဖို့ အားလုံး​ကို အားပေး​တယ်၊ ညီအစ်ကို​တွေကို တာဝန်ခန့်အပ်​ရာမှာ ကြီးကြပ်​ပေးတယ်။

ဘုရား​သခင့် စွမ်းအား​တော် လမ်းညွှန်မှု​အတိုင်း လုပ်ဆောင်ကြ​တယ်။ အုပ်ချုပ်ရေးအဖွဲ့​က လမ်းညွှန်မှု​တွေ ရရှိ​ဖို့ စကြဝဠာ​အကြွင်းမဲ့​ပိုင်သအုပ်စိုးရှင် ယေဟော​ဝါနဲ့ အသင်း​တော်ရဲ့ ဦးခေါင်း ယေရှု​​ကို မျှော်ကိုး​ကြ​တယ်။ (၁ ကောရိန္သု ၁၁:၃။ ဧဖက် ၅:၂၃) အုပ်ချုပ်ရေး​အဖွဲ့ဝင်​တွေ​က မိမိ​တို့​ကိုယ်ကို ဘုရား​သခင့်​လူမျိုးရဲ့ ခေါင်းဆောင်​တွေအဖြစ်​ မရှု​မြင်ကြ​ဘူး။ သူတို့​တွေဟာ ကျန်​တဲ့ ကောင်းကင်​အတန်းအစား ခရစ်ယာန်​အားလုံး​နဲ့အတူ “သိုးသငယ်[ယေရှု​]သွား​လေ​ရာ တကောက်​ကောက် လိုက်​သူတွေ” ဖြစ်ကြ​တယ်။ (ဗျာဒိတ် ၁၄:၄) သူတို့​အတွက်​​နဲ့ သူတို့ရဲ့​အလုပ်တွေ​အတွက်​ ကျွန်တော်တို့ ဆုတောင်း​ပေးတာကို အုပ်ချုပ်ရေးအဖွဲ့​က အလွန် ကျေးဇူးတင်​ကြပါ​တယ်။

  • ပထမ​ရာစု အုပ်ချုပ်ရေးအဖွဲ့မှာ ဘယ်သူ​တွေ ပါ​ဝင်​သလဲ။

  • ယနေ့ အုပ်ချုပ်ရေးအဖွဲ့​က ဘုရား​သခင့်​လမ်းညွှန်မှု​ကို ဘယ်လို ရှာယူ​ကြ​သလဲ။