မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၂

ဌာနခွဲရုံးမှာ ဘာတွေလုပ်ဆောင်နေကြသလဲ

ဌာနခွဲရုံးမှာ ဘာတွေလုပ်ဆောင်နေကြသလဲ

ဆော်​လ​မွန် ကျွန်းစု

ကနေဒါ

တောင်အာဖရိက

ဌာန​အသီးသီး​မှာ အမှု​ဆောင်​နေကြ​တဲ့ ဗေသလ​မိသား​စုဝင်​တွေ​က နိုင်ငံ​တစ်ခု ဒါမှမဟုတ်​ နိုင်ငံ​တချို့​​မှာရှိတဲ့ ဟောပြောခြင်း​လုပ်ငန်းကို ကြည့်ရှု ထောက်မ​ပေးကြတယ်။ ဘာသာ​ပြန်အဖွဲ့​တွေ၊ မဂ္ဂဇင်း​ပုံနှိပ်ခြင်း၊ စာအုပ်​ချုပ်​ခြင်း၊ စာပေ​​သိုလှောင်ရုံ၊ ရုပ်/သံ​ထုတ်လုပ်မှု၊ ဒါမှမဟုတ်​ တခြား​​လုပ်ငန်း​တွေမှာ လုပ်ဆောင်ကြ​တယ်။

ဌာနခွဲကော်မတီ​က အလုပ်တွေကို ကြီးကြပ်​တယ်။ အုပ်ချုပ်ရေးအဖွဲ့​က ဌာနခွဲရုံးတွေမှာ လုပ်ဆောင်​နေတဲ့ အလုပ်တွေကို ကြီးကြပ်​ဖို့ ဌာနခွဲကော်မတီ​ကို တာ​၀​န်​ပေးအပ်​ထားတယ်။ ဌာနခွဲကော်မတီ​မှာ အရည်အချင်း​ပြည့်မီ​တဲ့ အကြီးအကဲ သုံးယောက် ဒါမှ​မဟုတ်​ သုံးယောက်​ထက်မက ပါဝင်တယ်။ ဌာနခွဲကော်မတီ​က မိမိ​တို့​ကြီးကြပ်မှု​အောက်မှာ​ရှိတဲ့ နယ်မြေ​အသီးသီး​က တိုးတက်မှုတွေ​နဲ့ ပေါ်ပေါက်​လာတဲ့ ပြဿနာ​တွေကို အုပ်ချုပ်​ရေးအဖွဲ့​ဆီ အကြောင်းကြား​ကြ​တယ်။ အဲ့​ဒီ​မှတ်တမ်းတွေက နောက်​စာပေ​​တွေ၊ လာမယ့် အသင်း​တော်​အစည်းအဝေး​​နဲ့ အစည်းအဝေး​ကြီး​တွေမှာ ဘာအကြောင်း​တွေ ထည့်သွင်း​သင့်သလဲ​ဆိုတာ​ကို ဆုံးဖြတ်​နိုင်​ဖို့ အုပ်ချုပ်ရေးအဖွဲ့​ကို အထောက်အကူ​ပြုတယ်။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်​တွေ​က ဌာနခွဲရုံး​တွေကို ပုံမှန်လည်ပတ်​ပြီး ဌာနခွဲကော်မတီ​ကို လုပ်ဆောင်​ရမယ့် အလုပ်တွေ​နဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေ ပေးကြတယ်။ (ပညာ. ၁၁:၁၄) အဲဒီ​​အချိန်​​မှာ ဌာနခွဲ​နယ်မြေ​မှာ ရှိသူ​တွေကို အားပေးဖို့ ဌာနချုပ်​ကိုယ်စားလှယ်​ရဲ့ ဟောပြော​ချက်​ပါဝင်တဲ့ အထူး​အစီ​အစဉ်​တစ်ခုကို စီစဉ်​ကြ​တယ်။

ဒေသခံ​အသင်း​တော်​တွေကို ကူညီ​​ထောက်မပေး​တယ်။ ဌာနခွဲရုံးက တာဝန်ရှိ ညီအစ်ကိုတွေဟာ အသင်းတော်သစ်တွေ ဖွဲ့စည်းဖို့ လိုအပ်တဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်တယ်။ ဌာနခွဲနယ်မြေမှာ အမှုဆောင်နေကြတဲ့ ရှေ့ဆောင်တွေ၊ ခရစ်ယာန်သာသနာပြုတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း လမ်းညွှန်ပေးတယ်။ စည်းဝေးပွဲတွေ၊ အစည်းအဝေးကြီးတွေကို စီစဉ်ပေးပြီး ဝတ်ပြုရာခန်းမသစ် ဆောက်လုပ်မှုကို ညှိနှိုင်းဆောင်ရွက်ပေးတဲ့အပြင် အသင်းတော်တွေ လိုအပ်တဲ့စာပေတွေ ပေးပို့ရာမှာလည်း ကြီးကြပ်ပေးတယ်။ ဌာနခွဲရုံးမှာ လုပ်ဆောင်တဲ့အလုပ်​အားလုံး​ဟာ ဟောပြောခြင်း​လုပ်ငန်းကို စနစ်တကျ ပြီးမြောက်​ဖို့ ထောက်ကူ​ပေးပါတယ်။—၁ ကောရိန္သု ၁၄:၃၃၊ ၄၀

  • ဌာနခွဲကော်မတီ​က အုပ်ချုပ်ရေးအဖွဲ့​ကို ဘယ်လို အကူအညီ​ပေး​သလဲ။

  • ဌာနခွဲရုံး​မှာ ဘယ်​တာဝန်တွေကို လုပ်ဆောင်​နေကြ​သလဲ။