မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၄

ကျွန်တော်တို့ရဲ့ ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေး ဘယ်လို ထောက်ပံ့ပါသလဲ

ကျွန်တော်တို့ရဲ့ ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေး ဘယ်လို ထောက်ပံ့ပါသလဲ

နီပေါ​လ်

တို​ဂို

ဗြိတိန်

ကျွန်တော်တို့ရဲ့ အဖွဲ့အစည်း​က နှစ်စဉ် ကျမ်းစာနဲ့ တခြား​​စာအုပ်​စာပေ​တွေကို သန်း​ရာနဲ့ချီ ပုံနှိပ်​ပြီး အခမဲ့​ဖြန့်ချိ​နေပါတယ်။ ဝတ်ပြုရာခန်းမ​တွေနဲ့ ဌာနခွဲရုံး​တွေကို ဆောက်လုပ်​ပြီး ပြုပြင်​ထိန်းသိမ်း​ကြ​တယ်။ ထောင်နဲ့​ချီတဲ့ ဗေသလအိမ်သား​တွေနဲ့ ခရစ်ယာန်​သာသနာပြု​တွေကို ထောက်ပံ့​ပေး​ပြီး ဘေးအန္တရာယ် ကျရောက်ချိန်​မှာ ကယ်ဆယ်ရေး​အကူအညီ​တွေ ပေးကြတယ်။ ‘ဒါတွေ​အားလုံး​အတွက်​ ငွေကြေး ဘယ်လို​ထောက်ပံ့​သလဲ’ ဆိုပြီး သင် မေး​ကောင်း​မေးပါ​လိမ့်မယ်။

ဆယ်ဖို့တစ်ဖို့ ကောက်​တာ၊ အလှူငွေ လိုက်​ကောက်​တာမျိုး ကျွန်တော်တို့ မ​လုပ်​ဘူး။ ဟောပြောခြင်း​လုပ်ငန်း​အတွက်​ ငွေကြေး​အကုန်အကျ များ​လှ​ပေ​မဲ့ ငွေ​မ​ကောက်​ခံ​ပါဘူး။ ယေဟော​ဝါ ထောက်ပံ့​နေတယ်​လို့ ကျွန်တော်တို့ ယုံကြည်​တဲ့အတွက်​ “လူတွေ​ဆီက ထောက်ပံ့မှု​ရဖို့ ဘယ်တော့မှ တောင်းခံ​မှာ၊ အသနားခံ​မှာ မဟုတ်​ဘူး” လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း​တစ်​ရာ​ကျော်​ကတည်းက ကင်းမျှော်စင် ဒုတိယ​မြောက်​စာစောင်မှာ ဖော်ပြခဲ့တယ်။ တကယ်​လည်း ကျွန်တော်တို့ တစ်ခါ​မှ မ​တောင်းခံ​ခဲ့ဘူး။—မဿဲ ၁၀:၈

ကျွန်တော်တို့ရဲ့ အလုပ်တွေကို စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ ဆောင်ရွက်​တယ်။ ကျွန်တော်တို့ရဲ့ ကျမ်းစာ​ပညာပေး​လုပ်ငန်းကို လူ​တော်တော်​များများ နှစ်သက်​ကြပြီး အလှူငွေ​တွေ ပေးကြတယ်။ ကမ္ဘာ​တစ်ဝန်း​မှာ ဘုရား​သခင့်​အလိုတော်ကို ဆောင်ရွက်​ဖို့ သက်သေခံ​တွေ​ကိုယ်တိုင်​လည်း ကိုယ့်အချိန်​၊ ခွန်အား၊ ငွေကြေး​နဲ့ တခြား​​အရာ​တွေကို ပျော်ပျော်ရွှင်ရွှင် ပေးဆက်လှူဒါန်း​ကြ​တယ်။ (၁ ရာဇဝင်ချုပ် ၂၉:၉) စေတနာ အလျောက် အလှူငွေ ထည့်ဝင်​ချင်​သူတွေ​အတွက်​ ဝတ်ပြုရာခန်းမ​နဲ့ အစည်းအဝေး​တွေမှာ အလှူငွေ​သေတ္တာ​တွေကို ထား​ပေးထား​ပါတယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် jw.org/mya က​နေ​လည်း လှူဒါန်း​နိုင်ပါတယ်။ ငွေကြေး​တွေကို အများ​အားဖြင့် သာမန်​လူတန်းစားတွေ​က ထည့်ဝင်​လှူဒါန်း​ကြတာပါ။ သူတို့​တွေဟာ ဝတ်ပြုရာအိမ်တော်​က အလှူငွေ​သေတ္တာ​ထဲ ဒင်္ဂါးငယ်​နှစ်ပြား ထည့်​တဲ့ ဆင်းရဲ​တဲ့​မုဆိုးမ​နဲ့ တူ​ကြ​တယ်။ အဲဒီမုဆိုးမ​ရဲ့​လုပ်ရပ်​ကို ယေရှု​ ချီးမွမ်း​ခဲ့တယ်။ (လုကာ ၂၁:၁-၄) ဘယ်သူ​မဆို “စိတ်​ဆုံးဖြတ်ထား​တဲ့​အတိုင်း လှူဒါန်း” နိုင်​ဖို့ “ဥစ္စာ​တချို့​ကို . . . သီးသန့်​ဖယ်ထား” နိုင်တယ်။—၁ ကောရိန္သု ၁၆:၂။ ၂ ကောရိန္သု ၉:၇

ယေဟော​ဝါ​ဘုရား​က မိမိ​​အလိုတော် ပြီးမြောက်​ဖို့ တန်ဖိုး​ရှိတဲ့ “ဥစ္စာ” တွေကို နိုင်ငံ​တော်​လုပ်ငန်း​အတွက်​ ထောက်ပံ့​လို​သူတွေ​ရဲ့ စိတ်​နှလုံး​ကို ဆက်​လှုံ့ဆော်​မယ်လို့ ကျွန်တော်တို့ ယုံကြည်​ပါတယ်။—ပညာ. ၃:၉

  • ကျွန်တော်တို့ရဲ့ အဖွဲ့အစည်း​က တခြား​​ဘာသာ​ရေး​အဖွဲ့အစည်း​တွေနဲ့ ဘယ်လို ကွာခြား​သလဲ။

  • စေတနာအလျောက်​ထည့်ဝင်တဲ့ အလှူငွေ​တွေကို ဘယ်လို အသုံးပြု​ကြ​သလဲ။