မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၇

ဝတ်ပြုရာခန်းမ စာကြည့်တိုက်က ဘယ်လို အကျိုးပြုနိုင်သလဲ

ဝတ်ပြုရာခန်းမ စာကြည့်တိုက်က ဘယ်လို အကျိုးပြုနိုင်သလဲ

အစ္စရေး

ချက်​ပြည်​သူ့​သမ္မတနိုင်ငံ

ဘီနင်

ကေ​မ​န်​ကျွန်းစု

ကျမ်းစာအသိပညာ တိုးတက်လာအောင် ရှာဖွေလေ့လာမှုတွေ လုပ်လိုပါသလား။ ကျမ်းချက်၊ ကျမ်းစာမှာ ဖော်ပြတဲ့​လူ၊ နေရာဒေသ၊ အကြောင်းအရာတွေကို သိချင်ပါသလား။ ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းရာမှာ ကျမ်းစာ ဘယ်လို ကူညီပေးနိုင်ကြောင်း သိ​လို​ပါသလား။ ဒါဆိုရင် ဝတ်ပြုရာခန်းမ​မှာရှိတဲ့ စာကြည့်တိုက်​ကို လည်ပတ်ကြည့်​ပါ။

ရှာဖွေ​လေ့လာမှု​အတွက်​ အသုံးဝင်​မယ့် စာပေ​​တွေ၊ ကိရိယာတွေ ရှိတယ်။ ယေဟော​ဝါ​သက်သေ​တွေ ထုတ်ဝေတဲ့ ကျမ်းစာအခြေပြု စာပေ​အားလုံး သင့်​ဘာသာ​စကား​နဲ့ မရှိ​​နိုင်​လောက်​ဘူး။ ဝတ်ပြုရာခန်းမ စာကြည့်တိုက်​မှာတော့ သိပ်​မကြာသေးခင်က ထုတ်ဝေ​ခဲ့တဲ့ စာပေအားလုံးနီးပါး ရှိတယ်။ ကျမ်းစာ​ဘာသာ​ပြန်ကျမ်း​အမျိုးမျိုး၊ အဘိဓာန်​ကောင်းကောင်း​နဲ့ အသုံးဝင်​မယ့် ရည်ညွှန်း​စာအုပ်တွေ​လည်း ရှိနိုင်​တယ်။ အစည်းအဝေး​ မစ​ခင်​နဲ့ ပြီးနောက်​မှာ စာကြည့်တိုက်​ကို လွတ်လွတ်လပ်လပ် သုံးနိုင်​ပါတယ်။ ကွန်ပျူတာ တပ်ဆင်ထားမယ်ဆိုရင် ကင်းမျှော်စင်​စာကြည့်တိုက်လည်း ရှိနိုင်တယ်။ ကင်းမျှော်စင်​စာကြည့်တိုက် ဆိုတာ ကျွန်တော်တို့ရဲ့ စာအုပ်​စာပေ​များ​စွာ ထည့်သွင်း​ထားတဲ့ ကွန်ပျူတာ​ပရိုဂရမ်​တစ်ခု ဖြစ်ပြီး ရှာ​ချင်တဲ့ အကြောင်းအရာ၊ စကား​လုံး၊ ကျမ်းချက်​ကို ရှာ​ရလွယ်​အောင် ပြုလုပ်​ထားတယ်။

အသက်တာ​နဲ့ အမှု​ဆောင်လုပ်ငန်း သင်တန်းသား​တွေအတွက်​ အသုံးဝင်​တယ်။ သင့်တာဝန်​အတွက်​ ပြင်ဆင်​တဲ့အခါ​ ဝတ်ပြုရာခန်းမ စာကြည့်တိုက်​ကို ကောင်းကောင်း အသုံးပြုနိုင်​တယ်။ စာကြည့်တိုက်​ကို ကြီးကြပ်သူ​က အသက်တာ​နဲ့ အမှု​ဆောင်လုပ်ငန်း ကြီးကြပ်​မှူး ဖြစ်တယ်။ စာကြည့်တိုက်​မှာ နောက်ဆုံးထုတ် စာပေ​​တွေ ရှိ​နေဖို့၊ စနစ်တကျ ရှိဖို့ တာဝန်ယူ ကြည့်ရှုပေးတယ်။ သူ ဒါမှမဟုတ် သင့်ကို ကျမ်းစာသင်ပေးသူက လိုအပ်တဲ့အချက်အလက်တွေ ဘယ်လို ရှာဖွေရမလဲဆိုတာ ပြ​ပေး​နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်​စာအုပ်​ကို​မှ ခန်းမ​အပြင်​ကို မယူ​သွား​သင့်​ဘူး။ စာအုပ်တွေကို ကျွန်တော်တို့ ဂရုတစိုက် ကိုင်တွယ်​လို​ကြတယ်။​ စာအုပ်​မှာ အမှတ်အသား​တွေ မ​လုပ်ကြ​ဘူး။

“ဘုရား​​နဲ့ပတ်သက်တဲ့ အသိပညာ” ကို ရ​ချင်​ရင် “ရတနာ​သိုက်​ကို လိုက်ရှာ​သလို” ရှာဖွေ​ချင်​စိတ် ရှိ​ရမယ်​ဆိုပြီး ကျမ်းစာက ရှင်းပြ​တယ်။ (ပညာ. ၂:၁-၅) သင် စတင်​ရှာဖွေ​နိုင်အောင် ဝတ်ပြုရာခန်းမ စာကြည့်တိုက်​က ထောက်ကူ​ပေး​နိုင်တယ်။

  • ဝတ်ပြုရာခန်းမ စာကြည့်တိုက်​မှာ ရှာဖွေ​လေ့လာနိုင်တဲ့ ဘာအထောက်အကူတွေ ရှိသလဲ။

  • စာကြည့်တိုက်​ကို အကောင်းဆုံး သုံး​တတ်အောင် သင့်ကို ဘယ်သူ ပြပေးနိုင်သလဲ။