မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၈

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဘာတွေကို တွေ့ရမလဲ

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဘာတွေကို တွေ့ရမလဲ

ပြင်သစ်

ပိုလန်

ရုရှား

ယေရှု​​ခရစ်​က မိမိ​ရဲ့​နောက်လိုက်​တွေကို ဒီလို​ပြောခဲ့တယ်– “ခင်ဗျား​​တို့ရဲ့​အလင်း​ကို လူတွေ​ရှေ့မှာ လင်း​စေ​ကြပါ။ ဒါမှ တခြား​​သူတွေက ခင်ဗျား​​တို့ရဲ့ အကျင့်​ကောင်း​ကို မြင်ပြီး ကောင်းကင်မှာ စံမြန်းတဲ့ အဖ​ရဲ့ ဘုန်းအသရေ​ကို ချီးမွမ်း​​ကြ​လိမ့်မယ်။” (မဿဲ ၅:၁၆) ဒီအတိုင်း လုပ်ဆောင်​ဖို့ အင်တာနက်​အပါအဝင် ခေတ်မီ​နည်းပညာ​တွေကို အသုံးပြု​နေကြတယ်။ ကျွန်တော်တို့ရဲ့ တရားဝင်​ဝက်ဘ်ဆိုက် jw.org က ယေဟော​ဝါ​သက်သေများ​ရဲ့ ယုံကြည်ချက်​နဲ့ လုပ်ဆောင်မှု​တွေကို ဖော်ပြတယ်။ အဲဒီ​မှာ ဘာတွေ​ တွေ့​နိုင်မလဲ။

လူ​အများ မေး​တတ်တဲ့​မေးခွန်း​တွေရဲ့ ကျမ်းစာအဖြေ။ လူတွေ မေး​ခဲ့​သမျှ မေးခွန်း​တွေထဲက အရေးကြီးဆုံး မေးခွန်းတချို့ရဲ့ အဖြေတွေကို တွေ့နိုင်ပါတယ်။ ဥပမာ၊ ဆင်းရဲဒုက္ခ​တွေ အဆုံးတိုင်​မှာ​လားသေလွန်သူတွေ အသင်​ပြန်ရှင်​လာနိုင်​မလား ဝေစာ​တွေကို အွန်လိုင်း​မှာ ဘာသာ​စကား​​ပေါင်း ၆၀​၀ ကျော်​နဲ့ တွေ့ရမယ်။ ကမ္ဘာသစ်ဘာသာ​ပြန်ကျမ်း​ကို ဘာသာ​စကား​ ၁၃၀ ကျော်​နဲ့ တွေ့နိုင်တယ်။ သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်​နဲ့ နောက်ဆုံးထုတ် ကင်းမျှော်စင်၊ နိုးလော့! စာပေ​​တွေလိုမျိုး သမ္မာကျမ်းစာ​လေ့လာမှု အထောက်အကူ​ပြု စာပေ​တွေ​ကိုလည်း တွေ့ရမယ်။ ဒီ​စာပေ​တွေကို အွန်လိုင်း​ပေါ်မှာ ဖတ်နိုင်၊ နားထောင်​နိုင်သလို MP3, PDF, EPUB ပုံစံ​တွေနဲ့​လည်း ရယူ​နိုင်ပါတယ်။ စိတ်ဝင်စားသူ​တစ်ယောက်​ကို ဝေမျှ​ချင်​တယ်ဆိုရင် သူ့ဘာသာ​​စကား​နဲ့ စာမျက်နှာ အနည်းငယ်​ကို ပုံနှိပ်​ထုတ်ယူ​လို့တောင် ရတယ်။ စာပေ​​ဗီဒီယို​တွေကို လက်သင်္ကေတပြ ဘာသာ​စကား​​များစွာ​နဲ့လည်း ရ​နိုင်တယ်။ အပန်းဖြေ​ချိန်မှာ နားထောင်​ချင်​ရင် နားဆင်​စရာ ကျမ်းစာ​ဇာတ်လမ်းကျမ်းစာ​ပြဇာတ်တေးသံသာ​တွေကိုလည်း အင်တာနက်​က​နေ ကူးယူ​နိုင်တယ်။

ယေဟော​ဝါ​သက်သေများ​နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်။ အင်တာနက်မှာ တင်ထားတဲ့ တခြား​​အရာတွေ​က​တော့ ကျွန်တော်တို့ရဲ့ ကမ္ဘာချီလုပ်ငန်း၊ ယေဟော​ဝါ​​သက်သေ​များ​နဲ့​သက်ဆိုင်တဲ့ အဖြစ်​အပျက်​တွေ၊ လူသားချင်း​စာနာ​​တဲ့ ကယ်ဆယ်​ရေး အကူအညီ​တွေအကြောင်း နောက်ဆုံး​ရ​သတင်း​တွေ၊ ဗီဒီယို​အတိုအထွာ​တွေ ဖြစ်တယ်။ ကျင်းပ​မယ့် အစည်းအဝေး​ကြီး အချက်အလက်​တွေ၊ ဌာနခွဲ​တွေကို ဆက်သွယ်​နိုင်မယ့် လိပ်စာ​တွေကိုလည်း တွေ့နိုင်တယ်။

ဒီနည်း​တွေကို သုံးပြီး အမှန်တရား​အလင်း​ကို ကမ္ဘာ့​အစွန်အဖျား​နေရာတွေ​အထိ ရောက်အောင် လုပ်​ဆောင်နေပါတယ်။ အန္တာတိ​က​တိုက်​အပါအဝင် တိုက်ကြီး​အားလုံး​က လူတွေ​လည်း အကျိုး​ခံစား​​နေကြ​ပါတယ်။ ဘုရား​သခင်​ရဲ့ ဘုန်းတော် ထင်ရှား​ဖို့ “ယေဟော​ဝါရဲ့ တရား​စကား​ အလျင်အမြန် ပျံ့နှံ့” ပါစေ​လို့ ကျွန်တော်တို့ ဆုတောင်း​ပါတယ်။​—၂ သက်သာ​လောနိတ် ၃:၁

  • ကျမ်းစာ​အမှန်တရားကို လူတွေ သိ​လာအောင် jw.org ဝက်ဘ်ဆိုက်​က ဘယ်လို ထောက်ကူ​နေသလဲ။

  • ကျွန်တော်တို့​ဝက်ဘ်ဆိုက်ကို ဝင်ကြည့်​ချင်​ပါသလား။