မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၄

အဖေနဲ့ ယေဟောဝါဘုရားကို ပျော်အောင်လုပ်ခဲ့တဲ့ မိန်းကလေး

အဖေနဲ့ ယေဟောဝါဘုရားကို ပျော်အောင်လုပ်ခဲ့တဲ့ မိန်းကလေး

ယေဖသက ယေဟော​ဝါ​ဘုရားကို ဘာ​ကတိ ပေးနေ​သလဲ

ယေဖသရဲ့​သမီး​ဟာ အဖေရဲ့​ကတိအတိုင်း လုပ်ဖို့ မလွယ်ကူ​ပေ​မဲ့ လုပ်ဆောင်ခဲ့

ပုံ​ထဲ​က မိန်းကလေးကို သားတို့​သမီးတို့ တွေ့​လား။— သူက ယေဖသရဲ့ သမီးလေး​ပေါ့။ ကျမ်းစာထဲမှာ သူ့​နာမည် မပါဘူး။ ဒါပေမဲ့ အဖေနဲ့ ယေဟော​ဝါ​ဘုရားကို သူ ပျော်​အောင်​လုပ်ခဲ့တယ်။ သူနဲ့ သူ့​အဖေ ယေဖသ​အကြောင်း ဆ​က်​ဖတ်​ကြည့်ရအောင်။

ယေဖသ​ဟာ လူကောင်း​တစ်ယောက်​ဖြစ်ပြီး သမီးလေးကို ယေဟော​ဝါ​ဘုရား​အကြောင်း အမြဲ​သင်ပေးတယ်။ သူက အရမ်း​အား​ရှိတယ်၊ ရှေ့ဆုံး​က​နေ ဦးဆောင်​ပေးနိုင်​သူ​လည်း ဖြစ်တယ်။ ဒါကြောင့် အစ္စရေးတွေ​က ရန်သူတွေကို စစ်တိုက်​တဲ့အခါ ခေါင်းဆောင်​လုပ်ပေး​ဖို့ သူ့ကို တောင်းဆို​ကြတယ်။

ယေဖသက စစ်နိုင်​ဖို့ ကူညီ​ပေးပါလို့ ယေဟော​ဝါ​ဘုရားဆီ ဆုတောင်း​ခဲ့တယ်။ စစ်နိုင်​ပြီး အိမ်ပြန်လာ​တဲ့အခါ ဦးဆုံး​ထွက်​ကြို​တဲ့​သူ​ကို ယေဟော​ဝါ​ဘုရားဆီ အပ်​ပါ့​မယ်​လို့​လည်း ကတိ​ပေးခဲ့တယ်။ ယေဟော​ဝါ​ဘုရားဆီ ပေးဆက်​ခံရမယ့်​သူဟာ ဝတ်ပြု​ရာ​တဲတော်​နား​မှာ တစ်သက်လုံး​နေပြီး အလုပ်လုပ်​ရလိမ့်မယ်။ ဝတ်ပြုရာ​တဲတော်​ဆိုတာ ဘုရားကို​ဝတ်ပြုဖို့ လူတွေ​သွားတဲ့​နေရာ​ပေါ့။ အခု ယေဖသ စစ်နိုင်​သွားပြီ။ သူ​အိမ်ပြန်ရောက်​သွားတဲ့အခါ ဘယ်သူ ဦးဆုံး​ထွက်​ကြို​သလဲ သိလား။—

ယေဖသရဲ့ သမီး​ဖြစ်နေတယ်။ သူက ယေဖသရဲ့ တစ်ဦးတည်းသော သမီးလေး​ပေါ့။ ခု​တော့ သမီးလေး​နဲ့ ခွဲ​ရတော့မယ်။ ဒါကြောင့် ယေဖသ တအား​ဝမ်းနည်း​သွားတယ်။ ဒါပေမဲ့ ဘုရားကို သူ ကတိ​ပေးထားတယ်​ဆိုတာ မှတ်မိ​လား။ သူ့ရဲ့​သမီး​က ‘အဖေ၊ ယေဟော​ဝါ​ဘုရားကို ကတိပေး​ပြီးရင် ကတိတည်​ရမှာ​ပေါ့’ လို့ ပြောတယ်။

ယေဖသ​သမီးရဲ့ သူငယ်ချင်း​တွေဟာ သူ့​ဆီ နှစ်​တိုင်း သွားလည်​ကြ

ယေဖသရဲ့​သမီး​လည်း ဝမ်းနည်း​မှာ​ပဲ။ ဝတ်ပြုရာ​တဲတော်မှာ သူ​သွား​နေရမယ်​ဆို​တော့​ အိမ်ထောင်ပြု​လို့ မရတော့ဘူး။ ကလေး​လည်း မမွေး​နိုင်​တော့​ဘူး။ ဒါပေမဲ့ ယေဖသရဲ့ သမီး​က သူ့​အဖေ​ကို ကတိတည်​စေချင်တယ်။ ယေဟော​ဝါ​ဘုရား​ကိုလည်း ပျော်​စေချင်တယ်။ အဲဒါက သူ​အိမ်ထောင်ပြု​တာ​၊ ကလေး​မွေး​တာ​​ထက် ပို​အရေးကြီးတယ်။ ဒါနဲ့ ဝတ်ပြုရာ​တဲတော်မှာ နေထိုင်ဖို့ အိမ်က​နေ ထွက်​သွားတော့တယ်။

သူ့​ကြောင့် သူ့​အဖေနဲ့ ယေဟော​ဝါ​ဘုရား ပျော်ခဲ့သလား။— ဟုတ်​တယ်၊ ပျော်​ခဲ့​တယ်။ သားတို့​သမီးတို့​လည်း ယေဟော​ဝါ​ဘုရားကို ချစ်​ပြီး စကား နားထောင်​ရင် ယေဖသရဲ့​သမီး​နဲ့ တူ​လိမ့်​မယ်။ ဒါဆိုရင် အဖေ၊ အမေနဲ့ ယေဟော​ဝါ​ဘုရား သိပ်ပျော်​မှာ။