မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၉

ယေဟောဝါဘုရားအကြောင်း ယေရမိ မပြောဘဲမနေခဲ့

ယေဟောဝါဘုရားအကြောင်း ယေရမိ မပြောဘဲမနေခဲ့

ယေရမိကို လူတွေ ဘာဖြစ်လို့ စိတ်ဆိုး​ကြ​တာ​​လဲ

ယေရမိကို ယေဟောဝါဘုရား ကယ်တင်ခဲ့

ယေဟော​ဝါ​ဘုရား​အကြောင်း တို့​တွေ ပြောတဲ့အခါ လူတွေ တစ်ခါ​တလေ ကဲ့ရဲ့​ကြတယ်။ စိတ်ဆိုး​ကြတယ်။ အဲဒီအခါ ယေဟော​ဝါ​ဘုရား​အကြောင်း မပြော​ချင်​တော့​ဘူး။ သားတို့​သမီးတို့​ကော၊ အဲဒီလို ဖြစ်​ဖူး​သလား။— ယေဟော​ဝါ​ဘုရားကို ချစ်​ပေ​မဲ့ ကိုယ်တော့်​အကြောင်း မပြော​ချင်​တော့​တဲ့​အထိ ဖြစ်ခဲ့​ဖူး​တဲ့ လူငယ်လေး​အကြောင်း ကျမ်းစာထဲမှာ ပါတယ်။ သူ့​နာမည်က ယေရမိ​တဲ့။ သူ့​အကြောင်း လေ့လာ​ကြည့်ရအောင်။

ယေဟော​ဝါ​ဘုရားက မကောင်းတာတွေ မ​လုပ်ကြ​နဲ့​တော့​လို့ လူတွေကို ပြောဖို့ လူငယ်​ယေရမိကို တာဝန်ပေး​လိုက်တယ်။ ဒါပေ​မဲ့ ယေရမိ သွား​မပြောရဲဘူး။ ကြောက်​နေတယ်။ ဒါနဲ့ သူက ‘ကျွန်တော် ဘာ​သွား​ပြော​ရမှာ​လဲ။ ကျွန်တော်က လူငယ်လေး​ပဲ ရှိသေး​တာ​’ လို့ ယေဟော​ဝါ​ဘုရားကို ပြန်ပြောတယ်။ အဲဒီအခါ ယေဟော​ဝါ​ဘုရားက ‘မကြောက်​နဲ့။ မင်းကို ငါ ကူညီပေး​မယ်’ လို့ ပြောလိုက်တယ်။

ဒါနဲ့ မကောင်းတာတွေ ဆက်လုပ်​နေမယ်ဆိုရင် အပြစ်ပေး​ခံ​ရမယ်လို့ ယေရမိ လိုက်​သတိ​ပေးပါ​လေ​ရော။ ယေရမိ​ပြောတာကို လူတွေ နားထောင်ကြ​သလား။— နားမထောင်​ဘဲ တချို့က ဟားတိုက်​ရယ်​ကြတယ်။ တချို့က စိတ်ဆိုး​ကြတယ်။ တချို့​ဆိုရင် ယေရမိကို သတ်​တောင်​သတ်ချင်​ကြတယ်။ အဲဒီအခါ ယေရမိ ဘယ်လို​ခံစားရ​မလဲ။— သူ ကြောက်​တာ​​ပေါ့။ ဒါနဲ့ ‘ယေဟော​ဝါ​ဘုရား​အကြောင်း မပြော​တော့​ဘူး’ လို့ သူ စဉ်းစားခဲ့​တယ်။ သူ တကယ် မပြော​ဘဲ​နေခဲ့​သလား။— မနေခဲ့ပါဘူး။ ယေဟော​ဝါ​ဘုရားကို ယေရမိ ချစ်​လွန်း​လို့ ကိုယ်တော့်​အကြောင်း မပြော​ဘဲ မနေ​နိုင်​ခဲ့​ဘူး​လေ။ ယေရမိ ဆက်ပြော​ခဲ့​တဲ့​အတွက် သူ့ကို ဘုရား​ကာကွယ်​ပေးခဲ့တယ်။

တစ်ခါ​က​ဆိုရင် စိတ်​ပု​ပ်​တဲ့​သူတွေက ရွှံ့​တွေ​ပြည့်နေတဲ့ တွင်း​ထဲ ယေရမိကို ပစ်ချ​လိုက်တယ်။ စားစရာ​လည်း မပေးဘူး။ ရေ​လည်း မ​တိုက်​ဘူး။ အဲဒီ​တွင်း​ထဲမှာ​ပဲ ယေရမိကို သေစေ​ချင်​တာ​။ ဒါပေမဲ့ ယေဟော​ဝါ​ဘုရားက သူ့ကို တွင်း​ထဲ​က​နေ ကယ်လိုက်တယ်။

ယေရမိ​အဖြစ်​က​နေ သားတို့​သမီးတို့ ဘာသင်ယူနိုင်သလဲ။— ယေရမိ ကြောက်​တဲ့​အခါတွေ​လည်း ရှိတယ်။ ဒါပေ​မဲ့ ယေဟော​ဝါ​ဘုရား​အကြောင်း သူ မပြော​ဘဲ မနေ​ခဲ့​ဘူး။ ကလေးတို့လည်း ဘုရားသခင်​အကြောင်း လူတွေကို ပြောပြတဲ့​အခါ သူတို့က​ ဟားတိုက်​ရယ်​ကြ​မယ်။ စိတ်ဆိုး​ကြ​မယ်။ အဲဒီအခါ ရှက်​လာမယ်၊ ကြောက်​လာလိမ့်မယ်။ ဒါပေမဲ့ ယေဟော​ဝါ​ဘုရား​အကြောင်း မပြော​ဘဲ မနေ​နဲ့​နော်။ ယေရမိကို ယေဟော​ဝါ​ဘုရား ကူညီ​ပေးခဲ့သလို ကလေးတို့​ကိုလည်း အမြဲ ကူညီပေး​သွားမှာပါ။

ကျမ်းစာက​နေ ဖတ်ကြည့်ပါ