မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၄

တစ်ကမ္ဘာလုံးကို အုပ်ချုပ်တော့မယ့် နိုင်ငံတစ်ခု

တစ်ကမ္ဘာလုံးကို အုပ်ချုပ်တော့မယ့် နိုင်ငံတစ်ခု

ကလေးတို့​ကို နိုင်ငံ​တစ်နိုင်ငံ​အကြောင်း ပြောပြမယ်နော်။ အဲဒီနိုင်ငံ​က ကမ္ဘာတစ်ခုလုံး​ကို သာယာ​လှပတဲ့ ဧဒင်ဥယျာဉ်​လို ဖြစ်လာအောင် လုပ်ပေးမှာ။ အဲဒီ​နိုင်ငံ​က ဘယ်သူ့​နိုင်ငံ​ဖြစ်မလဲ၊ ကလေးတို့ သိလား။— ဘုရားသခင့်​နိုင်ငံတော်​ပေါ့။

နိုင်ငံ​တိုင်းမှာ ဘုရင်​တစ်ပါး​စီ ရှိကြတယ်။ ဘုရင်​က သူ့​နိုင်ငံမှာ​ရှိတဲ့ လူတွေကို အုပ်ချုပ်တယ်။ ဒါဆိုရင် ဘုရားသခင့်​နိုင်ငံတော်မှာ အုပ်ချုပ်​မ​ယ့် ဘုရင်​က ဘယ်သူ​လဲ သိလား။— ယေရှု​ခရစ်ပဲ​ပေါ့။ သူက ကောင်းကင်မှာ နေတယ်။ မကြာခင် တစ်​ကမ္ဘာလုံး​မှာ​ရှိတဲ့ လူတွေကို သူ​အုပ်ချုပ်​တော့​မှာ။ တစ်ကမ္ဘာ​လုံးကို ယေရှု​အုပ်ချုပ်တဲ့​အခါ ပျော်စရာ​ကောင်းမယ်လို့ ထင်သလား။—

သာယာ​လှပတဲ့ ကမ္ဘာပေါ်မှာ ကလေးတို့ ဘာလုပ်ချင်သလဲ

သိပ်​ကို ပျော်စရာ​ကောင်းမှာ။ တစ်​ကမ္ဘာလုံး သာယာ​လှပတဲ့​ဥယျာဉ်​လို ဖြစ်လာမယ်။ အဲဒီ​အချိန်ကျရင် ရန်ပွဲ​တွေ၊ စစ်ပွဲတွေ ရှိတော့မှာ​မဟုတ်ဘူး။ လူတိုင်း ချစ်ချစ်ခင်ခင်​နဲ့ နေထိုင်သွား​ကြ​လိမ့်​မယ်။ ဖျားနာ​တာ​၊ သေ​တာ​တွေ​လည်း ရှိတော့မှာ​မဟုတ်ဘူး။ မျက်စိ​မမြင်​တဲ့​သူတွေ ပြန်မြင်​လာမယ်။ နားမကြား​တဲ့​သူတွေ ပြန်ကြား​လာမယ်။ လမ်း​မလျှောက်​နိုင်တဲ့​သူတွေ ခုန်ပေါက်​ပြေးလွှား​ကြ​လိမ့်​မယ်။ စားစရာတွေ​လည်း အများကြီး​ရှိ​မှာ။ တိရစ္ဆာန်တွေ တစ်ကောင်​နဲ့​တစ်ကောင် ကိုက်​ကြ​တော့​မှာ မဟုတ်ဘူး။ တို့တွေကို​လည်း မ​ကိုက်​တော့​ဘူး။ သူတို့နဲ့ ကစား​လို့​ရတော့​မှာ။ သေသွားတဲ့​သူတွေလည်း အသက်ပြန်ရှင်​လာမယ်။ ဒီစာအုပ်​ထဲမှာ​ပါတဲ့​ ရေဗက္ကာ၊ ရာခပ်၊ ဒါဝိဒ်​နဲ့ ဧလိယ​တို့​လို​ လူတွေ​လည်း အသက်ပြန်ရှင်​လာ​ကြ​မှာ။ သားတို့​သမီးတို့ သူတို့ကို တွေ့ချင်​လား။

ယေဟော​ဝါ​ဘုရားက သားတို့​သမီးတို့​ကို ချစ်တယ်။ ပျော်​လည်း​ပျော်​စေချင်တယ်။ သားတို့​သမီးတို့​လည်း ယေဟော​ဝါ​ဘုရား​အကြောင်း​ ဆက်သင်​ယူပြီး ဘုရား​စကား အမြဲ​နားထောင်​မယ်​ဆိုရင် သာယာ​လှပတဲ့ ကမ္ဘာကြီး​ပေါ်မှာ ဘယ်တော့မှ​မသေ​ရတော့​ဘဲ အမြဲတမ်း နေထိုင်​သွား​ရလိမ့်မယ်။ သားတို့​သမီးတို့ အဲဒီမှာ နေချင်​လား။—