မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်– ၁၉၃၀ ပြည့်လွန်နှစ်နှောင်းပိုင်း၊ ယူအက်စ်အေ၊ အယ်လ်ဘားမားပြည်နယ်မှာ ညီအစ်မတစ်ဦးက ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ ဟောပြောချက်ကို ဖွင့်ပြနေ

ညာ– ဆွစ်ဇလန်

အပိုင်း ၁

နိုင်ငံတော်နဲ့ပတ်သက်တဲ့ အမှန်တရား—အချိန်တန်အစာ ဝေပေးခြင်း

နိုင်ငံတော်နဲ့ပတ်သက်တဲ့ အမှန်တရား—အချိန်တန်အစာ ဝေပေးခြင်း

အခုလေးတင်ဖတ်လိုက်တဲ့ကျမ်းချက်ရဲ့အဓိပ္ပာယ်ကို ကျမ်းစာ သင်သားနားလည်လာတဲ့အခါ သူ့မျက်လုံးတွေ တောက်ပသွားတာကို သင်တွေ့လိုက်ရတယ်။ သူက “ဒါဆို ပရဒိသုဖြစ်လာမယ့် ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ ထာဝစဉ်နေနိုင်တယ်လို့ ကျမ်းစာသွန်သင်တာပေါ့၊ ဟုတ်လား” ဆိုပြီး ပြောတယ်။ သင်နဲ့အတူ လိုက်လာတဲ့ညီအစ်ကိုက ပြုံးလိုက်ပြီး “ကျမ်းစာမှာ အဲဒီလိုပဲဖတ်ရတယ်မဟုတ်လား” လို့မေးတယ်။ ဒီတော့ သင်သားဖြစ်သူက ခေါင်းတခါခါနဲ့ “ကျွန်တော် ဒါမျိုး တစ်ခါမှမကြားဖူးဘူး” လို့ အံ့သြတကြီးပြောတယ်။ မကြာသေးခင်တုန်းကလည်း ဘုရားသခင့်နာမည် ယေဟောဝါဆိုတာကို သူစသိတဲ့အခါ ဒီလိုပဲပြောခဲ့မှန်း သင်ပြန်သတိရမိတယ်။

ဒီလိုအဖြစ်မျိုး ကိုယ်တိုင်ကြုံဖူးသလား။ ဘုရားသခင့်လူမျိုး အများစုက ကြုံဖူးကြတယ်။ ဒီလိုအဖြစ်အပျက်မျိုးက အဖိုးတန် ဆုကျေးဇူးဖြစ်တဲ့ အမှန်တရားအသိပညာကို ကျွန်တော်တို့ ပိုင်ဆိုင်ထားမှန်း ကောင်းကောင်းအမှတ်ရစေတယ်။ အဲဒီ ဆုကျေးဇူးကို သင်ဘယ်လိုရခဲ့သလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။ ဒီအပိုင်းမှာ အဲဒီအကြောင်းကို ဆွေးနွေးပါမယ်။ အမှန်တရားဆိုင်ရာအသိပညာကို ဘုရားသခင့်လူမျိုး တစ်ဆင့်ပြီးတစ်ဆင့်ရရှိလာပုံက နိုင်ငံတော် တကယ်တည်ရှိတယ်ဆိုတာ ထင်ထင်ရှားရှား သက်သေထူတယ်။ အနှစ်တစ်ရာအတွင်းမှာ နိုင်ငံတော်ဘုရင်ယေရှုခရစ်က ဘုရားသခင့်လူမျိုးကို အမှန်တရားသွန်သင်ပေးဖို့ အသေအချာလုပ်ဆောင်လာခဲ့တယ်။

ဒီအပိုင်းမှာ

အခန်း ၃

ရည်ရွယ်တော်မူချက်များကို ယေဟောဝါဖော်ပြ

ယေဟောဝါရဲ့မူလရည်ရွယ်ချက်မှာ နိုင်ငံတော်ပါသလား။ နိုင်ငံတော်အပေါ် ယေရှု ဘယ်လိုအလင်းဖြာပေးသလဲ။

အခန်း ၄

နာမတော်ကို ယေဟောဝါ ဂုဏ်တင်ချီးမြှောက်

ဘုရားသခင့်နာမည်နဲ့ပတ်သက်ပြီး နိုင်ငံတော်က ဘာတွေလုပ်ဆောင်ပြီးမြောက်ခဲ့သလဲ။ ယေဟောဝါရဲ့နာမည် သန့်ရှင်းမြင့်မြတ်ရေးမှာ သင် ဘယ်လိုပါဝင်နိုင်သလဲ။

အခန်း ၅

ဘုရင်က နိုင်ငံတော်အပေါ် အလင်းဖြာပေး

ဘုရားသခင့်နိုင်ငံတော်၊ အုပ်ချုပ်သူတွေနဲ့ ပြည်သူပြည်သားတွေအကြောင်းအပြင် နိုင်ငံတော်ကို သစ္စာစောင့်သိဖို့လိုကြောင်း ပိုနားလည်လာအောင် လေ့လာကြည့်ပါ။