မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်– ၁၉၄၅ ခုနှစ်၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာကျင်းပတဲ့ လဟာပြင်စည်းဝေး၊ ညာ– ၂၀၁၂ ခုနှစ်၊ အာဖရိကတိုက်၊ မာလာဝီနိုင်ငံမှာကျင်းပတဲ့ အထူးစည်းဝေးပွဲ

အပိုင်း ၅

နိုင်ငံတော်ရဲ့ ပညာရေး—ဘုရင့်ကျေးကျွန်များကို လေ့ကျင့်ပေးခြင်း

နိုင်ငံတော်ရဲ့ ပညာရေး—ဘုရင့်ကျေးကျွန်များကို လေ့ကျင့်ပေးခြင်း

စင်မြင့်ပေါ်မှာ ဟောပြောချက်ပေးနေတဲ့ ညီအစ်ကို,ကိုကြည့်ပြီး သင် အားရပါးရပြုံးလိုက်တယ်။ သူက သင်တို့အသင်းတော်က ညီအစ်ကိုလေးပဲ။ ဒီစည်းဝေးပွဲအစီအစဉ်မှာ ဦးဆုံးအကြိမ် ဟောပြောချက်ပေးနေတာ။ သူ့ဟောပြောချက်ကို နားထောင်နေရင်း ဘုရားသခင့်လူမျိုးရရှိတဲ့ လေ့ကျင့်မှုကို သင် မအံ့သြဘဲမနေနိုင်ဘူး။ ဒီညီအစ်ကိုလေး ကျောင်းသားစလုပ်တဲ့အချိန်ကို မှတ်မိသေးတယ်။ အခုတော့ ကြည့်ပါအုံး၊ တိုးတက်လာလိုက်တာ။ သူက ရှေ့ဆောင်လုပ်ငန်းကျောင်းတက်ပြီးတဲ့နောက် ပိုပြီးတိုးတက်လာတယ်။ သိပ်မကြာသေးခင်က သူနဲ့ သူ့ဇနီးဟာ သတင်းကောင်းဟောပြောသူများအတွက်သင်တန်းကို တက်ခဲ့ကြတယ်။ အရမ်းကောင်းတဲ့ သူ့ဟောပြောချက်အပြီးမှာ လက်ခုပ်တီးရင်း ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ဘုရားသခင့်လူမျိုးအားလုံးရရှိတဲ့ သွန်သင်မှုအကြောင်း သင် စဉ်းစားနေမိတယ်။

သမ္မာကျမ်းစာမှာ ‘ယေဟောဝါရဲ့သွန်သင်မှု’ ခံရမယ့်အချိန်အကြောင်း ကြိုပြောထားတယ်။ (ဟေရှာ. ၅၄:၁၃ကဘ) အဲဒီအချိန်မှာ ကျွန်တော်တို့အသက်ရှင်နေကြတယ်။ ကျွန်တော်တို့ဟာ စာပေစာတမ်းတွေအပြင် စည်းဝေးတွေ၊ စည်းဝေးပွဲတွေ၊ စည်းဝေးကြီးတွေ၊ ယေဟောဝါရဲ့အဖွဲ့အစည်းမှာရရှိတဲ့ တာဝန်တွေအတွက် အသင့်ပြင်ဆင်ပေးတဲ့ သင်တန်းကျောင်းတွေကနေ ပညာသင်ယူနေကြတယ်။ အဲဒီပညာရေးအစီအစဉ်အားလုံးက အခုအချိန်မှာ ဘုရားသခင့်နိုင်ငံတော်စိုးစံနေပြီဖြစ်ကြောင်း ဘယ်လိုအခိုင်အမာသက်သေထူသလဲဆိုတာ ဒီအပိုင်းမှာ လေ့လာကြပါမယ်။

ဒီအပိုင်းမှာ

အခန်း ၁၆

အတူတကွ စုဝေးဝတ်ပြုခြင်း

ယေဟောဝါကိုဝတ်ပြုတဲ့ စည်းဝေးတွေကနေ ဘယ်လို အကျိုးအပြည့်အဝရနိုင်သလဲ။

အခန်း ၁၇

နိုင်ငံတော်အမှုဆောင်များကို လေ့ကျင့်ပေးခြင်း

တာဝန်တွေကိုထမ်းဆောင်နိုင်ဖို့ သင်တန်းကျောင်းတွေက နိုင်ငံတော်အမှုဆောင်တွေကို ဘယ်လိုလေ့ကျင့်ပေးသလဲ။