မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၄

ယုဒပြည်မှာ ယေရှုရဲ့နောက်ပိုင်းအမှုဆောင်လုပ်ငန်း

“လုပ်သားတွေ​ စေလွှတ်​ပေးဖို့ စပါးရှင်​ဆီ ဆုတောင်းကြပါ။” —လုကာ ၁၀:၂

ယုဒပြည်မှာ ယေရှုရဲ့နောက်ပိုင်းအမှုဆောင်လုပ်ငန်း

ဒီအပိုင်းမှာ

အခန်း ၆၆

ဂျေရုဆလင်မြို့မှာ တဲနေပွဲတော်တက်ရောက်

ယေရှုကို နတ်ဆိုးပူးတဲ့သူလို့ နားထောင်နေသူတွေ ပြောကြတာ ဘာကြောင့် ဖြစ်မလဲ။

အခန်း ၆၇

“သူဟောသလို ဘယ်သူမှ မဟောဖူးဘူး”

တကယ်တော့ ဂျူးတရားရုံးချုပ်အဖွဲ့ဝင်အားလုံးက ယေရှုကို ဆန့်ကျင်တယ်။ ဒါပေမဲ့ အဖွဲ့ဝင်တစ်ယောက်ကတော့ ယေရှုအကျိုးအတွက် မကြောက်မရွံ့ ပြောခဲ့တယ်။

အခန်း ၆၈

“ဒီလောကရဲ့အလင်း”

“အမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်” လို့ ယေရှု ပြောတယ်။ ဘယ်ကနေ လွတ်မြောက်စေမှာလဲ။

အခန်း ၆၉

သူတို့အဖေက အာဗြဟံလား၊ မာရ်နတ်လား

အာဗြဟံရဲ့သားသမီးတွေကို ဘယ်လို ခွဲခြားသိနိုင်ကြောင်း၊ မိမိရဲ့အဖေ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ယေရှု ဆွေးနွေးခဲ့တယ်။

အခန်း ၇၀

မွေးရာပါ မျက်မမြင်တစ်ယောက်ကို ကုသပေး

တပည့်တွေက ယေရှုကို အဲဒီမျက်မမြင် ဘာကြောင့် မျက်စိမမြင်ရတာလဲ။ သူ့အပြစ်ကြောင့်လား၊ မိဘတွေရဲ့ အပြစ်ကြောင့်လား လို့မေးတယ်။ ယေရှု သူ့ကို ကုသပေးတဲ့အခါ လူတွေ အမျိုးမျိုး ပြောကြတယ်။

အခန်း ၇၁

မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဖာရိရှဲတွေ ခေါ်တွေ့

မျက်မမြင်ဖြစ်ခဲ့ဖူးသူရဲ့ ယုတ္တိရှိတဲ့စကားတွေကြောင့် ဖာရိရှဲတွေ ဒေါသထွက်တယ်။ သူ့မိဘတွေ စိုးရိမ်နေတဲ့အတိုင်း ဖာရိရှဲတွေက သူ့ကို တရားဇရပ်ကနေ နှင်ထုတ်လိုက်တယ်။

အခန်း ၇၂

ဟောပြောဖို့ တပည့် ၇၀ ကိုစေလွှတ်

ယုဒနယ်မှာ ယေရှုက တပည့် ၇၀ ကို နှစ်ယောက်တစ်တွဲစီ တွဲပေးပြီး နိုင်ငံတော်သတင်း ဟောပြောသူတွေအဖြစ် စေလွှတ်တယ်။ သူတို့က လူတွေကို ဘယ်နေရာမှာ ရှာရမလဲ။ တရားဇရပ်တွေမှာလား၊ အိမ်တွေမှာလား။

အခန်း ၇၃

လူသားချင်းကို အမှန်တကယ်ချစ်တဲ့ ရှမာရိလူ

ယေရှုက လူသားချင်းကိုချစ်တဲ့ ရှမာရိလူ ပုံဥပမာ ဒါမှမဟုတ် “ရှမာရိလူကောင်း” ပုံဥပမာကိုသုံးပြီး ဘယ်ထိရောက်တဲ့ သင်ခန်းစာ သင်ပေးခဲ့သလဲ။

အခန်း ၇၄

ဧည့်ဝတ်ကျေပွန်ခြင်းနဲ့ ဆုတောင်းခြင်းအကြောင်း သွန်သင်ပေး

မာသနဲ့ မာရိအိမ်ကို ယေရှု လည်ပတ်တယ်။ ဧည့်ဝတ်ကျေပွန်ခြင်းနဲ့ ပတ်သက်ပြီး သူတို့ကို ဘာသင်ပေးသလဲ။ ဆုတောင်းခြင်းနဲ့ ပတ်သက်ပြီး တပည့်တွေကို ဘယ်လို သင်ပေးသလဲ။

အခန်း ၇၅

စစ်မှန်တဲ့ပျော်ရွှင်မှုရဲ့ ရင်းမြစ်

ယေရှုက အပြစ်ရှာသူတွေကို “ဘုရားသခင့်လက်ညှိုးတော်” အကြောင်း၊ သူတို့တွေ ဘုရားနိုင်ငံတော်နဲ့ ဘယ်လို လွဲသွားကြောင်း ပြောပြတယ်။ စစ်မှန်တဲ့ပျော်ရွှင်မှု ဘယ်လို ရရှိနိုင်ကြောင်းကိုလည်း ဖော်ပြတယ်။

အခန်း ၇၆

ဖာရိရှဲတစ်ဦးနဲ့အတူ စားသောက်ခြင်း

ဖာရိရှဲနဲ့ ကျမ်းတတ်တွေရဲ့ သူတော်ကောင်းယောင်ဆောင်မှုကို ယေရှု ဖော်ထုတ်ခဲ့တယ်။ သူတို့က လူတွေအပေါ် ဘယ်လေးလံတဲ့ဝန်တွေကို တင်သလဲ။

အခန်း ၇၇

စည်းစိမ်ဥစ္စာနဲ့ပတ်သက်ပြီး သွန်သင်ပေး

သိုလှောင်ခန်းကြီးတွေဆောက်တဲ့ သူဌေးပုံဥပမာကို ယေရှု ပြောပြတယ်။ စည်းစိမ်ဥစ္စာ ရှာဖွေခြင်းရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး ဘာကို အထပ်ထပ် သွန်သင်ပေးသလဲ။

အခန်း ၇၈

သစ္စာရှိဘဏ္ဍာစိုး အသင့်ရှိနေပါ

တပည့်တွေ ဘုရားနဲ့ဆက်ဆံရေးကောင်းရှိဖို့ ယေရှု စိတ်ဝင်စားတယ်။ တပည့်တွေ ဘုရားနဲ့ဆက်ဆံရေးကောင်းရှိစေဖို့ ဘဏ္ဍာစိုးက ဘယ်ကဏ္ဍကနေ လုပ်ဆောင်ပေးမလဲ။ အသင့်ရှိနေပါဆိုတဲ့ သတိပေးချက်က ဘာကြောင့် အရေးကြီးသလဲ။

အခန်း ၇၉

မယုံကြည်တဲ့ဂျူးတွေ ဘာကြောင့်ဖျက်ဆီးခံရမလဲ

ယေရှုက သူကူညီပေးနေသူတွေဟာ နောင်တမယူဘူးဆိုရင် ဖျက်ဆီးခံရလိမ့်မယ်လို့ ပြောတယ်။ ဘုရားနဲ့ သူတို့ရဲ့ဆက်ဆံရေးအကြောင်း ယေရှုသင်ပေးတဲ့ အရေးကြီး သင်ခန်းစာကနေ သူတို့ သင်ယူကြမလား။

အခန်း ၈၀

သိုးထိန်းကောင်းနဲ့ သိုးခြံတွေ

တပည့်တွေနဲ့ ပတ်သက်တဲ့ ယေရှုရဲ့ ခံစားချက်ကို သိုးထိန်းနဲ့ သိုးတွေရဲ့ ဆက်ဆံရေးက ကောင်းကောင်း ပုံဖော်တယ်။ သူတို့က ယေရှုရဲ့ သွန်သင်ချက်တွေကို နားလည်ပြီး ဦးဆောင်ရာနောက် လိုက်ကြမလား။

အခန်း ၈၁

အဖဘုရားနဲ့တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပေမဲ့ ဘုရားမဟုတ်

အပြစ်ရှာသူတချို့က ယေရှုဟာ သူ့ကိုယ်သူ ဘုရားနဲ့တန်းတူဖြစ်အောင် လုပ်နေတယ်လို့ စွပ်စွဲကြတယ်။ သူတို့ရဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေကို ယေရှု ဘယ်လို ပိုင်ပိုင်နိုင်နိုင် ချေပခဲ့သလဲ။