မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဘယ်လို ထင်သလဲ

  • သင့်နှလုံးထဲမှာရှိတဲ့အရာတစ်ခုလား။

  • တင်စားချက်တစ်ခုလား။

  • ကောင်းကင်မှာရှိတဲ့ အုပ်ချုပ်မှု တစ်ခုလား။

ကျမ်းစာအဆို

“ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။”—ဒံယေလ ၂:၄၄ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

“ငါတို့အတွက် သားတစ်ယောက်ကို ပေးသနားတယ်။ အုပ်ချုပ်ခွင့်အာဏာက သူ့ပခုံးပေါ် ကျရောက်လာမယ်။”—ဟေရှာယ ၉:၆

သမ္မာကျမ်းစာကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

  • ဖြောင့်မတ်တဲ့အုပ်ချုပ်မှုကနေ သင်ကိုယ်တိုင် အကျိုးခံစားရနိုင်ပါတယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈

  • ရောက်လာတော့မယ့် ကမ္ဘာသစ်မှာ ပြည့်ဝစုံလင်တဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှု ခံစားရမယ်။—ဗျာဒိတ် ၂၁:၃၊ ၄

ကျမ်းစာအဆိုကို ယုံကြည်စိတ်ချနိုင်ပါသလား

စိတ်ချနိုင်တဲ့အကြောင်းရင်း အနည်းဆုံး နှစ်ခု ရှိပါတယ်–

  • ဘုရားသခင့်နိုင်ငံတော် လုပ်ဆောင်ပေးမယ့် အရာတွေကို ယေရှု ပြသခဲ့တယ်။ ယေရှုက နောက်လိုက်တွေကို ဘုရားသခင့် နိုင်ငံတော် လာဖို့နဲ့ ဘုရားသခင့် အလိုတော် မြေကြီးပေါ်မှာ ပြည့်စုံလာဖို့ ဆုတောင်းကြ ပါလို့ သင်ပေးခဲ့တယ်။ (မဿဲ ၆:၉၊ ၁၀) အဲဒီဆုတောင်းချက် ဘယ်လိုပြည့်စုံလာမယ်ဆိုတာ ယေရှု ပြသခဲ့တယ်။

    ယေရှု ကမ္ဘာပေါ်မှာရှိတုန်းက ဆာလောင်နေသူတွေကို ကျွေးမွေးခဲ့တယ်၊ ဖျားနာသူတွေကို ကျန်းမာစေတယ်၊ သေတဲ့သူတွေကို ပြန်ရှင်အောင်လုပ်ပေးတယ်။ (မဿဲ ၁၅:၂၉-၃၈။ ယောဟန် ၁၁:၃၈-၄၄) အနာဂတ်မှာ ဘုရားသခင့်နိုင်ငံတော်ဘုရင်ဖြစ်လာမယ့် ယေရှုဟာ နိုင်ငံတော်က လုပ်ဆောင်ပေးမယ့်အရာတွေကို အကြိုအနေနဲ့ လုပ်ဆောင်ပေးခဲ့တယ်။—ဗျာဒိတ် ၁၁:၁၅

  • ကမ္ဘာ့အခြေအနေတွေက ဘုရားသခင့်နိုင်ငံတော် မကြာခင် ရောက်လာ တော့မယ်ဆိုတာကို အတည်ပြုတယ်။ နိုင်ငံတော်က မြေကြီးပေါ်မှာ ငြိမ်းချမ်းမှုရှိအောင် မလုပ်ပေးခင် ကမ္ဘာပေါ်မှာ စစ်၊ အစာရှားပါးမှုနဲ့ မြေငလျင်လှုပ်တာတွေ ဖြစ်မယ်လို့ ယေရှုကြိုပြောခဲ့တယ်။—မဿဲ ၂၄:၃၊ ၇

    အခုချိန်မှာ အဲဒီအခြေအနေတွေကို မြင်တွေ့နေရပြီ။ ဒါကြောင့် မကြာခင်မှာ ဘုရားသခင့်နိုင်ငံတော်က အဲဒီပြဿနာ အားလုံးကို ဖယ်ရှားပေးတော့မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။

စဉ်းစားကြည့်ပါ

ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ဘယ်လိုအသက်ရှင်ရမလဲ။

သမ္မာကျမ်းစာက ဆာလံ ၃၇:၂၉ နဲ့ ဟေရှာယ ၆၅:၂၁-၂၃ မှာ အဖြေပေးထားပါတယ်။