မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်တော်တို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ

ကျွန်တော်တို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ

သတင်း​စာ ဖတ်​တဲ့​အ​ခါ၊ ရုပ်​မြင်​သံ​ကြား ကြည့်​တဲ့​အခါ၊ ရေ​ဒီ​ယို နား​ထောင်​တဲ့​အ​ခါ ရာ​ဇ​ဝတ်​မှု၊ စစ်​မှု၊ အ​ကြမ်း​ဖက်​မှု​အ​ကြောင်း အ​များ​ကြီး မြင်​ရ​ကြား​ရ​တယ်။ သင်​ကိုယ်​တိုင် ဖျား​နေ​လို့ ဒါ​မှ​မ​ဟုတ် ချစ်​မြတ်​နိုး​ရ​သူ​တစ်ဦး သေ​ဆုံး​သွား​လို့ စိတ်​သော​က​ရောက်​နေတာ ဖြစ်​နိုင်​တယ်။

ကိုယ့်​ကိုယ်​ကိုယ် မေး​ပါ–

  • ဘု​ရား​သ​ခင်​က ငါ​နဲ့ ငါ့​မိသား​စု​ကို ဒီ​လို​ဖြစ်​စေ​ချင်​တာ​လား။

  • ငါ့​ပြ​ဿ​နာ​တွေ​ကို ဖြေ​ရှင်း​ဖို့ ဘယ်​က​နေ အ​ကူ​အ​ညီ ရ​နိုင်​သ​လဲ။

  • စစ်​မှန်​တဲ့ ငြိမ်သက်​အေး​ချမ်း​မှု ရ​နိုင်​မ​လား။

ဒီ​မေး​ခွန်း​တွေ​အ​တွက် စိတ်​ကျေ​နပ်​စ​ရာ​အ​ဖြေ ကျမ်း​စာ​မှာ ပါ​တယ်။

ဘု​ရား​သခင်​က ကမ္ဘာ​ပေါ်​မှာ ဒီ​လို အံ့​ဖွယ်​ကောင်း​တဲ့​အရာတွေ လုပ်​ဆောင်​ပေး​မယ်​လို့ ကျမ်း​စာ​သွန်သင်​တယ်။

ကျမ်း​စာ​သွန်သင်​ရာ​က​နေ ရ​ရှိ​မယ့် အကျိုး​ကျေး​ဇူး

ရှေ့​စာ​မျက်​နှာ​မှာ​ပါ​တဲ့ အ​ချက်​တွေ​ဟာ စိတ်​ကူး​ယဉ်​သက်​သက်​ပါ​ဆို​ပြီး အ​လျင်​စ​လို မ​ထင်​လိုက်​ပါ​နဲ့။ က​မ္ဘာ​ပေါ်​မှာ အဲဒီ​လို​ပြောင်း​လဲ​မှု​တွေ မ​ကြာ​ခင် ဖြစ်​လာ​မယ်​လို့ ဘု​ရား​သ​ခင် ကတိ​ပြု​ထား​ပြီး ဘယ်​လို​လုပ်​ဆောင်​ပေး​မယ်​ဆို​တာ ကျမ်း​စာ​မှာ ရှင်း​ပြ​တယ်။

ဒါ​ပေ​မဲ့ ကျမ်း​စာ​မှာ အဲ​ဒါ​ထက်​မ​က ဖော်ပြ​တယ်။ အ​ခု​ချိန်​မှာ​တောင် အ​မှန်​တ​ကယ် ပျော်​စ​ရာ​ကောင်း​တဲ့ အ​သက်​တာ​မျိုး ဘယ်​လို​ရ​ရှိ​နိုင်​သ​လဲ​ဆို​တာ သိ​ဖို့ ကူညီ​ပေး​နိုင်​တယ်။ သင့်​ကို ပူ​ပန်​သော​က​ရောက်​စေ​တဲ့ အ​ရာတွေ​ကို ခ​ဏ​စဉ်း​စား​ကြည့်​လိုက်​ပါ။ အဲဒီ​အ​ရာတွေ​ထဲ​မှာ ငွေ​ကြေး​ပြ​ဿ​နာ၊ မိသား​စု​ပြ​ဿ​နာ၊ ကျန်း​မာ​ရေး​မကောင်း​တာ၊ ချစ်​မြတ်​နိုး​ရ​သူ​တစ်ဦး သေ​ဆုံး​တာ​တွေ ပါ​ဝင်​မယ်။ ကျမ်း​စာ​က အဲဒီ​ပြ​ဿ​နာ​တွေ​ကို ဖြေ​ရှင်း​ရာ​မှာ ကူညီ​နိုင်​ပြီး အောက်​ပါ​မေး​ခွန်း​တွေ​ကို​လည်း ဖြေ​ဆို​ပေး​နိုင်​တယ်–

သင် ဒီ​စာ​အုပ်​ကို​ဖတ်​ရှု​တာ​ဟာ ကျမ်း​စာ​သွန်သင်​ချက်​တွေ​ကို သိ​ချင်​တယ်​ဆို​တာ ဖော်ပြ​တယ်။ ဒီ​စာ​အုပ်​က သင့်​ကို ကူညီ​ပေး​ပါ​လိမ့်​မယ်။ စာ​ပိုဒ်​နဲ့​သက်​ဆိုင်​တဲ့ မေး​ခွန်း​တွေ​ကို ဖော်ပြ​ထား​တယ်။ အဲ​ဒါ​က ကျမ်း​စာ​ကို သင် ပို​နား​လည်​ဖို့ ကူညီ​ပေး​ပါ​လိမ့်​မယ်။ သန်း​နဲ့​ချီ​တဲ့​လူ​တွေ​ဟာ ယေ​ဟော​ဝါ​သက်​သေ​တွေ​နဲ့ ကျမ်း​စာ​လေ့​လာရ​တာ​ကို နှစ်​သက်​ကြ​တယ်။ သင်​လည်း နှစ်​သက်​မယ်​လို့ မျှော်​လ​င့်​ပါ​တယ်။ ကျမ်း​စာ​သွန်သင်​ရာတွေ​ကို လေ့​လာ​တာ​နဲ့​အ​မျှ သင့်​ကို ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​ပါ​စေ။