အခန်းငါး
ရွေးဖိုး—ဘုရားပေးတဲ့ အဖိုးထိုက်ဆုံးလက်ဆောင်
၁၊ ၂။ (က) ဘယ်လိုလက်ဆောင်မျိုးဟာ အဖိုးတန်သလဲ။ (ခ) ရွေးဖိုးဟာ အဖိုးထိုက်ဆုံး ဘုရားပေးလက်ဆောင်လို့ ဘာကြောင့် ပြောနိုင်သလဲ။
သင်ရခဲ့ဖူးတဲ့ လက်ဆောင်တွေမှာ အကောင်းဆုံး လက်ဆောင်ဟာ ဘာလဲ။ တန်ဖိုးရှိတဲ့ လက်ဆောင်ဖြစ်ဖို့ စျေးကြီးစရာ မလိုပါဘူး။ လက်ဆောင်တစ်ခုဟာ သင့်ကို ပျော်ရွှင်စေတယ်၊ တကယ်လိုအပ်တဲ့အရာ ဖြစ်တယ်ဆိုရင် သင့်အတွက် အလွန်အဖိုးတန်တယ်။
၂ ဘုရားပေးလက်ဆောင်တွေထဲမှာ ကျွန်တော်တို့ အလိုအပ်ဆုံး လက်ဆောင်တစ်ခု ရှိတယ်။ အဲဒါဟာ လူတွေကို ဘုရားပေးတဲ့ အဖိုးထိုက်ဆုံး လက်ဆောင်ပဲ။ ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်နိုင်ဖို့ သားတော်ယေရှုခရစ်ကို ယေဟောဝါ စေလွှတ်ခဲ့တဲ့အကြောင်း ဒီအခန်းမှာ လေ့လာကြမယ်။ (မဿဲ ၂၀:၂၈ ကိုဖတ်ပါ။) ယေရှုကို ရွေးဖိုးအဖြစ် မြေကြီးပေါ် စေလွှတ်တာက ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက်ချစ်မှန်း သက်သေထူတယ်။
ရွေးဖိုးဆိုတာ ဘာလဲ
၃။ လူတွေ ဘာကြောင့် သေရတာလဲ။
၃ ရွေးဖိုးဆိုတာ လူတွေကို အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်အောင် ယေဟောဝါလုပ်ဆောင်တဲ့နည်းလမ်း ဖြစ်တယ်။ (ဧဖက် ၁:၇) ရွေးဖိုးလိုအပ်တဲ့အကြောင်း နားလည်ဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဧဒင်ဥယျာဉ်မှာ ဖြစ်ပျက်ခဲ့တာတွေကို သိဖို့လိုတယ်။ ကျွန်တော်တို့ရဲ့ ကနဦးမိဘ အာဒံနဲ့ ဧဝ အပြစ်လုပ်ခဲ့ကြတယ်။ အဲဒီအပြစ်ကြောင့် သူတို့ သေရတယ်။ အာဒံနဲ့ ဧဝဆီက အမွေရခဲ့တဲ့ အပြစ်ကြောင့် ကျွန်တော်တို့လည်း သေရတယ်။—ရှင်းလင်းချက် ၉ ကိုကြည့်ပါ။
၄။ အာဒံဟာ ဘယ်သူလဲ၊ ဘယ်လိုအသက်တာမျိုး ရထားသလဲ။
၄ ပထမလူသား အာဒံကို ယေဟောဝါ ဖန်ဆင်းချိန်မှာ တကယ်အဖိုးထိုက်တဲ့လုကာ ၃:၃၈) ယေဟောဝါက အာဒံနဲ့ မှန်မှန် စကားပြောလေ့ရှိတယ်။ သူ့ကို ဘာလုပ်စေချင်သလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပြီး ကျေနပ်စရာကောင်းတဲ့ အလုပ်တာဝန် ပေးထားတယ်။—ကမ္ဘာဦး ၁:၂၈-၃၀။ ၂:၁၆၊ ၁၇။
အရာ၊ ပြည့်ဝစုံလင်တဲ့ အသက်ကို ပေးခဲ့တယ်။ ကိုယ်စိတ်နှစ်ပါး ပြည့်ဝစုံလင်တဲ့အတွက် အိုခြင်း၊ နာခြင်း၊ သေခြင်း ကြုံရမှာ မဟုတ်ဘူး။ ယေဟောဝါဘုရားက အာဒံကို ဖန်ဆင်းခဲ့တာဖြစ်လို့ အာဒံအတွက် ဖခင်တစ်ယောက်လိုပါပဲ။ (၅။ အာဒံကို “ဘုရားသခင့် ပုံသဏ္ဌာန်အတိုင်း” ဖန်ဆင်းထားတယ်လို့ ကျမ်းစာပြောတာဟာ ဘာကိုဆိုလိုတာလဲ။
၅ အာဒံဟာ “ဘုရားသခင့် ပုံသဏ္ဌာန်အတိုင်း” ဖန်ဆင်းခံခဲ့ရတယ်။ (ကမ္ဘာဦး ၁:၂၇) ယေဟောဝါဟာ ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာ၊ တရားမျှတမှု၊ တန်ခိုးအပါအဝင် သူ့မှာရှိတဲ့ အရည်အသွေးတွေကို အာဒံဆီ ထည့်သွင်းဖန်ဆင်းထားတယ်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးထားတယ်။ သူဟာ စက်ရုပ် မဟုတ်ဘူး။ အမှားအမှန်ကို ကိုယ်တိုင် ရွေးချယ်နိုင်အောင် ဘုရားဖန်ဆင်းထားတယ်။ အာဒံသာ ဘုရားသခင်ကို နာခံဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် မြေကြီးပရဒိသုမှာ ထာဝစဉ် အသက်ရှင်နိုင်မယ်။
၆။ ဘုရားသခင်ကို မနာခံတဲ့အတွက် အာဒံ ဘာဆုံးရှုံးခဲ့ရသလဲ။ ကျွန်တော်တို့ကို ဘယ်လို ထိခိုက်သလဲ။
၆ အာဒံဟာ ဘုရားသခင်ကို မနာခံလို့ သေဒဏ်ချမှတ်ခံရချိန်မှာ အလွန်တန်ဖိုးကြီးတဲ့အရာကို ပေးဆပ်လိုက်ရတယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး၊ ပြည့်ဝစုံလင်တဲ့အသက်၊ ပရဒိသုစံအိမ်ကိုပါ ဆုံးရှုံးလိုက်ရတယ်။ (ကမ္ဘာဦး ၃:၁၇-၁၉) ဘုရားသခင်ကို မနာခံဖို့ ရွေးချယ်ခဲ့တဲ့အတွက် အာဒံနဲ့ ဧဝ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ အာဒံကြောင့် ‘အပြစ်ဟာ လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်။’ (ရောမ ၅:၁၂) အာဒံ အပြစ်လုပ်တဲ့အခါ ကိုယ်တိုင်နဲ့ ကျွန်တော်တို့ကို အပြစ်နဲ့ သေခြင်းရဲ့ ကျွန်ဘဝရောက်အောင် “ရောင်းစား” ခဲ့တယ်။ (ရောမ ၇:၁၄) ဒီတော့ ကျွန်တော်တို့အတွက် မျှော်လင့်ချက် ရှိသေးရဲ့လား။ ရှိပါတယ်။
၇၊ ၈။ ရွေးဖိုးဆိုတာ ဘာလဲ။
၇ ရွေးဖိုးဆိုတာ ဘာလဲ။ အခြေခံအားဖြင့် အချက်နှစ်ချက် ပါဝင်တယ်။ ပထမ၊ တစ်စုံတစ်ယောက် လွတ်မြောက်ဖို့၊ တစ်စုံတစ်ခုကို ပြန်ဝယ်ယူဖို့ ပေးရတဲ့ အဖိုးအခကို ဆိုလိုတယ်။ ဒုတိယ၊ ဆုံးရှုံးသွားတဲ့ အရာတစ်ခုကို ပြန်ရဖို့ ပေးရတဲ့ တန်ရာတန်ကြေးကို ဆိုလိုတယ်။
၈ အာဒံ အပြစ်လုပ်ပြီး ကျွန်တော်တို့ကို သေခြင်းရဲ့ကျွန်ဘဝ ရောက်စေခဲ့ချိန်မှာ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးနစ်နာမှုကြီးအတွက် ဘယ်လူသားကမှ မပေးဆပ်နိုင်ဘူး။ ဒါပေမဲ့ ယေဟောဝါက အပြစ်နဲ့ သေခြင်းလက်ကနေ ကျွန်တော်တို့ လွတ်မြောက်နိုင်ဖို့ နည်းလမ်း ပြင်ဆင်ပေးတယ်။ ရွေးဖိုးက ဘာကို ဖြစ်မြောက်စေတယ်၊ ရွေးဖိုးကနေ ဘာအကျိုးကျေးဇူး ရနိုင်တယ်ဆိုတာ လေ့လာကြည့်ရအောင်။
ရွေးဖိုးကို ယေဟောဝါ ပြင်ဆင်ပေးပုံ
၉။ ရွေးဖိုးကို ဘယ်လို ပေးနိုင်သလဲ။
၉ အာဒံဆုံးရှုံးခဲ့တဲ့ ပြည့်ဝစုံလင်တဲ့အသက်ကို ပြန်ရအောင် ဘယ်သူမှ မရွေးနိုင်ဘူး။ ဘာကြောင့်လဲ။ ကျွန်တော်တို့အားလုံး ပြည့်ဝစုံလင်သူတွေ မဟုတ်လို့ပဲ။ (ဆာလံ ၄၉:၇၊ ၈) ပြည့်ဝစုံလင်တဲ့ လူ့အသက်နဲ့ ပြန်ရွေးမှ ရမယ်။ ဒါမှ “ညီမျှတဲ့ ရွေးဖိုး” လို့ခေါ်နိုင်မယ်။ (၁ တိမောသေ ၂:၆) ရွေးဖိုးဟာ အာဒံဆုံးရှုံးခဲ့တဲ့ အသက်နဲ့ တန်ဖိုးညီရမယ်။
၁၀။ ရွေးဖိုးကို ယေဟောဝါ ဘယ်လို ပြင်ဆင်ပေးခဲ့သလဲ။
၁၀ ယေဟောဝါက ရွေးဖိုးကို ဘယ်လို ပြင်ဆင်ပေးခဲ့သလဲ။ တန်ဖိုးအထားရဆုံး သားကို မြေကြီးပေါ် စေလွှတ်ခဲ့တယ်။ အဲဒီသားတော် ယေရှုဟာ ဘုရားသခင် ဦးဆုံး ဖန်ဆင်းခဲ့တဲ့သူပဲ။ (၁ ယောဟန် ၄:၉၊ ၁၀) ယေရှုက ဖခင်နဲ့ ကောင်းကင်စံအိမ်ကို လိုလိုလားလား စွန့်ခွာခဲ့တယ်။ (ဖိလိပ္ပိ ၂:၇) ယေဟောဝါက ယေရှုကို ကောင်းကင်ကနေ မြေကြီးပေါ် ပြောင်းရွှေ့ပေးပြီး အပြစ်မရှိ၊ ပြည့်ဝစုံလင်တဲ့ လူသားအဖြစ် မွေးဖွားစေတယ်။—လုကာ ၁:၃၅။
၁၁။ လူတစ်ယောက်က လူအားလုံးအတွက် ရွေးဖိုး ဘယ်လို ပေးနိုင်သလဲ။
ရောမ ၅:၁၉ ကိုဖတ်ပါ။) တစ်ခါမှ အပြစ်မလုပ်ဖူးတဲ့ ယေရှုက သူ့ရဲ့ ပြည့်ဝစုံလင်တဲ့အသက်ကို ရွေးဖိုးအဖြစ် ပေးခဲ့တယ်။ (၁ ကောရိန္သု ၁၅:၄၅) အဲဒီပြည့်ဝစုံလင်တဲ့အသက်က အာဒံရဲ့ သားသမီးအားလုံးအတွက် သေခြင်းကို ဖယ်ရှားပေးနိုင်တယ်။—၁ ကောရိန္သု ၁၅:၂၁၊ ၂၂။
၁၁ ပထမလူသား အာဒံက ယေဟောဝါကို မနာခံတဲ့အတွက် လူအားလုံး ပြည့်ဝစုံလင်တဲ့အသက် ဆုံးရှုံးသွားတယ်။ အာဒံရဲ့ သားသမီးအားလုံးအတွက် သေခြင်းကို ဖယ်ရှားပေးနိုင်သူ ရှိသလား။ ရှိပါတယ်။ (၁၂။ ယေရှု ဘာလို့ ဒီလောက် ဝေဒနာခံဖို့ လိုတာလဲ။
၁၂ ယေရှု မသေဆုံးခင် ဘယ်လောက်တောင် ဝေဒနာခံစားခဲ့ရတဲ့အကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။ ကျာပွတ်နဲ့ မညှာမတာ ရိုက်နှက်ခံရတယ်၊ သစ်တိုင်ပေါ်မှာ သံနဲ့ရိုက်ထားခံရတယ်၊ ဝေဒနာ တမြေ့မြေ့ခံစားပြီးမှ သေဆုံးသွားတယ်။ (ယောဟန် ၁၉:၁၊ ၁၆-၁၈၊ ၃၀) ယေရှု ဘာလို့ ဒီလောက် ဝေဒနာခံဖို့ လိုတာလဲ။ အပြင်းအထန် စမ်းသပ်ခံရတဲ့အခါ ဘယ်လူသားမှ ဘုရားအပေါ် သစ္စာရှိမှာ မဟုတ်ဘူးဆိုပြီး စာတန် စွပ်စွဲခဲ့လို့ပဲ။ ပြည့်ဝစုံလင်တဲ့လူဟာ အကြီးအကျယ် ဝေဒနာခံစားရတာတောင် ဘုရားအပေါ် သစ္စာရှိနိုင်တယ်ဆိုတာ ယေရှု သက်သေထူခဲ့တယ်။ ယေရှုအတွက် ယေဟောဝါ ဘယ်လောက် ဂုဏ်ယူမလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။—ပညာအလိမ္မာ ၂၇:၁၁။ ရှင်းလင်းချက် ၁၅ ကိုကြည့်ပါ။
၁၃။ ရွေးဖိုးကို ဘယ်လို ပေးခဲ့တာလဲ။
၁၃ ရွေးဖိုးကို ဘယ်လို ပေးခဲ့တာလဲ။ ဂျူးပြက္ခဒိန်အရ အေဒီ ၃၃၊ နိသန်လ ၁၄ ရက်မှာ ယေရှု အသေခံဖို့ ယေဟောဝါ ခွင့်ပြုခဲ့တယ်။ (ဟီဘရူး ၁၀:၁၀) သုံးရက်ကြာပြီးနောက် ယေဟောဝါက ယေရှုကို လူသားအဖြစ် မဟုတ်ဘဲ ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် အသက်ပြန်ရှင်စေတယ်။ အဲဒီနောက် ယေရှုက ကောင်းကင်မှာရှိတဲ့ ဖခင်ဆီ ပြန်တဲ့အခါ သူ့ရဲ့ ပြည့်ဝစုံလင်တဲ့ လူသားအသက်ကို ရွေးဖိုးအဖြစ် ယေဟောဝါကို ပေးခဲ့တယ်။ (ဟီဘရူး ၉:၂၄) ရွေးဖိုးပေးလိုက်ပြီဖြစ်လို့ အပြစ်နဲ့ သေခြင်းလက်ကနေ လွတ်မြောက်ဖို့ ကျွန်တော်တို့အတွက် လမ်းစပွင့်သွားပြီ။—ရောမ ၃:၂၃၊ ၂၄ ကိုဖတ်ပါ။
ရွေးဖိုးကနေ အကျိုးကျေးဇူး ရနိုင်ပုံ
၁၄၊ ၁၅။ အပြစ်တွေ ခွင့်လွှတ်ခံရဖို့ ဘာလုပ်ရမလဲ။
၁၄ ဘုရားပေးတဲ့ အဖိုးထိုက်ဆုံးလက်ဆောင်ကနေ ကျွန်တော်တို့ အကျိုးကျေးဇူး ခံစားနေရပြီ။ အခုရော အနာဂတ်မှာပါ အကျိုးကျေးဇူး ခံစားနိုင်ပုံကို ကြည့်ကြရအောင်။
၁၅ ကျွန်တော်တို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ မှန်ရာလုပ်ဖို့ အမြဲ မလွယ်ဘူး။ အမှားတွေ ပြောမိ၊ လုပ်မိကြတယ်။ (ကောလောသဲ ၁:၁၃၊ ၁၄) ဘယ်လိုနည်းနဲ့ ခွင့်လွှတ်မှု ရနိုင်သလဲ။ လုပ်မိတဲ့ အမှားတွေအတွက် အမှန်တကယ် ဝမ်းနည်းပြီး ခွင့်လွှတ်ပေးဖို့ ယေဟောဝါဆီ နှိမ့်ချစွာ တောင်းပန်သင့်တယ်။ ဒါဆိုရင် အပြစ်တွေ ခွင့်လွှတ်ခံရမယ်ဆိုတာ စိတ်ချနိုင်တယ်။—၁ ယောဟန် ၁:၈၊ ၉။
၁၆။ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိအောင် ဘာလုပ်ရမလဲ။
၁၆ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိနိုင်တယ်။ အမှားအမှန်သိစိတ်က အမှားလုပ်မိပြီလို့ အသိပေးတဲ့အခါ အပြစ်ရှိတယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ မျှော်လင့်ချက်မရှိ၊ တန်ဖိုးမရှိဘူးလို့တောင် ခံစားရနိုင်တယ်။ ဒါပေမဲ့ လက်မလျှော့လိုက်ပါနဲ့။ ခွင့်လွှတ်မှုရဖို့ ယေဟောဝါဆီ အသနားခံမယ်ဆိုရင် ကျွန်တော်တို့ အသနားခံတာကို နားထောင်ပြီး ခွင့်လွှတ်မယ်ဆိုတာ စိတ်ချနိုင်တယ်။ (ဟီဘရူး ၉:၁၃၊ ၁၄) ဘယ်ပြဿနာ၊ ဘယ်အားနည်းချက်မဆို ကျွန်တော်တို့ ပြောပြတာကို ယေဟောဝါ လိုလားတယ်။ (ဟီဘရူး ၄:၁၄-၁၆) ဒီနည်းနဲ့ ဘုရားသခင်နဲ့ ကျွန်တော်တို့ ပြန်လည်သင့်မြတ်နိုင်မယ်။
၁၇။ ယေရှု အသေခံခဲ့လို့ ကျွန်တော်တို့ ဘယ်ကောင်းချီးတွေ ခံစားနိုင်သလဲ။
၁၇ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတယ်။ ‘အပြစ်ကပေးတဲ့ အခဟာ သေခြင်းပဲ။ ဘုရားသခင်ပေးတဲ့ ဆုလက်ဆောင်ကတော့ သခင်ခရစ်တော် ယေရှုအားဖြင့် ထာဝရအသက်ပဲ။’ (ရောမ ၆:၂၃) ယေရှု အသေခံခဲ့လို့ ကျွန်တော်တို့ ဒေါင်ဒေါင်မြည် ကျန်းမာပြီး ထာဝစဉ် အသက်ရှင်နိုင်မယ်။ (ဗျာဒိတ် ၂၁:၃၊ ၄) အဲဒီကောင်းချီးတွေ ခံစားရဖို့ ဘာလုပ်ရမလဲ။
ရွေးဖိုးကို သင် လက်ခံမလား
၁၈။ ကျွန်တော်တို့ကို ယေဟောဝါချစ်တယ်ဆိုတာ ဘယ်လိုသိနိုင်သလဲ။
၁၈ တစ်ယောက်ယောက်ဆီကနေ လက်ဆောင်လှလှလေး ရတဲ့အခါ စိတ်လှုပ်ရှားသွားတယ် မဟုတ်လား။ ရွေးဖိုးဟာ တန်ဖိုးအကြီးဆုံး လက်ဆောင်ဖြစ်လို့ ယေဟောဝါကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သင့်တယ်။ ‘ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့ တစ်ဦးတည်းသောသားကိုတောင် ပေးအပ်ခဲ့တယ်’ လို့ ယောဟန် ၃:၁၆ မှာ ပြောထားတယ်။ ကျွန်တော်တို့ကို ယေဟောဝါ အလွန်ချစ်တဲ့အတွက် တန်ဖိုးအထားရဆုံး သားတော်ယေရှုကို ပေးခဲ့တယ်။ ယေရှုကလည်း ကျွန်တော်တို့ကို ချစ်လို့ ကျွန်တော်တို့အတွက် လိုလိုလားလား အသက်စွန့်ခဲ့တယ်။ (ယောဟန် ၁၅:၁၃) ရွေးဖိုးဆိုတဲ့ လက်ဆောင်က သင့်ကို ယေဟောဝါနဲ့ ယေရှု သိပ်ချစ်တယ်ဆိုတာ စိတ်ချစေတယ်။—ဂလာတိ ၂:၂၀။
၁၉၊ ၂၀။ (က) ယေဟောဝါရဲ့မိတ်ဆွေ ဘယ်လိုဖြစ်နိုင်သလဲ။ (ခ) ယေရှုရဲ့ ရွေးဖိုးပူဇော်သက္ကာကို လက်ခံကြောင်း ဘယ်လိုပြနိုင်သလဲ။
၁၉ ဘုရားသခင်ရဲ့ မေတ္တာကြီးမားပုံကို သိခဲ့ရပြီ။ ဒါဆိုရင် ဘုရားရဲ့မိတ်ဆွေ ဘယ်လိုဖြစ်နိုင်သလဲ။ ကိုယ်မသိတဲ့သူကို ချစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ယောဟန် ၁၇:၃ မှာ ယေဟောဝါကို ကျွန်တော်တို့ သိကျွမ်းနိုင်တယ်လို့ ပြောထားတယ်။ ဘုရားအကြောင်း သိလာတဲ့အခါ ဘုရားကို ပိုချစ်လာမယ်၊ ဘုရားစိတ်နဲ့တွေ့တဲ့သူ ဖြစ်ချင်လာပြီး ဘုရားရဲ့မိတ်ဆွေ ဖြစ်လာမယ်။ ဒါကြောင့် ကျမ်းစာလေ့လာပြီး ယေဟောဝါအကြောင်း ဆက်သင်ယူပါ။—၁ ယောဟန် ၅:၃။
၂၀ ယေရှုရဲ့ ရွေးဖိုးပူဇော်သက္ကာကို လက်ခံပါ။ “ဘုရားရဲ့သားကို ယုံကြည်သက်ဝင်သူဟာ ထာဝရအသက် ရလိမ့်မယ်” လို့ ကျမ်းစာက ပြောတယ်။ (ယောဟန် ၃:၃၆) ယုံကြည်သက်ဝင်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ယေရှုသွန်သင်တဲ့အတိုင်း လိုက်နာတာကို ဆိုလိုတယ်။ (ယောဟန် ၁၃:၁၅) ယေရှုကို ယုံတယ်လို့ ပြောရုံနဲ့ မပြီးဘူး။ ရွေးဖိုးကို လက်ခံဖို့ ယုံကြည်ခြင်းနဲ့အညီ ကျွန် တော်တို့ လုပ်ဆောင်ရမယ်။ ‘လုပ်ရပ်မပါတဲ့ ယုံကြည်ခြင်းဟာ အသေပဲ’ လို့ ယာကုပ် ၂:၂၆ မှာ ပြောထားတယ်။
၂၁၊ ၂၂။ (က) ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲကို ဘာလို့ နှစ်စဉ် တက်ရောက်သင့်သလဲ။ (ခ) အခန်း ၆ နဲ့ ၇ မှာ ဘာအကြောင်း လေ့လာမလဲ။
၂၁ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲကို တက်ပါ။ ယေရှု မသေဆုံးခင်ညမှာ သူ့ရဲ့သေခြင်း အောက်မေ့ရာပွဲကို ကျင်းပဖို့ မှာကြားခဲ့တယ်။ နှစ်စဉ်ကျင်းပတဲ့ အဲဒီပွဲကို အောက်မေ့ရာပွဲ၊ “သခင့်ညစာစားပွဲ” လို့ခေါ်တယ်။ (၁ ကောရိန္သု ၁၁:၂၀။ မဿဲ ၂၆:၂၆-၂၈) ယေရှုက သူ့ရဲ့ ပြည့်ဝစုံလင်တဲ့အသက်ကို ရွေးဖိုးအဖြစ် ပေးခဲ့တယ်ဆိုတာ အောက်မေ့စေချင်တယ်။ “ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲလုပ်ကြပါ” လို့ သူပြောခဲ့တယ်။ (လုကာ ၂၂:၁၉ ကိုဖတ်ပါ။) အောက်မေ့ရာပွဲ တက်တဲ့အခါ ရွေးဖိုးကိုသာမက ယေဟောဝါနဲ့ ယေရှုရဲ့ ကြီးမားတဲ့မေတ္တာကိုပါ အမှတ်ရကြောင်း ဖော်ပြရာရောက်တယ်။—ရှင်းလင်းချက် ၁၆ ကိုကြည့်ပါ။
၂၂ ရနိုင်သမျှ လက်ဆောင်တွေထဲမှာ အဖိုးထိုက်ဆုံး လက်ဆောင်ဟာ ရွေးဖိုးပဲ။ (၂ ကောရိန္သု ၉:၁၄၊ ၁၅) ကွယ်လွန်သူ သန်းပေါင်းများစွာလည်း ဒီအဖိုးထိုက်ဆုံး လက်ဆောင်ကနေ အကျိုးခံစားရပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့လဲဆိုတာ အခန်း ၆ နဲ့ ၇ မှာ ရှင်းပြပါလိမ့်မယ်။
[စာမျက်နှာ ၅၇ ပါ ရုပ်ပုံ]
ယေဟောဝါက တန်ဖိုးအထားရဆုံး သားတော်ကို ကျွန်တော်တို့အတွက် ရွေးဖိုးအဖြစ် ပေးခဲ့