မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၅

ကျောင်းမှာ အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ

ကျောင်းမှာ အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ

ဘာကြောင့်အရေးကြီးတာလဲ

သင့်ရဲ့တုံ့ပြန်ပုံကြောင့် အခြေအနေ ပိုကောင်းလာနိုင်သလို ပိုဆိုးသွားနိုင်တယ်။

သင်ဆိုရင် ဘယ်လိုလုပ်မလဲ

ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ– မင်းမင်းတစ်ယောက် ဒီနေ့ ကျောင်းမတက်ချင်ဘူး။ နောက်နေ့တွေလည်း မတက်ချင်တော့ဘူး။ ဖြစ်ပုံက လွန်ခဲ့တဲ့သုံးလက စခဲ့တာ။ အတန်းဖော်တွေက သူ့အကြောင်း မမှန်တဲ့သတင်းတွေ လျှောက်ပြောကြတယ်။ နာမည်ပြောင်တွေ ပေးကြတယ်။ တစ်ခါတလေ တစ်ယောက်ယောက်က မင်းမင်းလက်ထဲက စာအုပ်တွေ ပြုတ်ကျသွားအောင် မတော်တဆဖြစ်တဲ့ပုံစံမျိုး ပုတ်ချတတ်တယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်က အနောက်ကနေ သူ့ကို ဆောင့်တွန်းလိုက်ပြီး သူလှည့်ကြည့်တဲ့အခါ မသိသလို နေကြတယ်။ မနေ့ကတော့ ပိုဆိုးလာပြီ၊ မင်းမင်းကို အွန်လိုင်းကနေ ခြိမ်းခြောက်တဲ့ စာတောင် ပို့လာကြပြီ။

သင်က မင်းမင်းနေရာမှာဆိုရင် ဘယ်လိုတုံ့ပြန်မလဲ။

ပြန်စဥ်းစားကြည့်ပါ

သင်က လုံးဝအကူအညီမဲ့နေတဲ့သူတော့ မဟုတ်ပါဘူး။ တကယ်တော့ အနိုင်ကျင့်သူကို လက်သီးမသုံးဘဲ ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။

  • ပြန်မတုံ့ပြန်ပါနဲ့။ ‘မိုက်မဲတဲ့သူက ခံစားရသမျှ အကုန် ထုတ်ဖော်တတ်တယ်။ ဉာဏ်ပညာရှိသူကတော့ အေးဆေးတည်ငြိမ်စွာ ထိန်းချုပ်တတ်တယ်’ ဆိုပြီး ကျမ်းစာပြောတယ်။ (သုတ္တံ ၂၉:၁၁ကဘ) အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ဖြစ်အောင်နေမယ်ဆိုရင် အနိုင်ကျင့်တဲ့သူတွေ သင့်ကို စိတ်ဝင်စားတော့မှာ မဟုတ်ဘူး။

  • လက်စားမချေပါနဲ့။ “မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်” ဆိုပြီး ကျမ်းစာပြောတယ်။ (ရောမ ၁၂:၁၇) လက်တုံ့ပြန်တာက အခြေအနေကို ပိုဆိုးစေရုံပဲရှိတယ်။

  • ပြဿနာထဲမဝင်ပါနဲ့။ “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏” ဆိုပြီး ကျမ်းစာပြောတယ်။ (သုတ္တံ ၂၂:၃) အနိုင်ကျင့်တတ်တဲ့ လူတွေနဲ့ အနိုင်ကျင့်ခံရနိုင်တဲ့ အခြေအနေတွေကို ဖြစ်နိုင်တဲ့အခါတိုင်း ရှောင်ပါ။

  • သူတို့ မျှော်လင့်မထားတဲ့နည်းနဲ့ တုံ့ပြန်ပါ။ “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏” ဆိုပြီး ကျမ်းစာပြောတယ်။ (သုတ္တံ ၁၅:၁) ဟာသတောင် လုပ်လိုက်နိုင်တယ်။ ဥပမာ၊ အနိုင်ကျင့်တဲ့သူက သင့်ကို ‘ဝက်ပုတ်’ လို့ခေါ်ရင် သိပ်အလေးမထားတဲ့ပုံနဲ့ “အေးပါ၊ ငါ ဝိတ်ချလိုက်ဦးမယ်” လို့ ပြောနိုင်တယ်။

  • ရှောင်ထွက်ပါ။ “နှုတ်ပိတ်နေတာက သင့်ကို အနှောင့်အယှက်ပေးတဲ့သူတွေထက် သင်ဟာ ပိုတည်ငြိမ်ရင့်ကျက်ကြောင်း၊ ပိုသန်မာကြောင်း ပြရာရောက်တယ်။ အနိုင်ကျင့်တဲ့သူတွေဆီမှာ မရှိတဲ့ စိတ်ချုပ်တည်းမှုကို တင်ပြနေတာပဲ” လို့ ၁၉ နှစ်အရွယ် နိုရာက ပြောတယ်။—၂ တိမောသေ ၂:၂၄

  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိအောင် လုပ်ပါ။ အနိုင်ကျင့်သူတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိသူတွေ၊ ကြောက်တတ်တဲ့သူတွေကို ပစ်မှတ်ထားတတ်ကြတယ်။ ဒါပေမဲ့ သူတို့ခြောက်တိုင်း မကြောက်တဲ့သူတွေကိုတော့ ရှောင်ကြတယ်။

  • တစ်ယောက်ယောက်ကို ပြောပြပါ။ “ဘယ်သူမဆို အနိုင်ကျင့်ခံရပြီဆိုရင် တိုင်ပြောပါ။ ဒါကလုပ်သင့်တဲ့အလုပ်ပဲ။ တခြားသူတွေကို ဆက်အနိုင်မကျင့်အောင်လည်း တားဆီးပေးရာရောက်တယ်” ဆိုပြီး ဆရာမတစ်ဦးဖြစ်ခဲ့ဖူးသူက ပြောတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိမယ်ဆိုရင် အနိုင်ကျင့်တဲ့သူဆီမှာမရှိတဲ့ အစွမ်းခွန်အားကို သင်ပိုင်ဆိုင်ထားခြင်းဖြစ်