မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၁၀

သမ္မာကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ

သမ္မာကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ

ဘာကြောင့်အရေးကြီးတာလဲ

“ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထား” တယ်လို့ ကျမ်းစာပြောတယ်။ (၂ တိမောသေ ၃:၁၆) ဘုရားလမ်းညွှန်မှုနဲ့ ရေးခဲ့တာမှန်ရင် လူငယ်တွေအတွက် လိုအပ်တဲ့လမ်းညွှန်မှု ပါရှိမှာ သေချာတယ်။

သင်ဆိုရင် ဘယ်လိုလုပ်မလဲ

ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ– ရဲဇင်က သူတစ်ခါမှ မရောက်ဖူးတဲ့ဒေသမှာ ကားမောင်းနေတယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေကိုကြည့်တော့ သူသွားချင်တဲ့ နေရာမဟုတ်ဘူး။ လမ်းမှားသွားပြီဆိုတာ သိလိုက်ပြီ။ လမ်းချိုးတစ်ခုကို မှားကွေ့ခဲ့တာ ဖြစ်ရမယ်။

သင်သာ ရဲဇင်နေရာမှာဆိုရင် ဘာလုပ်မလဲ။

ပြန်စဥ်းစားကြည့်ပါ

သင့်မှာ ဖြေရှင်းနည်းတွေ ရှိပါတယ်။

  1. က။ အကူအညီ တောင်းနိုင်တယ်။

  2. ခ။ မြေပုံ ဒါမှမဟုတ် GPS မှာ ရှာကြည့်နိုင်တယ်။

  3. ဂ။ လမ်းမှန် တွေ့လိုတွေ့ငြား ဆက်မောင်းသွားနိုင်တယ်။

နောက်ဆုံးအချက်ကို လုပ်မယ်ဆိုရင်တော့ အကျိုးရှိမှာမဟုတ်ဘူး။

ပထမတစ်ခုထက် ဒုတိယတစ်ခုက ပိုကောင်းပါတယ်။ မြေပုံ ဒါမှမဟုတ် GPS ရှိမယ်ဆိုရင် သင်သွားလိုတဲ့နေရာရောက်အောင် လမ်းပြပေးပါလိမ့်မယ်။

သမ္မာကျမ်းစာက အလားတူ ကူညီပေးနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ အရောင်းရဆုံးစာအုပ်ဖြစ်ပြီး

  • ဘဝပြဿနာတွေအတွက် လမ်းညွှန်ချက်တွေပါတယ်။

  • ကိုယ့်အကြောင်း ကောင်းကောင်းသိလာစေပြီး လူကောင်းတစ်ယောက်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

  • အကောင်းဆုံးဘဝ ပိုင်ဆိုင်အောင် လမ်းပြပေးနိုင်ပါတယ်။

ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အဖြေပေး

ကျွန်တော်တို့ စကားစပြောတတ်ချိန်မှာ မေးခွန်းတွေ မေးတတ်ကြတယ်။

  • ကောင်းကင်ကြီးက ဘာလို့ပြာတာလဲ။

  • ကြယ်တွေကို ဘာနဲ့လုပ်ထားတာလဲ။

နောက်ပိုင်းမှာ ကမ္ဘာ့ဖြစ်ရပ်တွေအကြောင်း မေးလာကြတော့တယ်။

ဒီမေးခွန်းတွေရဲ့အဖြေကို ကျမ်းစာမှာ ဟိုးအရင်ကတည်းက ပြောထားပါတယ်။

ကျမ်းစာက ဒဏ္ဍာရီ၊ ယုံတမ်းစကားတွေပဲ။ ခေတ်နောက်ကျနေပြီ၊ နားလည်ဖို့ အရမ်းခက်တယ်လို့ လူအတော်များများ ပြောကြတယ်။ ဒါပေမဲ့ ခက်နေတာက ကျမ်းစာလား။ ကျမ်းစာနဲ့ပတ်သက်တဲ့ လူတွေရဲ့ထင်မြင်ချက်တွေလား။ သူတို့ လှည့်စားခံနေရတာလား။

ဥပမာ၊ ကမ္ဘာကြီးကို ဘုရားသခင် အုပ်ချုပ်နေတာလို့ လူတွေ ထင်ကြတယ်။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒီကမ္ဘာကြီးက ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာ။ ကမ္ဘာတစ်ခုလုံးမှာ ဝမ်းနည်းစရာတွေ၊ ဆင်းရဲဒုက္ခတွေ၊ ဖျားနာမှုတွေ၊ သေခြင်းတွေ၊ ငတ်မွတ်မှုနဲ့ သဘာဝဘေးအန္တရာယ်တွေ အပြည့်ပဲ။ မေတ္တာရှင် ဘုရားသခင်က ဒါတွေကို ဘယ်လိုလုပ်ပြီး ဖြစ်ပေါ်စေမှာလဲ။

အဖြေကို သိချင်ပါသလား။ ကမ္ဘာကြီးကို အုပ်ချုပ်နေသူအကြောင်း ကျမ်းစာမှာပြောထားတာကို သင်သိရင် အံ့သြသွားပါလိမ့်မယ်။

ဒီစာစောင်မှာပါတဲ့ အကြံဉာဏ်တွေဟာ ကျမ်းစာအပေါ် အခြေခံထားတယ်ဆိုတာ သင် သတိပြုမိပါလိမ့်မယ်။ ကျမ်းစာဟာ အကောင်းဆုံးလမ်းညွှန်ပေးနိုင်တယ်လို့ ယေဟောဝါသက်သေတွေ အခိုင်အမာ ယုံကြည်ကြတယ်။ ကျမ်းစာဟာ ‘ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် သွန်သင်ခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်းတို့တွင် အကျိုးရှိ’ လို့ပါပဲ။ (၂ တိမောသေ ၃:၁၆၊ ၁၇) ရှေးကျပေမဲ့ ခေတ်မီနေဆဲဖြစ်တဲ့ သမ္မာကျမ်းစာကို သင်ကိုယ်တိုင် လေ့လာကြည့်လိုက်ပါ။