မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁

ကောင်းကင်နဲ့ မြေကြီးကို ဘုရားသခင် ဖန်ဆင်း

ကောင်းကင်နဲ့ မြေကြီးကို ဘုရားသခင် ဖန်ဆင်း

ယေဟောဝါဘုရား​ဟာ ဖန်ဆင်းရှင်​ဖြစ်တယ်။ မြင်နိုင်တဲ့​အရာတွေ၊ မမြင်နိုင်​တဲ့​အရာတွေ​အားလုံး ဘုရား ဖန်ဆင်း​ထားတာ။ မြင်နိုင်တဲ့​အရာ​တွေကို မဖန်ဆင်း​ခင် ကောင်းကင်တမန် အများကြီး​ကို ဖန်ဆင်း​တ​ယ်။ ကောင်းကင်တမန်​ဆိုတာ ဘာလဲ သိလား။ သူတို့ဟာ လူမျက်စိ​နဲ့ မမြင်နိုင်​တဲ့ ပုဂ္ဂိုလ်တွေ။ ဘုရားကို မမြင်နိုင်​သလို​ပေါ့။ ယေဟောဝါဟာ အရင်ဆုံး​ဖန်ဆင်း​တဲ့ ကောင်းကင်တမန်​နဲ့အတူ ကြယ်​တွေ၊ ဂြိုဟ်​တွေနဲ့ တခြား​အရာအားလုံး​ကို ဖန်ဆင်း​တ​ယ်။ အဲဒီဂြိုဟ်​တွေ​ထဲမှာ လူတွေ​နေထိုင်တဲ့ သိပ်​လှတဲ့ ဒီ​ကမ္ဘာမြေ​လည်း ပါတယ်။

ယေဟောဝါဟာ ဒီ​ကမ္ဘာမြေ​ကို လူတွေနဲ့ တိရစ္ဆာန်တွေ နေနိုင်​ဖို့ ပြင်ဆင်​ထားတယ်။ နေကနေ အလင်းရောင်​ရဖို့ လုပ်ပေး​တ​ယ်။ တောင်​တွေ၊ သမုဒ္ဒရာ​တွေနဲ့ မြစ်ချောင်း​တွေကိုလည်း ဖန်ဆင်း​တ​ယ်။

ပြီးတော့ ဘာဖြစ်​လဲ​သိလား။ ယေဟောဝါက ‘မြက်​ပင်​တွေ၊ သစ်ပင်​တွေကို ငါ ဖန်ဆင်း​မယ်’ လို့ပြောတယ်။ ဒါနဲ့​ပဲ သီး​ပင်​တွေ၊ ဟင်းသီးဟင်းရွက်​တွေ၊ ပန်းပင်​တွေ အမျိုးမျိုး ပေါက်​လာ​ရော။ ဒီနောက် ပျံ​နိုင်တဲ့၊ ရေကူး​နိုင်တဲ့၊ တွားသွား​နိုင်တဲ့ တိရစ္ဆာန်တွေ​ကို ဖန်ဆင်း​လိုက်တယ်။ ယုန်​လို တိရစ္ဆာန် သေးသေးလေး​တွေ၊ ဆင်​လို တိရစ္ဆာန် အကြီးကြီး​တွေကိုလည်း ဖန်ဆင်း​သေးတယ်။ ဘယ်​တိရစ္ဆာန်​ကို အချစ်ဆုံး​လဲ။

ယေဟောဝါက “လူ​ကို ဖန်ဆင်း​ကြစို့” လို့ အရင်ဆုံး ဖန်ဆင်း​ခဲ့တဲ့ ကောင်းကင်တမန်ကို ပြောတယ်။ လူတွေဟာ တိရစ္ဆာန်တွေနဲ့ မတူဘူး။ သူတို့က တီထွင်ဖန်တီး​နိုင်တယ်။ စကားပြော​နိုင်၊ ရယ်​နိုင်၊ ဆုတောင်း​နိုင်ကြ​တ​ယ်။ ကမ္ဘာမြေကြီး​နဲ့ တိရစ္ဆာန်တွေ​ကို သူတို့ ကြည့်ရှုစောင့်ရှောက်​ရမယ်။ ပထမဆုံး လူသား​က ဘယ်သူ​လဲ သိ​ကြ​လား။ နောက်​အခန်း​မှာ ဆက်​ကြည့်ရ​အောင်။

“အစအဦး​မှာ ဘုရား​သခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်း​တ​ယ်။” —ကမ္ဘာဦး ၁:၁