သင်ခန်းစာ ၄
ဒေါသထွက်ပြီး လူကိုသတ်
အာဒံနဲ့ဧဝဟာ ဧဒင်ဥယျာဉ်ကနေ ထွက်လာပြီးနောက်ပိုင်း ကလေးတွေ ရှိလာတယ်။ သားကြီး ကာအိနက စိုက်ပျိုးသူ၊ သားငယ် အာဗေလက သိုးထိန်း ဖြစ်လာတယ်။
တစ်နေ့မှာ၊ ကာအိနနဲ့ အာဗေလဟာ ယေဟောဝါကို ပူဇော်ကြတယ်။ ပူဇော်တယ်ဆိုတာ ဘာလဲ သိလား။ ဘုရားကို အကောင်းဆုံး လက်ဆောင်ပေးတာပဲ။ ယေဟောဝါက အာဗေလ ပူဇော်တာကို လက်ခံတယ်၊ ကာအိန ပူဇော်တာကိုတော့ လက်မခံဘူး။ ဒါကြောင့် ကာအိန အရမ်းဒေါသထွက်သွားတယ်။ ဒေါသကြောင့် အမှားလုပ်မိနိုင်တယ်လို့ ယေဟောဝါ သတိပေးပေမဲ့ သူ နားမထောင်ဘူး။
ကာအိနက အာဗေလကို ‘လယ်ထဲသွားရအောင်’ လို့ ပြောတယ်။ လယ်ထဲမှာ သူတို့နှစ်ယောက်တည်း ရှိတဲ့အခါ အာဗေလကို ရိုက်သတ်
လိုက်တယ်။ ဒီတော့ ယေဟောဝါ ဘာလုပ်သလဲ။ ယေဟောဝါက ကာအိနကို ဟိုးအဝေးကြီး နှင်ထုတ်လိုက်တယ်။ ကာအိန ဘယ်တော့မှ ပြန်လာရတော့မှာ မဟုတ်ဘူး။ဒီအဖြစ်အပျက်ကနေ ဘာသင်ခန်းစာရသလဲ။ ကိုယ်ဖြစ်ချင်သလို မဖြစ်တဲ့အခါ ဒေါသထွက်လာနိုင်တယ်။ အဲဒီဒေါသကို မထိန်းနိုင်မှန်း သိရင် ဒါမှမဟုတ် သတိပေးသူရှိရင် ချက်ချင်းပြုပြင်ပြီး ထိန်းချုပ်ပါ။ မဟုတ်ရင် အမှားလုပ်မိလိမ့်မယ်။
အာဗေလက ယေဟောဝါကို ချစ်တယ်၊ မှန်ရာကို လုပ်တယ်။ ဒါကြောင့် ယေဟောဝါက သူ့ကို အမြဲ သတိရနေမှာ။ တစ်ကမ္ဘာလုံး ပရဒိသု ဖြစ်လာတဲ့အခါ အာဗေလကို ဘုရားသခင် အသက် ပြန်ရှင်လာစေမှာ။
“ညီအစ်ကိုဆီသွားပြီး သူနဲ့ပြေလည်အောင် အရင်လုပ်ပါ။ ပြီးမှ ပြန်လာပြီး ကိုယ့်ရဲ့အလှူကို ဆက်သပါ။”—မဿဲ ၅:၂၄