မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၇

ဘေဘယ် ရဲတိုက်

ဘေဘယ် ရဲတိုက်

ရေလွှမ်းမိုး​ပြီးနောက်၊ နောဧ​ရဲ့​သားတွေ​က​နေ မိသားစု​တွေ အများကြီး ရှိလာတယ်။ မိသားစု​တွေ တိုးများလာ​တာနဲ့ သူတို့ကို ယေဟောဝါ ပြောတဲ့​အတိုင်း​ပဲ နေရာအနှံ့​ကို ပြောင်းရွှေ့နေထိုင်​ကြ​တ​ယ်။

ဒါပေမဲ့ မိသားစု​တချို့​က ယေဟောဝါ​စကား နားမထောင်ဘူး။ သူတို့က ‘မြို့တစ်မြို့ တည်ဆောက်​ပြီး ဒီ​မှာပဲ နေ​ကြစို့။ မိုး​ထိ​အောင်​မြင့်​တဲ့ ရဲတိုက်​ကို ဆောက်​ပြီး နာမည်ကျော်​အောင် လုပ်ကြ​စို့’ လို့ပြော​ကြ​တ​ယ်။

ယေဟောဝါက သူတို့​လုပ်​နေတာကို မကြိုက်​လို့ တားဆီး​လိုက်တယ်။ ဘယ်လို​လုပ်​သလဲ သိလား။ သူတို့ကို ဘာသာစကား အမျိုးမျိုး​ပြော​အောင် လုပ်လိုက်​တ​ယ်။ အချင်းချင်း စကားနားမလည်​ကြတဲ့​အတွက် ဆက်​မ​ဆောက်​နိုင်ကြ​တော့ဘူး။ ဒါနဲ့ သူတို့​ဆောက်​နေတဲ့ မြို့​က “ရှုပ်ထွေးခြင်း” လို့ အဓိပ္ပာယ်​ရှိတဲ့ ဘေ​ဘယ်​မြို့​လို့ နာမည်​တွင်​သွားတယ်။ ဒါနဲ့​ပဲ လူတွေ​က ကမ္ဘာ​အရပ်ရပ်​ကို ပြောင်းရွှေ့နေထိုင်​ကြ​တော့​တ​ယ်။ သူတို့​ရောက်တဲ့နေရာတွေမှာ မကောင်းတာတွေ ဆက်​လုပ်ကြတယ်။ ယေဟောဝါကို ချစ်တဲ့​သူတွေ​ကော ရှိသေး​ရဲ့​လား။ နောက်​အခန်း​မှာ ကြည့်​ကြ​ရ​အောင်။

“ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​တဲ့​သူဟာ နှိမ့်ချ​ခံရပြီး နှိမ့်ချ​တဲ့​သူက​တော့ ချီးမြှောက်ခံ​ရ​လိမ့်မယ်။” —လုကာ ၁၈:၁၄