မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၈

ဘုရားစကား နားထောင်တဲ့ အာဗြဟံနဲ့ စာရာ

ဘုရားစကား နားထောင်တဲ့ အာဗြဟံနဲ့ စာရာ

ဘေ​ဘယ်​မြို့​နဲ့ သိပ်မဝေး​တဲ့​နေရာမှာ ဥရ​ဆိုတဲ့ မြို့တစ်မြို့ ရှိတယ်။ အဲဒီမှာ​နေတဲ့ လူတွေက ယေဟောဝါကို မကိုးကွယ်​ဘဲ တခြား​ဘုရားတွေ​ကို ကိုးကွယ်​ကြ​တ​ယ်။ ဒါပေမဲ့ ဥရမြို့​မှာ ယေဟောဝါကို​ပဲ ကိုးကွယ်​တဲ့ အာဗြဟံ​ဆိုတဲ့ လူတစ်ယောက်​ရှိတယ်။

ယေဟောဝါက အာဗြဟံ​ကို “နေရင်းပြည်၊ ဆွေမျိုးသားချင်း​တွေနဲ့ ဖခင်​ရဲ့​အိမ်​ကို ထားခဲ့ပြီး ငါ​ပြ​မယ့်​ပြည်​ကို သွား​ပါ” လို့ပြောတယ်။ ပြီးတော့ ဘုရား​သခင်က ‘မင်း​ကို လူမျိုးကြီး​ဖြစ်စေပြီး ကမ္ဘာ​ပေါ်​က လူမျိုး​အားလုံး မင်း​ကြောင့် ကောင်းချီးခံစား​ရမယ်’ လို့ ​ကတိ​ပေးတယ်။

ယေဟောဝါက သူ့ကို ဘယ်​နေရာ သွား​ခိုင်း​မှန်း အာဗြဟံ မသိပေမဲ့ ယေဟောဝါကို သူ ယုံကြည်စိတ်ချ​တ​ယ်။ ဒါနဲ့ အာဗြဟံ​နဲ့ သူ့​ဇနီး စာရာ၊ သူ့​အဖေ တေရ၊ သူ့​တူ လောတ​တို့ဟာ ပစ္စည်း​တွေကို ထုပ်ပိုး​ပြီး နာခံမှု​ရှိရှိ ခရီးရှည်​ကို စတင်​ကြ​တ​ယ်။

အာဗြဟံ​နဲ့ သူ့​မိသားစု​ဟာ ယေဟောဝါ မြင်​စေ​ချင်တဲ့​ပြည် ရောက်တဲ့​အခါ အာဗြဟံရဲ့ အသက် ၇၅ နှစ်​ရှိပြီ။ အဲဒီ​ပြည်​ကို ခါနာန်ပြည်​လို့ ခေါ်တယ်။ အဲဒီမှာ ယေဟောဝါက အာဗြဟံကို ‘မင်း​မြင်​နေရတဲ့​ပြည်​ကို မင်း​ရဲ့​မျိုးနွယ်​ကို ငါ​ပေးမယ်’ လို့ ကတိ​ပေးတယ်။ ဒါပေမဲ့ အာဗြဟံ​နဲ့ စာရာ​ဟာ အသက်​အတော်​ကြီး​နေ​ပြီ။ ကလေး​လည်း မရှိဘူး။ ဒီတော့ ယေဟောဝါက သူ့ရဲ့ ကတိ​ကို ဘယ်လို​ပြည့်စုံ​စေ​မလဲ။

“အမွေ​အဖြစ် ရရှိ​မယ့်​နေရာ​ကို​သွားဖို့ ဘုရားသခင် ခေါ်တဲ့​အခါ အာဗြဟံ​က ယုံကြည်ခြင်း​ကြောင့် နာခံခဲ့တယ်။ ဘယ်​ကို​သွား​ရ​မှန်း မသိပေမဲ့​လည်း ထွက်သွား​ခဲ့တယ်။”—ဟီဘရူး ၁၁:၈