မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၅၅

ယေဟောဝါရဲ့ ကောင်းကင်တမန် ဟေဇကိကို ကာကွယ်

ယေဟောဝါရဲ့ ကောင်းကင်တမန် ဟေဇကိကို ကာကွယ်

အဆီးရီးယား​အင်ပါယာ​ဟာ အစ္စရေး​ဆယ်နွယ်နိုင်ငံ​ကို သိမ်းပိုက်​ထားတယ်။ အခု အဆီးရီးယား​ဘုရင် သနာခရိပ်​ဟာ နှစ်နွယ်​နိုင်ငံ​ဖြစ်တဲ့ ယုဒပြည်​ကိုလည်း လိုချင်​နေတယ်။ ယုဒမြို့​တွေကို တစ်မြို့​ပြီး​တစ်မြို့ သိမ်းပိုက်​နေတယ်။ သူ​အလိုချင်ဆုံး​မြို့​က​တော့ ဂျေရုဆလင်မြို့​ပဲ။ ယေဟောဝါဟာ ဂျေရုဆလင်မြို့​ကို ကာကွယ်​ပေးနေမှန်း သနာခရိပ် မသိဘူး။

ယုဒဘုရင် ဟေဇကိ​ဟာ ဂျေရုဆလင်မြို့ အသိ​မ်း​မခံ​ရဖို့ ပိုက်ဆံ​အများကြီး ပေးထားတယ်။ သနာခရိပ်​ဟာ ပိုက်ဆံ​တွေကိုလည်း ယူ​တဲ့အပြင် ဂျေရုဆလင်မြို့​ကို တိုက်ခိုက်​ဖို့ အင်အားကြီး​စစ်တပ်​ကို စေလွှတ်​လိုက်တယ်။ အဆီးရီးယား​စစ်တပ် တဖြည်းဖြည်း​နီး​လာ​လို့ မြို့သား​တွေ ကြောက်​နေကြတယ်။ လူတွေကို ဟေဇကိ​က ‘မကြောက်​ကြ​နဲ့။ အဆီးရီးယား​တွေ အင်အား​တော​င့်​ပေ​မဲ့ သူတို့​ထက် အင်အား​ပိုကြီး​အောင် ကျွန်တော်တို့ကို ယေဟောဝါ လုပ်ပေး​လိမ့်မယ်’ လို့ ပြောတယ်။

သနာခရိပ်​ဟာ ဂျေရုဆလင်မြို့​သားတွေ​ကို ကဲ့ရဲ့လှောင်ပြောင်​ဖို့ သူ့​တမန် ရာ​ဗ​ရှာ​ခ​ကို လွှတ်လိုက်​တ​ယ်။ ရာ​ဗ​ရှာ​ခ​ဟာ မြို့ပြင်​မှာ ရပ်​ပြီး အခုလို အော်​ပြောတယ်– ‘ယေဟောဝါဟာ မင်း​တို့​ကို မက​ယ်​နိုင်​ပါဘူး။ ဟေဇကိ လှည့်စား​တာ​ကို မခံကြ​နဲ့။ ငါ​တို့​လက်ထဲ​က​နေ ကယ်တင်​နိုင်တဲ့ ဘုရားမ​ရှိ​ဘူး။’

ဟေဇကိ​ဟာ ဘာ​လုပ်​ရ​မလဲ​လို့ ယေဟောဝါကို မေးမြန်း​တဲ့အခါ ‘ရာ​ဗ​ရှာ​ခ​ရဲ့ စကားကြောင့် မကြောက်​နဲ့။ ဂျေရုဆလင်မြို့​ကို သနာခရိပ် သိမ်းပိုက်​နိုင်မှာ​မဟုတ်ဘူး’ လို့ ပြန်ဖြေ​တ​ယ်။ နောက်တော့ သနာခရိပ်​ရဲ့ စာ​တွေကို ဟေဇကိ ရတယ်။ စာထဲမှာ​က ‘လက်နက်​ချ​လိုက်ပါ။ မင်းတို့ကို ယေဟောဝါ ကယ်​နိုင်မှာ​မဟုတ်ဘူး’ တဲ့။ ဟေဇကိ​လည်း ဒီလို​ဆုတောင်း​တ​ယ်- ‘ယေဟောဝါဘုရား၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်တင်​ပေးပါ။ ဒါမှ ကိုယ်တော်​တစ်ပါးတည်း​သာ စစ်မှန်တဲ့​ဘုရား​ဖြစ်မှန်း လူအားလုံး သိရပါလိမ့်မယ်။’ ယေဟောဝါက ‘အဆီးရီးယား​ဘုရင်​ဟာ ဂျေရုဆလင်​မြို့ထဲ ဝင်​ရမှာ​မဟုတ်ဘူး။ ငါ့​မြို့​ကို ငါကာကွယ်မယ်’ လို့ ပြောတယ်။

ဂျေရုဆလင်မြို့​ကို မကြာခင် သိမ်းပိုက်​နိုင်​တော့မယ်​လို့ သနာခရိပ် ထင်နေ​တ​ယ်။ ဒါပေမဲ့ တစ်ည၊ မြို့ပြင်​မှာ တပ်​ချထား​တဲ့ စစ်သားတွေ​ဆီ ကောင်းကင်တမန်​တစ်ပါး​ကို ယေဟောဝါ စေလွှတ်​လိုက်တယ်။ အဲဒီ​ကောင်းကင်တမန်​က စစ်သား ၁၈၅,၀​၀​၀ ကို သတ်ပစ်​လိုက်တယ်။ ဘုရင်​သနာခရိပ်​ဟာ သူ့​အင်အားကြီး စစ်သားတွေ​ကို ဆုံးရှုံး​လိုက်ရ​ပြီ။ အရှုံး​နဲ့ ပြန်လှည့်​သွား​ရ​ပြီ။ ယေဟောဝါဟာ ကတိအတိုင်း ဟေဇကိ​နဲ့ ဂျေရုဆလင်မြို့​ကို ကာကွယ်​ပေးခဲ့တယ်။ သင်လည်း ဂျေရုဆလင်မြို့မှာ ရှိနေ​မယ်ဆိုရင် ယေဟောဝါကို ယုံကြည်ကိုးစားမလား။

“ယေဟောဝါကို ကြောက်ရွံ့သူ​တွေရဲ့ ပတ်လည်​မှာ ကောင်းကင်တမန် ခြံရံ​နေတယ်။ သူတို့ကို ကယ်တင်​တ​ယ်။” —ဆာလံ ၃၄:၇