မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၇၆

ယေရှု ဗိမာန်တော်ကို ရှင်းလင်း

ယေရှု ဗိမာန်တော်ကို ရှင်းလင်း

အေဒီ ၃၀၊ နွေဦးပေါက်​အချိန်​မှာ ဂျေရုဆလင်မြို့​ကို ယေရှု​သွားတယ်။ အဲဒီအချိန်​မှာ တခြားသူတွေ​လည်း ပသခါပွဲ​အတွက် ရောက်​နေကြတယ်။ ပွဲတော်​ကျင်းပတဲ့​အခါ ဗိမာန်တော်မှာ တိရစ္ဆာန်တွေ ပူဇော်​လေ့ရှိတယ်။ ဒါကြောင့် တချို့​က တိရစ္ဆာန်တွေ​ကို တစ်ပါတည်း ယူလာ​တ​ယ်၊ တချို့ကျတော့ ဂျေရုဆလင်မြို့​ရောက်​မှ ဝယ်​ကြ​တ​ယ်။

ဗိမာန်တော်​ကို ယေရှု သွားတဲ့​အခါ အဲဒီမှာ တိရစ္ဆာန်တွေ ရောင်းနေကြတယ်။ ယေဟောဝါကို ဝတ်ပြု​တဲ့​အိမ်တော်​ထဲမှာ အမြတ်ထုတ်​ပြီး စီးပွား​ရှာ​နေကြ​တာ။ ဒီတော့ ယေရှု ဘာ​လုပ်​သလဲ။ ကျာပွတ်​နဲ့ သိုး​နွား​တွေကို မောင်း​ထုတ်ပစ်တယ်။ ငွေလဲလှယ်​သူတွေရဲ့ စားပွဲတွေကို မှောက်ပစ်​လိုက်တယ်။ ဒါနဲ့ ငွေ​ပြား​တွေ ပြန့်ကျဲ​ကုန်​တ​ယ်။ ယေရှုက ချိုးငှက်ရောင်းသူတွေကို ‘ဒါတွေ အကုန်ယူသွား၊ ငါ့အဖ​အိမ်တော်မှာ အရောင်းအဝယ် မလုပ်ကြနဲ့’ လို့ ပြောတယ်။

ယေရှု​လုပ်တာ​ကို ဗိမာန်တော်​မှာ​ရှိနေ​တဲ့​လူတွေ အံ့အားသင့်​ကုန်​ကြ​တ​ယ်။ ‘ယေဟောဝါရဲ့ အိမ်တော်​အတွက် စိတ်ထက်သန်မှု အပြည့်​ရှိတယ်’ ဆိုတဲ့ မေရှိယ​အကြောင်း ကြိုဟောချက်​ကို တပည့်​တွေ သတိရ​သွားတယ်။

အေဒီ ၃၃ ခုနှစ်မှာ​လည်း ဗိမာန်တော်​ကို ဒုတိယ​အကြိမ် ယေရှု ရှင်းလင်း​တ​ယ်။ ဖခင်​အိမ်တော်ကို မလေးမခန့်လုပ်တာ ယေရှု ခွင့်မပြု​နိုင်​ဘူး။

“ဘုရားသခင်အတွက်​ရော စည်းစိမ်​အတွက်​ပါ တစ်ပြိုင်တည်း အစေခံလို့မရဘူး။” —လုကာ ၁၆:၁၃