မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၈၁

တောင်ပေါ်ဒေသနာ

တောင်ပေါ်ဒေသနာ

ယေရှုဟာ တမန်တော် ၁၂ ပါး​ကို​ရွေး​ပြီးနောက် တောင်ပေါ်​က​နေ လူအုပ်ရှိတဲ့နေရာဆီ ဆင်းလာတယ်။ ဒီလူတွေ​ဟာ ဂါလိလဲနယ်၊ ယုဒ​နယ်၊ တိုင်​ရာ​မြို့၊ ဆိုင်ဒုန်​မြို့နဲ့ ဆီးရီးယားပြည်ကနေ လာကြတာ။ သူတို့နဲ့အတူ ရောဂါသည်​တွေ၊ နတ်ဆိုး​ပူး​သူတွေကို​ပါ ခေါ်လာ​ကြ​လို့ ယေရှုက လူနာ​အားလုံးကို ကုပေး​တ​ယ်။ အဲဒီနောက် တောင်စောင်း​မှာ​ထိုင်ပြီး ဟောတော့တယ်။ ဘုရားရဲ့​မိတ်ဆွေ ဖြစ်ချင်​ရင် ဘာ​လုပ်​ရမယ်​ဆိုတာ ရှင်းပြ​တ​ယ်။ ယေဟောဝါကို ချစ်​ရမယ်၊ ကိုယ်တော့် အကူအညီ​လိုတယ်​လို့ အသိအမှတ်ပြု​ရမယ်။ တခြားသူကို မချစ်​ရင် ဘုရားကို မချစ်​နိုင်​ဘူး။ လူတိုင်းကို သနား​ရမယ်၊ တရားမျှတ​ရမယ်၊ ရန်သူ​တွေကို​တောင် ချစ်​ရမယ်လို့ ယေရှု သင်ပေးတယ်။

ယေရှု ဒီလိုပြောတယ်– ‘မိတ်ဆွေတွေ​ကိုပဲ ချစ်​ရုံမက ရန်သူ​တွေကို​ပါ ချစ်​ဖို့လိုတယ်။ အကြွင်းမဲ့ ခွင့်လွှတ်​ရမယ်။ တစ်ယောက်ယောက်​က ကိုယ့်ကို​စိတ်ဆိုး​နေမှန်း​သိရ​င် သူ့​ဆီ ချက်ချင်း​သွားပြီး တောင်းပန်​ရမယ်။ ကိုယ့်ကို ဆက်ဆံ​စေချင်​သလို သူ့ကို ဆက်ဆံရ​မယ်။’

ယေရှုက ပစ္စည်းဥစ္စာ​နဲ့ပတ်သက်ပြီး ဒီလို​အကြံပေး​တ​ယ်- ‘ငွေ​အများကြီး​ရှိတာ​ထက် ယေဟောဝါရဲ့ မိတ်ဆွေ​ဖြစ်ဖို့​က ပို​အရေးကြီးတယ်။ ငွေ​ကို သူခိုး ခိုး​နိုင်တယ်။ ယေဟောဝါရဲ့ မိတ်ဆွေ​ဖြစ်တာ​ကိုတော့ ဘယ်သူမှ ခိုး​လို့​မရဘူး။ ဘာ​စား​ရ​မလဲ၊ ဘာ​သောက်ရမလဲ၊ ဘာဝတ်ရမလဲလို့ မ​ပူ​ပါနဲ့။ ငှက်​တွေကို ကြည့်။ ဘုရားက ငှက်​တွေအတွက် အစာ အလုံအလောက် ပေးထားတယ်။ စိတ်ပူ​နေလို့ တစ်ရက် ပို​အသက်​မရှည်​နိုင်​ဘူး။ လိုအပ်တာကို ယေဟောဝါ သိတယ်။’

လူတွေ​က ယေရှု ဟော​သလို တစ်ခါ​မှ မကြား​ဖူး​ကြဘူး။ ဒီ​အကြောင်း​တွေကို သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်​တွေ မသင်​ပေး​ဘူး။ ယေရှုဟာ ဘာကြောင့် ဒီလောက်​ကောင်းတဲ့ ဆရာသမား ဖြစ်​ရသလဲ။ ယေဟောဝါ သင်ပေး​စေချင်​တဲ့​အတိုင်း ယေရှု သင်ပေး​လို့ပဲ။

“ကျွန်တော့်​ထမ်းပိုးကို ထမ်းပြီး ကျွန်တော့်ဆီကနေ သင်ယူ​ကြပါ။ ကျွန်တော်ဟာ နူးညံ့သိမ်မွေ့​ပြီး စိတ်နှိမ့်ချ​တ​ယ်။ ခင်ဗျား​တို့ လန်းဆန်းရလိမ့်မယ်။” —မဿဲ ၁၁:၂၉